ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယာမယ်ကို ဂျီရိုနာနည်းပြ မစ်ချယ် ချီးကျူး
--------------------
ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စပိန်တောင်ပံကစားသမား ယာမယ် ကို ဂျီရိုနာနည်းပြ မစ်ချယ်က ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ယာမယ်ဟာ ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ဘာစီလိုနာအသင်းအတွက် သွင်းဂိုး(၂)ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။
ယာမယ်က ပွဲရလဒ် ကို ပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိသလို အသက်(၁၇)နှစ်အရွယ်မှာတင် အကောင်းဆုံးကစားသမား တွေထဲက တစ်ယောက်ဖြစ်နေပြီလို့ ဂျီရိုနာနည်းပြ မစ်ချယ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်း မှာ မက်ဆီလိုမျိုး အကောင်းဆုံးကစားသမားတစ်ယောက်ကို အခုနောက်ပိုင်းမှာ မမြင်တွေ့ခဲ့ရပေမယ့် ယာမယ် က မက်ဆီလိုဖြစ်လာနိုင်တယ်လို့လည်း နည်းပြမစ်ချယ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ယာမယ်ဟာ ဂျီရိုနာအသင်းကို (၄)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခုရာသီ လာလီဂါ(၅)ပွဲကစားပြီးချိန်မှာ (၃)ဂိုးသွင်းယူကာ (၄)ဂိုးအထိ ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။
- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...
- ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...
- သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...
- သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...
- တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...
- Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...
- ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...
- အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...
- ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...
- ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...
-လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး..
-စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ သလိပ်မဟပ်နှင့်..နှပ်မညှစ်နှင့်..နီတိထဲမှာ ဒါတွေပါတယ်..
ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...
အထာကျတယ်ဆိုတာ သူများကို
စိတ်အနှောက်အယှက်မပေးဘဲ
နေထိုင်တတ်တာကို ခေါ်တယ် ...
ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...
သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...
Credit