34 ပတ် - ဘာသာပြန်ပါ။

အပေါင်းအသင်းတွေစုကာရယ် 🍻

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

image
34 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶✨

imageimage
+5
34 ပတ် - ဘာသာပြန်ပါ။

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော်မှ ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံမှ သဘာဝဘေး ထိခိုက်ခံစားရသူများထံ လှူဒါန်းသွားမည်

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ၂၀၂၄ (IKEBANA International Fair 2024) အား ဒီဇင်ဘာ (၁၀) ရက်က တိုကျိုမြို့ရှိ Royal Park Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ပြခန်းတစ်ခန်းဖွင့်လှစ်၍ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ငွေထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုး လက်မှုအသုံးအဆောင်များ၊ မြန်မာ့သစ်ဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ပိုးနှင့် ချည်ထည် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့သစ် သားအား ဂျပန်နည်းပညာ အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသ ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ သဘာဝအလှအပများ၊ခရီးသွားလုပ်ငန်း သတင်းအချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း လာရောက်ကြည့်ရှု့သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲသည် အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် နာယကလည်းဖြစ်သော ဂျပန်တော်ဝင်မိသားစုဝင် မင်းသမီး Takamado ၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် ပွဲဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်၏ဇနီး Mrs. Yoshiko Ishiba ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်၏ ဇနီး Mrs. Yuko Hayashi ၊ တိုကျိုမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ ဂျပန်နိုင်ငံသားများ အပြင် စိတ်ပါဝင်စားသူ အများအပြား လာရောက်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ၊ အဖွဲ့အစည်းများအပြင် အာရှ၊ ဥ‌ရောပ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း နှင့် တောင်အမေရိကဒေသနိုင်ငံများရှိ သံရုံးများမှ ပြခန်းများနှင့် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များ၊ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများအား ပါဝင်ပြသ ရောင်းချခဲ့ကြကြောင်း သိရသည်။

image