49 ပတ် - ဘာသာပြန်ပါ။

မနက်ဖြန်အတွက် ခန့်မှန်းချက်အနေနဲ့
ဒေါ်လာ ပြင်ပပေါက်ဈေး MMP ဈေးနှုန်းအရ 5100 မှ 5200 ကြားမှာ ရှိနေပြီး Binance Rate မှာတော့ 4980 ဝန်းကျင်မှာ ရှိနေပါတယ် ။
ဘတ်ဈေးအနေနဲ့ Ac to Ac 149 Ks မှာ ရှိနေပါတယ် ။

ရွှေဈေးအနေနဲ့ မနက်ဖြန်လည်း ၆၈ သိန်း ဝန်းကျင်မှာသာ ရှိနေပါလိမ့်မယ် ။
MMP က မဆွဲတင်ရင်ပေါ့နော်

၆၈ သိန်းထက် ကျော်လွန်ပါက မဝယ်သင့်ကြောင်း သတိပေးချင်ပါတယ် ။

49 ပတ် - ဘာသာပြန်ပါ။

ရည်းဇားလေးမှ ပို့ထားတဲ့စာကို ချက်ချင်းဝင်မကြည့်သောအခါ
Me : Nobody love me

image
49 ပတ် - ဘာသာပြန်ပါ။

ဘာပြဿနာနေနေအေဆေးး✌️

image
49 ပတ် - ဘာသာပြန်ပါ။

နှုတ်ခမ်းကွဲခြင်း နှုတ်ခမ်းခြောက်ခြင်းမဖြစ်စေရန်
=================

နှုတ်ခမ်းခြောက်သွေ့ခြင်းက ရေဓာတ်ခြောက်သွေ့တဲ့အခါ ၁၂ ရာသီပတ်လုံး ဖြစ်နိုင်တာမို့ အလွယ်တကူပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ဒေါက်တာဇီဝက က ပြောပြပေးလိုက်ပါတယ်နော်။

တစ်ခုတော့ရှိတယ် အချောလေးတို့ရေ . . . ဘယ်လောက်ပဲ ဒီလို နည်းလမ်းတွေ လုပ်လုပ် ရေဓာတ်ပြည့်ဝအောင် မသောက်ပေးဘူးဆိုရင် နှုတ်ခမ်းခြောက်သွေ့ အက်ကွဲခြင်းက ပြန်ပြန်ဖြစ်လာနိုင်ပါတယ်နော်။ ဒါဆို နည်းလမ်းလေးတွေကတော့ . . .

၁. အုန်းဆီလိမ်းပေးခြင်း
အုန်းဆီ၊ သံလွင်ဆီ၊ လက်ဖက်ကနေထုတ်တဲ့ဆီ (tea tree oil) တစ်မျိုးမျိုးကို တစ်စက် နှစ်စက်လောက် နှုတ်ခမ်းပေါ်အနှံ့လိမ်းပြီး ဖြန့်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် (သို့) သုံးကြိမ် ညအိပ်ရာမဝင်ခင် လိမ်းပေးရင် နှုတ်ခမ်းကွဲအက်တာတွေ ပျောက်သွားပါလိမ့်မယ်။

၂. ပျားရည်လိမ်းပေးခြင်း
ပျားရည် ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ပြီးလျှင် အလှဆီတစ်မျိုးမျိုးထပ်လိမ်းပေးပါ။ ပြီးလျှင် ၁၀ - ၁၅ မိနစ်လောက်ထားပြီးလျှင် တစ်ရှူးဖြစ်ဖြစ် အဝတ်စလေးနဲ့ဖြစ်ဖြစ် ပွတ်တိုက်ပြီး ဖျက်ပေးပါ။ တစ်နေ့ တစ်ကြိမ်လုပ်ပေးမယ်ဆို ထူးခြားတဲ့ ရလဒ်ရပါလိမ့်မယ်။

၃. နှင်းဆီပွင့်ဖတ်နဲ့ နွားနို့လိမ်းပေးခြင်း
နှင်းဆီပွင့်ချပ် (၅ - ၆ ချပ်)လေးတွေကို နွားနို့ (ခွက်ရဲ့ လေးပုံတစ်ပုံ) ထဲ ၂ -၃ နာရီလောက်စိမ်ထားပါ။ ပြီးလျှင် ပျော့ဖတ်ရအောင် ချေပေးပါ။ ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် အနှံ့လိမ်းပြီး မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးလျှင် ရေအေးအေးနဲ့ ဆေးချပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆို ဗီတာမင် အီးနဲ့ လက်တစ်အက်စ် ပြည့်ဝနေတာမို့ နှုတ်ခမ်းသားတွေက ခြောက်ကပ်နေတာမရှိပဲ သဘာဝအတိုင်း ပန်းရောင်လေးသန်းနေမှာပါ။

၄. သခွားသီးပွတ်လိမ်းပေးခြင်း
သခွားသီးစိတ်လေးတွေ နှုတ်ခမ်းမှာ မိနစ်အနည်းလောက်ပွတ်ပေးပါ။ ပြီးလျှင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ် လောက်လုပ်ပေးပါ။ ဒါဆို နှုတ်ခမ်းခြောက်သွေ့နေတာတွေ ပျောက်ကင်းပါလိမ့်မယ်။

၅. ရှားစောင်းလက်ပပ်လိမ်းပေးခြင်း
ရှားစောင်းလက်ပပ်အထဲက ဂျယ်လ် ကို ညအိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်လိမ်းပြီး အိပ်ပေးပါ။ ဒါဆို နှုတ်ခမ်ဒက ခြောက်သွေ့နေတဲ့ အလွှာတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားစိုပြေနေတဲ့အပြင် အေးမြတဲ့ ခံစားမှုကို ရပါလိမ့်မယ်။

၆. လက်ဖက်ခြောက်ထုပ်ကပ်ပေးခြင်း
လက်ဖက်ခြောက်ထုပ်လေးတွေ စိမ်ပြီး သောက်ပြီးတဲ့အခါ မလွှတ်ပစ်ပါနဲ့ဦး အကျိုးရှိပါသေးတယ်။ စိမ်ပြီးသား လက်ဖက်ခြောက်ထုပ်လေးတွေကို နှုတ်ခမ်းပေါ် မိနစ်အနည်းငယ်လောက် တင်ထားလိုက်ပါ။ သင့်နှုတ်ခမ်းကခြောက်သွေ့မှုတွေကို စုတ်ယူသွားပါလိမ့်မယ်။

၇. သကြားဖြင့် ပွတ်လိမ်းပေးခြင်း
သကြား အဖြူ (သို့) အညို တစ်ဇွန်းခန့်ကို သံလွင်ဆီ အနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရောပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ ပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးပေးပါ။ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် လုပ်ပေးပါ။ ဒါဆို နူးညံတဲ့ နှုတ်ခမ်းလေးရပါလိမ့်မယ်ဗျာ။

image
49 ပတ် - ဘာသာပြန်ပါ။

ရွှေနတ်တောင် ကာကွယ်တော အပိုင်း(၁)နှင့်(၂) သတ်မှတ်
-------------------------
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၃၃၀ ဧကရှိတဲ့ နယ်မြေ နဲ့ ဧရိယာအကျယ်အဝန်း ဧက ၃၀ ရှိတဲ့ နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁)နဲ့(၂)” အဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

အပူပိုင်းဒေသရဲ့ သဘာဝ တောကျန်တွေကို ထိန်းသိမ်းတာကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန် လျော့ နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကို ကာကွယ်ဖို့၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည် သာယာ လှပစေဖို့၊ သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေဖို့၊ မြေဆီလွှာ တိုက်စားမှုတွေ တားဆီး ကာကွယ် ရေးနဲ့ အပူပိုင်းသစ်တောတွေ ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွေ အဖြစ် ဖွဲ့စည်းသတ်မှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို သတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာအတွင်း ပေါက်ရောက်နေတဲ့ အပူပိုင်းဒေသရဲ့ ဒေသမျိုးရင်း သစ်မျိုး တွေဖြစ်တဲ့ သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ၊ နဘဲ စတဲ့ သစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ် ပါတယ်။ ဒေသခံပြည်သူတွေအတွက်လည်း လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါး နဲ့ အခြား အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းတွေ ပိုမိုရရှိနိုင်တာ၊ အရိပ်နဲ့ နားခိုရာ နေရာတွေ တိုးပွားလာစေတာအပြင် ခါ၊ ချိုး(ဂျိုး)၊ ငုံး၊ တောကြောင်၊ ယုန် စတဲ့ တိရစ္ဆာန်တွေ နေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ ရေတိုက်စားမှု၊ လေတိုက်စားမှုတွေကနေ တားဆီးကာကွယ်နိုင်တာ၊ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ မြေအောက်ရေ ထိန်းသိမ်းနိုင်တာ နဲ့ သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတု ပိုမို ကောင်းမွန်မျှတလာနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

ရှန်ဟိုင်းသို့ မုန်တိုင်းဘီဘင်ကာ ဝင်ရောက်
---------------------
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်အားပြင်း တိုင်ဖွန်း ဘီဘင်ကာ တနင်္လာနေ့က ဝင်ရောက်ခဲ့တဲ့အတွက် မြို့ခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ တိုင်ဖွန်း ဘီဘင်ကာဟာ ရှန်ဟိုင်း အရှေ့ပိုင်းက လင်းအန်မြို့သစ်ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တာလို့ တရုတ်မိုးလေဝသဌာနက ပြောပါတယ်။

အဲဒီ တိုင်ဖွန်းဟာ နှစ်ပေါင်း (၇၅)နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက် တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းလို့ လည်း တရုတ်အစိုးရ မီဒီယာက ပြောပါတယ်။ မုန်တိုင်းမဝင်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ တနင်္ဂနွေနေ့ ညနေ ပိုင်းမှာ ရှန်ဟိုင်း မြို့ပေါ်က လူ (၄)သိန်းကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ယန်စီမြစ်၀ပေါ်မှာရှိတဲ့ ချုံမင်ခရိုင်က လူ (၉၀၀၀)ကိုလည်း ထပ်မံ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တိုင်ဖွန်းကြောင့် လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပြီး ရှန်ဟိုင်းရဲ့ အဓိက လေဆိပ်ကြီးနှစ်ခုမှာ လေယာဉ်တွေကို မြေပြင်မှာ ရပ်နားထားခဲ့ရပါတယ်။ ရထားဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားခဲ့ရသလို အဝေးပြေးလမ်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။ အဲဒီမုန်တိုင်း ဘီဘင်ကာ ဟာ မုန်တိုင်းဗဟိုချက်မှာ တစ်နာရီ လေတိုက်နှုန်း (၉၄)မိုင်ရှိခဲ့ပြီး ကုန်းတွင်းပိုင်းကို တစ်ဖြည်းဖြည်းရွေ့လျားရင်း အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

ကရင်ပြည်နယ် ဘားအံမြို့ လှကမြင်ကွက်သစ်အနီး ထောင်ကလပ်ရွာက

ထောင်ကလပ်တောင်

ဘားအံမြို့က အရမ်းလှတဲ့ Secret Place လေးတစ်ခုပါ။ ဘားအံမြို့ထဲကနေလာရင် နောင်ပလိန်လမ်းကနေ ကော့ကသောင်ဂူဖက်သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။

တောင်ပေါ်တက်ပြီး တောင်ပေါ်ရှုခင်းလည်း ကြည့်ရှုခံစားလို့ ရသလို အခုလို မိုးရာသီမှာ တောပန်းလေးတွေနဲ့ ရေပြာကန်လေးကိုလည်း ထောင်ကလပ်တောင်ခြေမှာ တွေ့နိုင်ပါတယ် ခင်ဗျာ။

image
49 ပတ် - ဘာသာပြန်ပါ။

ကရင်ပြည်နယ် ဘားအံမြို့ လှကမြင်ကွက်သစ်အနီး ထောင်ကလပ်ရွာက

ထောင်ကလပ်တောင်

ဘားအံမြို့က အရမ်းလှတဲ့ Secret Place လေးတစ်ခုပါ။ ဘားအံမြို့ထဲကနေလာရင် နောင်ပလိန်လမ်းကနေ ကော့ကသောင်ဂူဖက်သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။

တောင်ပေါ်တက်ပြီး တောင်ပေါ်ရှုခင်းလည်း ကြည့်ရှုခံစားလို့ ရသလို အခုလို မိုးရာသီမှာ တောပန်းလေးတွေနဲ့ ရေပြာကန်လေးကိုလည်း ထောင်ကလပ်တောင်ခြေမှာ တွေ့နိုင်ပါတယ် ခင်ဗျာ။

image
49 ပတ် - ဘာသာပြန်ပါ။

ကရင်ပြည်နယ် ဘားအံမြို့ လှကမြင်ကွက်သစ်အနီး ထောင်ကလပ်ရွာက

ထောင်ကလပ်တောင်

ဘားအံမြို့က အရမ်းလှတဲ့ Secret Place လေးတစ်ခုပါ။ ဘားအံမြို့ထဲကနေလာရင် နောင်ပလိန်လမ်းကနေ ကော့ကသောင်ဂူဖက်သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။

တောင်ပေါ်တက်ပြီး တောင်ပေါ်ရှုခင်းလည်း ကြည့်ရှုခံစားလို့ ရသလို အခုလို မိုးရာသီမှာ တောပန်းလေးတွေနဲ့ ရေပြာကန်လေးကိုလည်း ထောင်ကလပ်တောင်ခြေမှာ တွေ့နိုင်ပါတယ် ခင်ဗျာ။

image
49 ပတ် - ဘာသာပြန်ပါ။

ကရင်ပြည်နယ် ဘားအံမြို့ လှကမြင်ကွက်သစ်အနီး ထောင်ကလပ်ရွာက

ထောင်ကလပ်တောင်

ဘားအံမြို့က အရမ်းလှတဲ့ Secret Place လေးတစ်ခုပါ။ ဘားအံမြို့ထဲကနေလာရင် နောင်ပလိန်လမ်းကနေ ကော့ကသောင်ဂူဖက်သွားတဲ့လမ်းပေါ်မှာ ရှိပါတယ်။

တောင်ပေါ်တက်ပြီး တောင်ပေါ်ရှုခင်းလည်း ကြည့်ရှုခံစားလို့ ရသလို အခုလို မိုးရာသီမှာ တောပန်းလေးတွေနဲ့ ရေပြာကန်လေးကိုလည်း ထောင်ကလပ်တောင်ခြေမှာ တွေ့နိုင်ပါတယ် ခင်ဗျာ။

image