Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Online Sale လုပ်ငန်းတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းမှတ်ပုံတင် ထုတ်ပေးတော့မယ်
ဒီဇင်ဘာ ၁၀
Online Sale လုပ်ငန်းတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲ့ဒီလို ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်း လက်မှတ်ထုတ်ပေးမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင် လုပ်ဆောင် သွားမှာလို့ ဆိုပါတယ်။
စားသုံး သူတွေကို အကာအကွယ် ပေးဖို့နဲ့ e-Commerce လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီး ကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားတာ ကိုတွေ့ရပါတယ်။
e-Commerce Registration စနစ်နဲ့ အွန်လိုင်းကနေ စျေးရောင်းချဖို့ လျှောက်လွှာ တွေနဲ့ လုပ်ငန်း သက်တမ်းတိုးတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးပြီး လက်မှတ် ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။
#centralnewsnaypyitaw