Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
16 Sep 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 5,000
USD Sell - MMK 5,100
EUR Buy - MMK 5,330
EUR Sell - MMK 5,490
SGD Buy - MMK 3,705
SGD Sell - MMK 3,815
THB Buy - MMK 144.93
THB Sell - MMK 149.25
JPY Buy - MMK 34.20
JPY Sell - MMK 35.22
MYR Buy - MMK 1,110
MYR Sell - MMK 1,150
CNY Buy - MMK 678
CNY Sell - MMK 698
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,350,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,800,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
ခေါင်းအေးအေး ထားနိုင်ရင် ကမ္ဘာကြီးက အေးချမ်းတယ်
..............................................
ခေါင်းအေးအေး ထားပါ။ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်ရင် ကမ္ဘာလောကကြီးလည်း နေချင့်စဖွယ်ပေါ့။
ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်ဖြစ်တဲ့အခါ စိတ်အေးချမ်းမှု ခံစားလာရမယ်။
စိတ်ကို ပစ္စုပ္ပန်တည့်တည့် ရှုဖြစ်နေတဲ့အခါ စိတ်တည်ငြိမ်မှု ဖြစ်လာမယ်။
အတိတ်အကြောင်းလည်း တွေးပူမနေနဲ့။ ပြန်ပြင်လို့ မရတော့ဘူး။ လုပ်နိုင်တာလေး ပြန်လုပ်ပေးပေါ့။
အနာဂတ်အကြောင်းလည်း သိပ်တွေးပူမနေနဲ့။ မရောက်လာသေးဘူး။ သို့ပေမယ့် ဘယ်လိုအနာဂတ်မျိုး ကိုယ်လိုချင်တယ်ဆိုတာ ဂဃနဏ သိပြီး လိုတာတွေ ဖြည့်ဆည်း၊ ပြင်ဆင်၊ လေ့ကျင့်ထားပေါ့။ ကိုယ့်ဘက်က အကောင်းဆုံး လုပ်ဆောင်ထားဖို့ပဲ လိုတာလေ။
ခေါင်းပူပူ၊ သွေးပူပူနဲ့ အရင်က စဉ်းစားလုပ်ဆောင်ဖြစ်လို့ မှားခဲ့တဲ့ အမှားမျိုး၊ မေ့ခဲ့တဲ့ အဖြစ်အပျက်မျိုးက မိတ်ဆွေ ခေါင်းအေးအေးနဲ့ စဉ်းစားဆောင်ရွက်ချိန်မှာ ဖြစ်မှာ မဟုတ်တော့ဘူး။
ပြဿနာတွေ ရှိလာခဲ့ရင်လည်း အတွေးရှင်းရှင်း၊ ခေါင်းရှင်းရှင်းနဲ့ ဒီပြဿနာတွေကို စဉ်းစားရင် ဖြေရှင်းဖို့က လွယ်မှာပါ။
တစ်ခါတလေ ထူပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါမျိုး ကြုံဖူးမယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားလိုက်ရင် "ဒါလေးများ ... ကမ္ဘာအေးသွား" ဆိုသလို လွယ်လွယ် ဖြေရှင်းလို့ ရမှာ။
စိတ်ဖိစီးမှုတွေ လျှော့ပါ။ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းရင် အရာအားလုံး အဆင်ပြေသွားမယ်ဆိုတာ ယုံပါ။
စိတ်ဖိစီးလာရင် အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ရင်လုပ်ပေါ့။ နှာခေါင်းကနေ အသက်ပြင်းပြင်း ရှူသွင်းပြီး ပါးစပ်ကနေ လေပူတွေ မှုတ်ထုတ်ကြည့်။ သုံးလေးငါးခါလောက် အသက်ရှူလေ့ကျင့်ခန်း လုပ်ကြည့်။ ဒါလည်း စိတ်ဖိစီးမှု ပြေသွားနိုင်တာပဲ။
စိတ်ဖိစီးမှုများလာရင် တရားထိုင်တတ်သူက တရားထိုင်ပြီး စိတ်ဖိစီးမှု ဖြေဖျောက်ပေါ့။ ဘယ်ဘာသာဝင်မဆို တရားထိုင်တာ ကိုယ့်အတွက် ကောင်းတယ်လို့ အများ လက်ခံထားပြီးသားလေ။
စိတ်ဖိစီးမှုများလာရင် လုပ်လက်စအလုပ်ကို ခဏတာ လုံးဝ ရပ်တန့်ပြီး ၅ မိနစ်လောက် မြန်မြန်သွက်သွက် ခြေလှမ်းတွေ လှမ်းကြည့်။ ခန္ဓာကိုယ် သွေးလည်ပတ်မှု အားကောင်းသွားရင်လည်း Stress တွေ လျော့သွားနိုင်ပါသတဲ့။
စိတ်ဖိစီးမှုများလာရင် ကိုယ်အလုပ်လုပ်နေတဲ့ နေရာ (တစ်နည်းအားဖြင့် စိတ်ဖိစီးမှု များစေတဲ့ နေရာ) ကနေ ခဏလောက် ထပြီး ကိုယ်စိတ်ပျော်တဲ့ တစ်ခုခု ထလုပ်လိုက်ပေါ့။ ဒီလိုဆိုရင်လည်း စိတ်ဖိစီးမှုဒဏ်ကနေ သက်သာရာရစေမှာပါ။
စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ်ချစ်ခင်ယုံကြည်ရသူထံ ရင်ဖွင့်ပြပြီး အကြံဉာဏ်ကောင်းတွေ ယူရင် ယူကြည့်ပေါ့။ အနည်းဆုံးတော့ ရင်ထဲက သောကတွေ ဖယ်ခွာပြီး ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ရလာနိုင်မယ်လေ။
မိတ်ဆွေက ဂီတကို စီးမျောခံစားတတ်သူတွေဆိုရင် နားဝင်ပီယံ ဂီတသံလေးကို ငြိမ့်ငြိမ့်ညောင်းညောင်း ခံစား၊ မျက်လုံးလေး မှေးပြီး ခံစားကြည့်လိုက်ရင် စိတ်ဖိစီးမှု လျော့မှာပေါ့။
ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ဆောင်တတ်လာပြီဆိုရင် ကိုယ်တိုင်လည်း စိတ်အေးချမ်းရသလို တခြားသူတွေကိုလည်း စိတ်အေးချမ်းမှု ပေးနိုင်ပါတယ်။
ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ဆောင်တတ်လာပြီဆိုရင် ကိုယ့်အလုပ်လည်း ပိုတွင်လာမယ်။ အာရုံစူးစိုက်မှုလည်း အားကောင်းလာမယ်။ အဓိကနဲ့ သာမညကို ပိုပြီး ပိုင်းခြားဝေဖန်တတ်ပြီး ဦးစားပေးလုပ်ဆောင်စရာ၊ အရေးကြီးတာတွေကို ပိုလို့ အာရုံစိုက်လာနိုင်ပါမယ်။
ဒါကြောင့် ... ခေါင်းအေးအေး ထားပါ ချစ်မိတ်ဆွေ။
ခေါင်းအေးအေးနဲ့ ဖြေရှင်းရင် ကမ္ဘာလောကကြီးလည်း နေချင့်စဖွယ်ပေါ့။
ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ခဲ့သလို "အရှုပ်ထဲမှာ ရှင်းအောင်နေ"နိုင်ဖို့ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ဆောင်ကြတာပေါ့။
လေးစားမှုဖြင့်
ဇွဲသစ်(ရမ္မာမြေ)
12.9.2024 (Thursday)
crd