ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ပစ်ခတ်ဖမ်းဆီး
ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ မြို့မဈေးမှာ ဒီဇင်ဘာလ ၇ရက်၊ မနက်ပိုင်းအချိန်က ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နှစ်ယောက်ဖမ်းမိပြီး တယောက်လွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ သုံးယောက်ကို ဒေသခံတွေက မသင်္ကာတဲ့အတွက် ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ရာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“တဆိုင်ဝင်၊ တဆိုင်ထွက်လုပ်ပြီး သွားနေတော့ မသင်္ကာတာနဲ့ ရဲကို ဖုန်းဆက်တိုင်လိုက်တာပါ။ အဓိကက ရွှေဆိုင်တွေကို ဓားပြတိုက်ဖို့ ကြံစည်ထားတာ ထင်တယ်။ ရွှေဆိုင်တွေကို တဆိုင်ပြီးတဆိုင် လိုက်ဝင်ထွက်ပြီး အခြေအနေကြည့်နေတာ။ ဒါနဲ့ပဲ ရဲကဖမ်းတော့ မဖမ်းမခံဘဲ ထွက်ပြေးတာနဲ့ သေနတ်နဲ့ ပစ်ဖောက်ဖမ်းတော့ တဈေးလုံး လန့်ကုန်ကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်လာတဲ့အချိန်မှာ အဲဒီအမျိုးသား ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်း တဦးက ရဲတပ်ဖွဲ့ကို ဓားနဲ့ပြန်လည်ခုခံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ငါးချက်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နှစ်ဖမ်းမိပေမယ့် တယောက်ကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
နမ့်စန်မြို့မှာ အခု ၂၀၂၄ခုနှစ်အတွင်း ဖုန်းဆိုင်နဲ့ ရွှေဆိုင်တွေ ဓားပြတိုက်ခံရမှု ၈ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ခံရသူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ဓားပြတိုက်သွားသူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
Credit - VOM News Agency
Free Certificate လည်းရ၊ English စာစွမ်းရည်ကို အရေး၊ အဖတ်၊အပြော၊ နားထောင် နိုင်စွမ်းရည်ကို မြင့်တင်ချင်ပြီး Beginner ကနေ Advance level အထိ သင်ခန်းစာတိုင်းကို အသေးစိတ် လေ့လာချင်တယ်ဆို ဒီCourses တွေကို တက်လိုက်ပါ။
အလုပ်၊ စကော်လားရှစ်လျောက်မဲ့ သူတွေအတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ ဉပမာ အနေနဲ့ဆို အလုပ်၊ စကော်လားရှစ် interview တွေမှာ အရမ်းမေးလေ့ရှိတဲ့ Tell me about yourself ဆိုတဲ့ မေးခွန်းတွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ အသေးစိတ်ပြောပြထားပါတယ်။ Courses တစ်ခုဟာဆို အနည်းဆုံး ၁၂ နာရီလောက်ကြာမြင့်မှာဘဲဖြစ်ပါတယ်။
Course Name: ESL001 ESL001: Elementary English as a Second Language
Type: Fee Certificate
Level: Beginner
Duration: 18 hours
ESL002: Intermediate English as a Second Language
Type: Fee Certificate
Level: Beginner
Duration: 15 hours
Course Name: ESL003: Upper-Intermediate English as a Second Language
Type: Fee Certificate
Level: Beginner
Duration: 14 hours
Course Name: ESL004: Advanced English as a Second Language
Type: Fee Certificate
Level: Beginner
Duration: 12 hours
Course Name: ESL005: Business-Proficient English as a Second Language
Type: Fee Certificate
Level: Beginner
Duration: 12 hours
Link: https://learn.saylor.org/cours....e/index.php?category
#crd
Singapore မှာ Part-Time and Full-Time Jobs, Freelance Jobs, and Internship လျောက်ဖို့ဆိုရင် ဒီဝက်ဆိုဒ်(၅)ခုကို သိထားသင့်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများပေါများကြပါစေ။
GradConnection
Link: https://sg.gradconnection.com/?gad_source=1...
Bossjob
Link: https://bossjob.sg/?utm_term=s....ingapore%20jobs&
MyCareersFuture
Link: https://www.mycareersfuture.gov.sg/
FastJobs
Link: https://www.fastjobs.sg/singapore-jobs/
Indeed
Link: https://sg.indeed.com/
#crd
Singapore မှာ Part-Time and Full-Time Jobs, Freelance Jobs, and Internship လျောက်ဖို့ဆိုရင် ဒီဝက်ဆိုဒ်(၅)ခုကို သိထားသင့်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများပေါများကြပါစေ။
GradConnection
Link: https://sg.gradconnection.com/?gad_source=1...
Bossjob
Link: https://bossjob.sg/?utm_term=s....ingapore%20jobs&
MyCareersFuture
Link: https://www.mycareersfuture.gov.sg/
FastJobs
Link: https://www.fastjobs.sg/singapore-jobs/
Indeed
Link: https://sg.indeed.com/
#crd
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ မိသားစု ငွေလွှဲပို့တဲ့ အထောက်အထားပေးကြဖို့ကို POEA က အကြိမ်ကြိမ် တောင်းခံနေ
ဒီဇင်ဘာ ၁၀
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ မိခင်နိုင်ငံက မိသားစုထံ ငွေလွှဲပို့တဲ့ အထောက်အထား ပေးကြဖို့ကို အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ (POEA) က အကြိမ်ကြိမ် တောင်းခံနေတာကို တွေ့ရပါတယ်။
POEA အစီအစဉ်နဲ့ ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ
၁ လကို ၁ ကြိမ် လုပ်ခလစာရဲ့ ၂၅ % (သို့မဟုတ်) ၃ လ ကို ၁ ကြိမ် ၃ လစာ စုစုပေါင်း ရဲ့ အနည်းဆုံး ၂၅% မိသားစုထံ ငွေလွှဲပို့ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီလို ပေးပို့ထားတဲ့ အထောက်အထား စာရွက်စာတမ်းကို viber 09401993746 မှာ မိမိအမည်၊ passport no. ၊ မြန်မာနိုင်ငံကနေ စတင်ထွက်ခွါခဲ့တဲ့ နေ့ရက်တို့ကို ပေးပို့ကြဖို့ အကြိမ်ကြိမ်တောင်းခံနေတာ ကိုတွေ့ရပါတယ်။
အသိပေးနှိုးဆော်ချက်တွေကို POEA ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လွန်ခဲ့တဲ့ ၆ ရက်လောက်ကတည်းက ဒီဇင်ဘာလ ၆ ရက်နေ့မှာ နောက်ဆုံးထားပေးပို့ကျဖို့ကို အသိပေးထားပြီး တစ်ပတ်အတွင်း (၃) ကြိမ်ခန့် အသိပေးထားတာကိုတွေ့ရပါတယ်။
#centralnewsnaypyitaw
ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်းအလုံးအရင်း ဒုတိယအကြိမ် ထုတ်ရောင်း
ဒီဇင်ဘာ ၁၀
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလပထမအပတ်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်းအလုံးအရင်း ဒုတိယအကြိမ် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဒီဇင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဒီဇင်ဘာလ ၂ ရက်တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းလုပ်ငန်းရှင်များအတွက် FX Market Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၃၈ သန်း၊ ထိုင်းဘတ် ၁၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၄၈၇ သန်းတို့ ထုတ်ရောင်းပေးခဲ့ကာ တစ်ရက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို တစ်ပြိုင်တည်းအလုံးအရင်း ပထမအကြိမ်ထုတ်ရောင်းပေးခဲ့သည်။
ထို့နောက် တရုတ်ယွမ်များကို ဒီဇင်ဘာ ၃ ရက်တွင် ၁ ဒသမ ၄၃၇ သန်း၊ ဒီဇင်ဘာ ၄ ရက်တွင် ၁ ဒသမ ၄၈၅ သန်းနှင့် ဒီဇင်ဘာ ၅ ရက်တွင် ၁ ဒသမ ၅၅၂ သန်း ထပ်မံထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ တရုတ်ယွမ်များကို လေးရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ရာ စုစုပေါင်း တရုတ်ယွမ် ၅ ဒသမ ၉၆၁ သန်းရှိသည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့သည့်အပြင် ဒီဇင်ဘာ ၆ ရက်တွင်လည်း ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၂၀၀ နှင့် တရုတ်ယွမ် ၁ ဒသမ ၀၄၇ သန်းဖြင့် တစ်ရက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ် သုံးမျိုးလုံးကို တစ်ပြိုင်တည်း အလုံးအရင်း ဒုတိယအကြိမ် ထပ်မံထုတ်ရောင်းပေးခဲ့သည်။
သွင်းကုန်တင်သွင်းမှုများလေ့ရှိသည့် ယခုဒီဇင်ဘာလတွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ပြတ်လပ်မှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ အဆိုပါငွေကြေးသုံးမျိုးလုံးကို အလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း၌ပင် ဒေါ်လာ ၅၃ သန်း၊ ထိုင်းဘတ် ၃၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၇ ဒသမ ၀၀၈ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၆ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး