ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ နာနီ အနားယူ

ဒီဇင်ဘာ ၁၀

ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီတောင်ပံ ကစားသမားဟောင်း နာနီဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ နာနီဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ် မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

နာနီဟာ ၂၀၁၄ ခုနှစ်မှာ စပို့တင်းလစ္စဘွန်း အသင်းထံ အငှားနဲ့ ပြန်ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဖီနာဘာချီအသင်း ထံ အပြီးသ-တ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

နာနီဟာ သူ့ရဲ့ ၁၉ နှစ်ကြာ ကစားသမားဘဝမှာ အသင်းပေါင်း ၁၀ သင်းကစားခဲ့ပြီး ဒီအထဲမှာ အမေရိကန်နဲ့ သြစတြေးလျလိဂ် ကလပ်တွေလည်း ပါဝင်ခဲ့တာပါ။

နာနီဟာ ၂၀၂၄ ခုနှစ်အစပိုင်းမှာ သူ့ရဲ့မွေးရပ်မြေကလပ် အက်စ်ထရီလာအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၀ ပွဲ ပါဝင်ကစားကာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။

နာနီဟာ နိုဝင်ဘာ ၁ ရက်က စပို့တင်းလစ္စဘွန်း အသင်းနဲ့ပွဲစဉ်မှာ အက်စ်ထရီလာ အသင်းအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် ပါဝင် ကစားပေးခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာ ခဲ့တာပါ။

နာနီက “လူတိုင်းသိတဲ့အတိုင်း အရာအားလုံးက ပြီးဆုံးသွားပါပြီ။ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ယူ ခဲ့ရပါတယ်။ နှုတ်ဆက်ရမယ့် အချိန်ကို ရောက်လာပါပြီ၊ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးအနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသ-တ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ရည်မှန်းချက် အသစ်တွေနဲ့ အိပ်မက်တွေကို အာရုံစိုက် ရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာနီဟာ ကစားသမားဘဝ တလျှောက် နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ပြီး ဂိုးပေါင်း ၁၅၀ ကျော် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - နာနီကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

အာဆီယံချန်ပီယံရှစ် အဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှားကို မြန်မာရှုံး

ဒီဇင်ဘာ ၉

၂၀၂၄ အာဆီယံချန်ပီယံရှစ် အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ ကစားခဲ့တာမှာ အင်ဒိုနီးရှား အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မြန်မာအသင်းဟာ ဂိုးပေါက်တည့်မှု ၃ ကြိမ်အထိရှိခဲ့ပြီး အင်ဒိုနီးရှားအသင်းက တစ်ကြိမ်မှ မရှိခဲ့ဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အင်ဒိုနီးရှားအသင်းဟာ အပြောင်းအလဲ တွေလုပ်ပြီး မြန်မာအသင်းကို တောက်လျှောက် တိုက်စစ်ဆင်နေတာကြောင့် ပွဲချိန် ၇၆ မိနစ်မှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက်မှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အင်ဒိုနီးရှားအသင်းရဲ့ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲခဲ့တာကြောင့် သွင်းဂိုး မရရှိခဲ့တာပါ။

အင်ဒိုနီးရှားအသင်းကတော့ ဦးဆောင်ဂိုး ရရှိအပြီးမှာ ပွဲကို အကောင်းဆုံး ထိန်းချုပ်ကာ အဖွင့်ပွဲစဉ်မှာ ၃ မှတ် ရရှိသွားခဲ့ပါတယ်။

အုပ်စုဒုတိယပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၁၂ ရက်မှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်းပွဲစဉ်၊ အင်ဒိုနီးရှား အသင်းက လာအိုအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဒီဇင်ဘာ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image

image
2 yrs - Translate

တစ်ထုပ်မှ တစ်ရာတည်းအဝ sar :3

image
2 yrs - Translate

ဟာ😞

image
2 yrs - Translate

Tulips 🌷

image
2 yrs - Translate

Tulips 🌷

image