1 နှစ် - ဘာသာပြန်ပါ။

Set-up Ideas 💡

image
1 နှစ် - ဘာသာပြန်ပါ။

Set-up Ideas 💡

image
1 နှစ် - ဘာသာပြန်ပါ။

Set-up Ideas 💡

image
1 နှစ် - ဘာသာပြန်ပါ။

Set-up Ideas 💡

image
1 နှစ် - ဘာသာပြန်ပါ။

Set-up Ideas 💡

imageimage
+5

"နိုင်ငံတွင်း အနောက်နိုင်ငံတပ်တွေ ချထားရေး လမ်းဖွင့်ထား"ဟု ယူကရိန်းသမ္မတပြော

ဒီဇင်ဘာ ၁၀

ရုရှား နဲ့ စစ်ကို အဆုံးသတ်ဖို့ ယူကရိန်း လုံခြုံရေးအတွက် အနောက်နိုင်ငံတပ်တွေ တိုင်းပြည်မှာ ချထားနိုင်အောင် ဖွင့်ထားပါတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က တနင်္လာနေ့က ပြောလိုက်ပါတယ်။ ဒီလို ချထားတာဟာ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် အဖွဲ့ နေတိုးကို ယူကရိန်းဝင်နိုင်ဖို့ အဆင့်တဆင့် ဖြစ်လိမ့်မယ်လို့ ဇယ်လင်န်စကီးက တယ်လီဂရမ် လူမှုစာမျက်နှာမှာ ရေးပါတယ်။

အဲဒီလို မချထားမီမှာ ဥရောပ သမဂ္ဂနဲ့ နေတိုး ကို ယူကရိန်း ဝင်ခွင့်ရမယ့် အချိန် ရှင်းရှင်းလင်းလင်း နားလည်မှုရှိရပါမယ်လို့ ဇယ်လင်န်စကီးက ဆိုပါတယ်။ သမ္မတ ဇယ်လင်န်စကီး ဟာ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ပါရီမှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်း နေတိုးဝင်ခွင့်ရရေးအတွက် တာဝန်ကုန်ဆုံးတော့မယ့် သမ္မတ ဂျိုးဘိုင်ဒင်န်ကို ချဥ်းကပ်မယ်လို့ ဇယ်လင်န်စကီး က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်မှာ ဆုံးဖြတ်ပိုင်တဲ့ ဥပဒေအခွင့်အရေး မရှိသေးလို့ ဖြစ်ပါတယ်လို့ သူက အကြောင်းပြပါတယ်။

ဇယ်လင်န်စကီးက အပစ်ရပ်စဲရေးကို လိုလားကြောင်း၊ ငြိမ်းချမ်းရေး ရလိုကြောင်း ဒါပေမဲ့ အသေးစိတ်ကိုတော့ သူတို့ မပြောခဲ့ကြကြောင်း ထရမ့်က တနင်္ဂနွေနေ့ထုတ် နယူးယောက်ပို့စ် သတင်းစာကို ပြောကြားပါတယ်။ ပူတင်ရဲ့ တပ်တွေက ယူကရိန်းမှာ အကြီးအကျယ် ဆုံးရှုံးနေတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ စစ်ကို ဘယ်လို အဆုံးသတ်ရမလဲ ဆိုတဲ့ သဘောကို သူ စဥ်းစားနေကြောင်းလည်း ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်း နေတိုး ဝင်ဖို့နဲ့ ယူကရိန်း မြေပေါ်မှာ အနောက်နိုင်ငံတပ်တွေ ချထားရေးဟာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲနေတဲ့ အကြောင်းဖြစ်ပါတယ်။

📸 ယူကရိန်း သမ္မတ Volodymyr Zelenskyy

Credit - Voice of American

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

BLACKPINK အဖွဲ့ဝင် ရိုဇေး တကိုယ်တော် တေးအယ်ဘယ်လ်ထွက်

ဒီဇငိဘာ ၁၀

ကမ္ဘာကျော်အောင်မြင်တဲ့ ကိုရီးယားကေပေါ့ K-pop အဖွဲ့ BLACKPINK အဖွဲ့ထဲက Rose ရိုဇေးက ပရိသတ်တွေ မျှော်နေတဲ့ သူ့ရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် "Rosie" ကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်လိုက်ပြီး "toxic till the end" ဆိုတဲ့ ဂီတဗီဒီယိုပါ ထွက်လာပါတယ်။

"Rosie" တေးအယ်လ်ဘမ်မှာ သီချင်း ၁၂ ပုဒ် ပါဝင်ပြီး အဓိက သီချင်းတွေဖြစ်တဲ့ "Number One Girl" နဲ့ အဆိုတော် Bruno Mars ဘရူနို မားစ်နဲ့ တွဲဆိုထားတဲ့ "APT" တို့လည်း ပါဝင်ပါတယ်။ "APT" သီချင်းဟာ ကိုရီးယား အမျိုးသမီး တကိုယ်တော် အဆိုတော်တွေထဲမှာ အမေရိကန် ဘေးလ်ဘုတ် ထိပ်တန်း ၁၀၀ စာရင်းမှာ နံပတ် ၈ နဲ့ အမြင့်ဆုံး ရောက်တဲ့ သီချင်းဖြစ်ပြီး ဗြိတိန်အကောင်းဆုံး တေးသီချင်းစာရင်းမှာလည်း နံပတ် ၂ အထိ ရောက်ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ရိုဇေးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ Atlantic Records တေးသံသွင်းနဲ့ တစ်ကိုယ်တော် တေးသီချင်းထုတ်ဖို့ သဘောတူစာချုပ် ချုပ်ခဲ့ပြီး၊ ဇွန်လမှာတော့ တောင်ကိုရီးယား ဖျော်ဖြေရေးနဲ့ တေးသံသွင်းကုမ္ပဏီ YG Entertainment ရဲ့ လက်အောက်ခံ The Black Label နဲ့ တစ်ကိုယ်တော် အနုပညာအလုပ်တွေကို စီမံခန့်ခွဲပေးဖို့ သဘောတူလက်မှတ်ထိုးခဲ့တာပါ။

BLACKPINK အဖွဲ့ဟာ လက်ရှိမှာ ကမ္ဘာ့အအောင်မြင်ဆုံး အမျိုးသမီးတေးဂီတအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ အမျိုးသမီးလေး ၄ ဦးတွဲ သူတို့အဖွဲ့က Coachella နဲ့ British Summer Time ပွဲတော်တွေမှာ ဖျော်ဖြေရတဲ့ ပထမဆုံး ကေပေါ့အဖွဲ့ ဖြစ်သလို၊ MTV ဂီတဗွီဒီယိုဆု ရရှိခဲ့တဲ့ ပထမဆုံး ကေပေါ့ အမျိုးသမီး အဖွဲ့လည်း ဖြစ်ပါတယ်။

ဂီတနဲ့ အနုပညာလုပ်ငန်းတွေအပြင်မှာလည်း နယူးဇီလန်နိုင်ငံသူ ကိုရီးယားအမျိုးသမီးလေး ရိုဇေးဟာ Yves Saint Laurent ဖက်ရှင်တံဆိပ် Puma အားကစားဖက်ရှင် နဲ့ Tiffany စိန်တိုက် တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန် တဦးလည်း ဖြစ်ပါတယ်။

📸 BLACKPINK အဖွဲ့ဝင် Rose နဲ့ သီချင်းခွေအသစ်ကာဗာပုံ

#centralnewsnaypyitaw

image
image
image
image

တောင်ကြီးတွင် ဒဏ်ရာမရှိဘဲ ပုပ်ပွပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ ၈၊ သန္တာလမ်းသွယ်လမ်းဘေးရှိ မြေကွက် အလွတ်အတွင်း၌ ခြုံပုတ်ထဲတွင် ဒဏ်ရာမရှိဘဲပုပ်ပွပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်း တွေ့ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျောင်းကြီးစုရပ်ကွက်ရှိ ပြည်သူများမှ အပုပ်နံ့ရရှိသောကြောင့် လိုက်လံရှာဖွေရာ တွင် ခြုံပုပ်ထဲတွင် ပုပ်ပွပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရပ်ကွက်နေပြည် သူများထံမှ သိရသည်။

ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများရောက်ရှိပြီး ပုပ်ပွပြီးသေဆုံးနေသည့် အမျိုးသား၏ ခန္တာကိုယ်အား စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိကြောင်း၊ ရုပ်အလောင်းကို စဝ်စံဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image

မြန်မာမှ အလုပ်သမားခေါ်ယူရန် ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှု အကျုံးမဝင်ဟုဆို

ဒီဇင်ဘာ ၁၀

ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများခေါ်ယူရန် အလုပ်ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှုများသည် အကျုံးဝင်မှုမရှိကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သိူ့ ကြိုတင်ပေးပို့ခြင်းများသည် အကျုံးဝင်မှုမရှိကြောင်းနှင့် ယခုထုတ်ပြန်ချက်တွင်ပါရှိသော ကြေညာချက် အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်းအထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

သိန္နီ-ကွမ်းလုံ လမ်းပိုင်းတွင် MNDAA အဖွဲ့၏ လက်နက်ခဲယမ်း တင်လာသည့်ကား ပေါက်ကွဲမှုဖြစ်ပြီး (၃)ဦးနှင့် အရပ်သား (၂)ဦး သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီ-ကွမ်းလုံ လမ်းပိုင်းတွင် MNDAA အဖွဲ့၏ လက်နက်ခဲယမ်း တင်ဆောင်လာသည့်ကား ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး MNDAA အဖွဲ့ဝင် (၃)ဦးနှင့် အနီးရှိ အရပ်သားပြည်သူ (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာ (၈)ရက် နေ့လယ် (၁၂)နာရီဝန်းကျင်က လားရှိုးမြို့မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် MNDAA အဖွဲ့ဝင်များ၏ကားသည် သိန္နီမြို့နယ် နားတီးကျေးရွာတွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် MNDAA အဖွဲ့ဝင် (၃)ဦး သေဆုံးသွားပြီး အနီးရှိ အမျိုးသား (၂)ဦးလည်း သေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းနောက် လက်နက်ခဲယမ်းများ ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက်ပိုင်း MNDAA အဖွဲ့ဝင်များက ကွမ်းလုံနှင့် သိန္နီကြား သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

#centralnewsnaypyitaw

image