video
မိန်းမတစ်ယောက်ဟာ ဇနီးနဲ့အမေ မဖြစ်ခင်မှာ ကိုယ့်ကိုကိုယ်အရင် ရှာတွေ့ဖို့ လိုအပ်ပါတယ် 🌹🌺❤️

#crd

2 yrs - Translate

မြန်မာမှ အလုပ်သမားခေါ်ယူရန် ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှု အကျုံးမဝင်ဟုဆို

ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများခေါ်ယူရန် အလုပ်ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှုများသည် အကျုံးဝင်မှုမရှိကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သိူ့ ကြိုတင်ပေးပို့ခြင်းများသည် အကျုံးဝင်မှုမရှိကြောင်းနှင့် ယခုထုတ်ပြန်ချက်တွင်ပါရှိသော ကြေညာချက် အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်းအထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် အချက်အလက်များ ကြိုတင်ပေး ပို့ထားသည့် ကုမ္ပဏီများ အနေဖြင့် Labour Section၊ Myanmar Embassy,Tokyo နှင့် 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001သို့ လိပ်မူ၍ အချက်အလက်များကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ပေးရမည် ဖြစ်ကြောင်း သိရသည်။

image
2 yrs - Translate

Hehe 😁

image
2 yrs - Translate

AFF Mitsubishi Electric Cup 2024
အင်‌ဒို-မြန်မာ ယှဥ်ပြိုင်ကစားမှု အင်ဒို တစ်ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

ယနေ့ ဒီဇင်ဘာ (၉)ရက် ည(၇)နာရီအချိန်၌ AFF Mitsubishi Electric Cup 2024ပြိုင်ပွဲကို အင်‌ဒို-မြန်မာ ယှဥ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းက တစ်ဂိုးသွင်းယူ၍အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်အပြီး နှစ်ဘက်အသင်းဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် အင်ဒိုက တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း ကစားသမားပွဲထွက်စာရင်းတွင် ဟိန်းဖြိုးဝင်း ၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊ မောင်မောင်လွင်၊ ဝေလင်းအောင်၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင်တို့ ကစားခဲ့ကြသည်။

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် အင်ဒိုနီရှားအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေသည့်ဥရောပအခြေစိုက် ကစားသမားတချို့ပါဝင်လာပြီး၊ ယင်းအနက် အင်ဒိုနီးရှားလက်ရွေးစင်အသင်းကြီးရှိ ဝါရင့် ကစားသမား (၇) ဦးအထိပါဝင်နေသည်။

ပြိုင်ပွဲအတွင်းထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ကမ္ဘော ဒီးယား၊ လာအိုနှင့် တီမောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

image

ရှေးခေတ် က ဒိတ်ဒိတ်ကြဲများ
အမှတ်တရ များစွာ နဲ့ ...
ရှာပါး အဖိုးတန် ဓာတ်ပုံဟောင်းလေးပါ ။
ရှေ့ --- ဝဲ မှ ယာ
စံရှားတင် ၊ ဝါဝါဝင်းရွှေ ၊ ခင်ယုမေ ၊ ခင်သန်းနု ၊
မြင့်မြင့်ခင် ၊ တင်တင်ညို ၊ရှုမဝ စန်းစန်းအေး ၊
ထားထားနွယ် ( တင်တင်ညို ရဲ့ အစ်မ ) ။
နောက် --- ဝဲ မှ ယာ
မောင်ယဥ်ထွေး ( ရှုမဝ စန်းစန်းအေး ယောကျ်ား ) ၊
ကောလိပ်ဂျင်နေဝင်း ၊ ဦးထွန်းဝေ ၊ မြတ်လေး ၊
ကျော်ဆွေ ၊ တွံတေး သိန်းတန် ။
Photo -- credit
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
#crd-photo

image
2 yrs - Translate

အချိန်မနှောင်းခင် စဉ်းစားကြစေလို 😌😂🤣……

image
2 yrs - Translate

Far From Satisfied! Joshua Van Continues His Octagon Resurgence! ? #UFC310
Joshua Van ရဲ့ UFC 310 ပွဲ Highlight လေးပါ

ပဲစောင်းလျားသီးသုပ်

ကြက်သွန်နီ
ပဲစောင်းလျားသီးပြုတ်
ပုစွန်ခြောက်
ခရမ်းချဥ်သီး
ဆီချက်
ငရုတ်သီးမှုန့်
ဆား
အချိုမှုန့်/ကြက်သားမှုန့်
ပဲမှုန့်

image
2 yrs - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၁၀ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၇၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၉ ကျပ်
ဝယ်ဈေး - ၂၈.၇၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၅၈ ကျပ်
ဝယ်ဈေး - ၅၁.၂၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၀ ကျပ်
ဝယ်ဈေး - ၂၇၈၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၀ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

2 yrs - Translate

စတော်ဘယ်ရီခင်းထဲမှာ တစ်ဝကြီးထိုင်စားချင်တဲ့ အိမ်မက်လေးတစ်ခုရှိတယ်...🤤🍓

image