48 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ် မှတ်တမ်းတစ်ခု ဟယ်ရီကိန်း တင်နိုင်ခဲ့
----------------------
စက်တင်ဘာလ(၁၇)ရက်နေ့က ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းနဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှတ်တမ်းတစ်ခုကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒိုင်နမိုဇာဂရက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ပွဲလုံးဖိအားပေးကစား နိုင်ခဲ့သလို ပွဲအပြီးမှာ (၉)ဂိုး၊ (၂)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

ဒီပွဲစဉ်မှာ တစ်ယောက်တည်း (၄)ဂိုး သွင်းယူနိုင်ခဲ့ တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး (၃၃)ဂိုး လည်း ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါက အင်္ဂလန် ကစားသမားတွေထဲ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးဖြစ်တဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ ဂိုး(၃၀)စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ် ကမှ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒိုင်နမိုဇာဂရက်အသင်း နဲ့ပွဲစဉ်မှာ (၄)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ပွဲပေါင်း(၅၀) ကစားထား ပြီးချိန်မှာ (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

"အန်းဒရစ်ခ်ဆိုတဲ့ကောင်က အရူးဗျ (ရယ်လျက်)၊ အဲဒီလိုနေရာကနေ ဘယ်သူမှ ဂိုးသွင်းဖို့မကြိုးစားဘူးလေ"

ရိုဒရိုင်ဂိုကတော့ အသင်းဖော်ကို ပျစ်ပျစ်နှစ်နှစ်ကြီးပြောပြီး စနောက်လိုက်ပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ စတုဂတ်နဲ့ပွဲမှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲလာပြီးနောက် အန်းဒရစ်ခ်ကန်သွင်းခဲ့တဲ့ နေရာက တော်တော်လေးဝေးပါတယ်။

ဂိုးရသွားခဲ့တာကလည်း ဂိုးသမားကာကွယ်ပုံအားနည်းခဲ့တာလည်း ပါမယ်လို့ ပြောလို့ရပါတယ်။ ကံကောင်းစွာနဲ့ သူ ဂိုးရခဲ့ပြီး ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

သူငယ်ချင်းနှစ်ယောက် မုန့်ဝယ်စားဖို့ တိုင်ပင်ကြသောအခါ 🥲

image
49 ပတ် - ဘာသာပြန်ပါ။

ငယ်တုန်းကအချိန်လေးတွေသတိရမိ။

အဖေအလုပ်ကပြန်လာချိန်ဆိုမိသားစုအတွက် တစ်ခုမဟုတ် တစ်ခုဝယ်လာပေးတတ်တယ်။

မိသားစုလေးတွေစုပြီး ရယ်မောရင်းခေါက်ဆွဲကြော်လေးလုစားကြပေါ့။

အခုကိုယ်အသက်အရွယ်ရလာတော့ အိမ်ပြန်ရင် မိသားစုအတွက် မုန့်လေးအမြဲသတိတရဝယ်ဖြစ်တယ်။

အချိန်တွေကမြန်လိုက်တာဗျာ။🖤

တန်ဖိုးမကြီးပေမဲ့မိသားစုရဲ့နွေးထွေးတဲ့အငွေ့အသက်လေးကဘာနဲ့မှလဲလို့မရ။ 🖤🥰

#crd_to_owner_with_respect

image
49 ပတ် - ဘာသာပြန်ပါ။

ငါးရံအူဟင်း

ငါးရံအူက မချက်တတ်လျှင် ညှီပြီး စားမကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးရံ့အူကို ဒီနည်းအတိုင်း ချက်စားကြည့်နော်။ တကယ်စားကောင်းပါတယ်။

ညှီစော်မနံဘဲ အရသာရှိတဲ့ ငါးရံ့အူမွှေးမွှေး ချက်မယ်နော်။ တကယ်တော့ ငါးရံ့အူက အလွန်လက်ဝင်ပါတယ်။ အူတွေကို သွားကြားထိုးတံနဲ့ခွဲလို့ အဝါရောင်၊ အမည်းရောင်တွေပါလျှင် ဆက်ခွဲပြီး သေချာဆေးရပါတယ်။ နို့နှစ်ရောင်အနှစ်လေးတွေပါတဲ့

အူဆိုလျှင် ခွဲစရာမလိုပါဘူး။ အဲဒါက ဝက်အူချိုလို အူမျိုးပါ။ အလွန်ဆိမ့်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးရံ့အူ- ၂၅ ကျပ်သား

ငရုတ်ပွ- ၆၊ ၅ တောင့်

ချင်း- လက်တစ်ဆစ်

ကြက်သွန်ဖြူဗမာဥ- ၁ လုံး

ဆီ- ၅ ကျပ်သား

နနွင်းမှုန့်- အနည်းငယ်

ငံပြာရည်- သင့်ရုံ

ဆား- အနည်းငယ်

သကြား- အနည်းငယ်

ပျဉ်းတော်သိမ်- ဆီသတ်ရွက် တစ်ခက်

ရှလကာရည်- စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အစာအိမ်ကို ကတ်ကြေးနဲ့ခွဲပြီး ရေနှင့် သေချာဆေးပါ။ ရေနွေးအိုးတည်ပြီး ဆူလာလျှင် ဆား၊

အရသာ၊ သကြားအနည်းငယ်နှင့် ရှလကာရည် ထည့်၍ ငါးရံ့အူကို ထည့်ပြုတ်ပါ။ ၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ရေသွန်၍ ရေအေးနဲ့ တစ်ထပ်လောက် ပြန်ဆေးပြီးလျှင် ချက်လို့ရပါပြီ။ ငါးရံ့အူချက်လျှင် ကြက်သွန်နီ မသုံးပါဘူး။ ညှီစော်နံတတ်ပါတယ်။ ချင်းနှင့် ငရုတ်သီးကို ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူကို ကွဲရုံထောင်း၍ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငံပြာရည်ပေါက်ပါ။ ငါးရံ့အူထည့်ပါ။ ပျဉ်းတော်သိမ်ရွက်ထည့်ပြီး အိုးမကပ်အောင် အသာလေး အပေါ်အောက်လှန်နေရင်း အရသာထည့်ပါ။ ထပ်ထပ်လေးဖြစ်လာလျှင် ရေနွေးလောင်းပြီး အဖုံးအုပ်တည်ပါ။ ၂ ရေလောက်တော့ ချက်ပါ။ ငါးရံ့အူက ပျဉ်းတော်သိမ်ရွက် ခတ်တာနဲ့ အလွန်လိုက်ဖက်ပါတယ်။ မွှေးပြီး အညှီနံ့လည်း ပျောက်ပြီးတော့ စားလို့ လည်း ကောင်းပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၁၈-၉-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

image
49 ပတ် - ဘာသာပြန်ပါ။

နေပါအုန်း စကားဆုံးအောင်ပြောအုန်းမယ်လေ😒

image
49 ပတ် - ဘာသာပြန်ပါ။

အဲ့ဒါငါပဲ🤣🤣🤣

image
49 ပတ် - ဘာသာပြန်ပါ။

✅မနက်ဘာမှမစားခင်
ရေနွေးထဲသံပုရာရည်ညစ်ထည့် ပျားရည်၂ဇွန်းထည့်ပြီး တစ်ရက်ခြားတစ်ခါသောက်ပေးခြင်းကလည်း အဆီတွေကျစေနိုင်ပါတယ်နော် ✅
ကိုယ်တူမ‌ေလးနဲ့ ကိုယ်တိုင်စမ်းသပ်ကြည့်တဲ့ရလာဒ်ပါရှင့်

image
49 ပတ် - ဘာသာပြန်ပါ။

Shogun စီးရီးအောင်မြင်မှုနှင့်အတူ ဂျပန်ဓားခုတ်နည်းလေ့လာသူတိုးမြင့်
--------------------------
တိုကျိုမြို့လယ်မှာ လူတွေကို ဂျပန်ဓားခုတ်နည်းသင်ပေးတဲ့ အလုပ်ရုံတစ်ခုမှာ ဆာမူရိုင်းတွေရဲ့ စစ်မှန်တဲ့ အတွေ့ အကြုံကို ရှာဖွေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တိုးမြင့်လာနေပါတယ်။ သင်တန်းကို တိုကျိုဆာမူရိုင်းဇာတ်ရုံလို့ ခေါ်တဲ့ ဒိုဂျို ကာဇူကို မစ်ဆူအီ နေရာမှာ ဖွင့်လှစ်ထားတာပါ။ သင်တန်းသားတွေဟာ ရက်ထားတဲ့ကျူဖျာတွေကို ဂျပန်ဓားအစစ်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ဓားတစ်ချောင်းရဲ့အလေးချိန်နဲ့ ဓားကို ဘယ်လို ကိုင်တွယ်ရမလဲ၊ ပြိုင်ဘက်ကို ဘယ်လိုခုတ်ရမလဲဆိုတာ သိလာတယ်လို့ ပါဝင်လေ့ကျင့်ခဲ့တဲ ဒတ်ခ်ျ အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။ ဆာမူရိုင်းတွေနဲ့ ခေတ်ပြိုင် စစ်သူကြီးတွေအကြောင်း ဂျပန်ဒရာမာစီးရီး “Shogun” (ရှိုူဂွန်)ဟာလည်း ထူးခြားစွာပဲ ဒရာမာ တစ်ရာသီအတွက် အကောင်းဆုံး အမ်မီဆု ၁၈ ဆု ရခဲ့ပါတယ်။ ဂျပန် အင်ပါယာခေတ်နောက်ခံ ဇာတ်လမ်းတွဲဟာ အကောင်းဆုံးဒရာမာဆုနဲ့ ခေါင်းဆောင်မင်းသား ဟီရိုယူကီ ဆာနာဒါနဲ့ အန်နာ ဆာဝါအီတို့အတွက် အကောင်း ဆုံးသရုပ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။

သရုပ်ဆောင်တွေနဲ့ စီးရီးကြောင့် ဂျပန်ရှေးဟောင်းယဉ်ကျေးမှုဟာ ယနေ့ခေတ်မှာ အသက်ဝင်လာပြီး ကမ္ဘာ တစ် ဝန်းကလူတွေ တီဗီစီးရီးရဲ့ ဇာစ်မြစ်အကြောင်း လေ့လာကြတဲ့အတွက် ဝမ်းသာမိတယ်လို့ ဂျပန်ဓားခုတ်ဆရာ ဂန်းဆိုင်း ကာမီဒဲ က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဓားခုတ်နည်းလေ့လာသူ ရာခိုင်နှုန်း ၁၅၀ ကနေ ၂၀၀ အထိ တိုးလာပြီး တီဗီစီးရီးရဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

image