Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ ခေါ်ယူနေ
ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် လုပ်ငန်းအားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်(တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့) မှစ၍ ရုံးချိန်အတွင်း ဂေါပကအဖွဲ့ရုံး လျှပ်စစ်နှင့် ရေသန့်ဌာနတွင် ဝယ်ယူပြီး ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ ဈေးပြိုင် (တင်ဒါ) တင်သွင်းနိုင်ကြောင်း ကြော်ငြာထားသည်။
ထို့ပြင် အသေးစိတ်အချက်အလက်များကို လျှပ်စစ်နှင့်ရေသန့်ဌာနရုံးခန်းတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။
Nandi Chit
Delete Comment
Are you sure that you want to delete this comment ?