Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်
အတိတ်ကာလကထက် လက်နက်များသည် အဖျက်စွမ်းအား၌ အဆများစွာပိုကြီးမားလာသဖြင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် လူငယ်များ တိုက်ပွဲဝင်ကြရမည်ဟု ယခုနှစ်၏ နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော အဏုမြူဗုံးဒဏ်ဘေးမှ လွတ်မြောက်ခဲ့သူများအဖွဲ့ Nihon Hidankyo ၏ ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
၁၉၄၅ ခုနှစ်တွင် အဏုမြူဗုံးအကြံခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ အသက်ရှင်လွတ်မြောက်သူများအဖွဲ့ Nihon Hidankyo ၏ အခြေခံလှုပ်ရှားမှုသည် မျက်မြင်ဒိဋ္ဌကြုံခဲ့ရမှုများကို အသုံးချ၍ နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် စည်းရုံးလှုံဆော်နေခြင်းဖြစ်သည်။
ဂျပန်၏ အဏုမြူဗုံးဒဏ်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သူများ၏ ပျှမ်းမျှအသက်သည် ယခုအခါ ၈၅ နှစ်ရှိပြီဖြစ်ပြီး နော်ဝေဘုရင် Harald ၊ မိဖုရား Sonja နှင့် အခြား ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့သော နို့ဘဲလ်ဆု လက်ခံရယူခြင်း အခမ်းအနားတွင် အဖွဲ့၏ ပူးတွဲဥက္ကဌ တီရူမီ တာနာကာက အမှတ်တရစကား ပြောကြားခဲ့သည်။
“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ဟာ သားကောင် ဒါမှမဟုတ်ရင် ကျူးလွန်သူ အချိန်မရွေးဖြစ်သွားနိုင်ပါတယ်” ဟု အသက် ၉၂ နှစ်အရွယ် တာနာကာက တက်ရောက်လာသည့် ပရိသတ်ကို ပြောဆိုခဲ့သည်။
ယခုမှစ၍ ဆယ်နှစ်အတွင်း မိမိတို့ထဲမှ လက်တစ်ဆုပ်စာမျှသည်သာ ကိုယ်တွေ့လွတ်မြောက်လာသူများအဖြစ် သက်သေထွက်ချက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယခုအချိန်မှစ၍ မျိုးဆက်သစ်များသည် မိမိတို့၏ ကြိုးစားအားထုတ်မှုများအပေါ် အခြေတည်၍ လှုပ်ရှားမှုကို ယခုထက်မက တိုးတက်အောင်မြင်စေမည့် နည်းလမ်းများရှာတွေ့လိမ့်မည်ဟု မျှော်လင့်ပါကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။
အဏုမြူလက်နက်များ အသုံးပြုခြင်း သို့မဟုတ် နျူကလီးယားတားမြစ်ချက်ကို လက်မခံနိုင်သည့် ကမ္ဘာတစ်ဝန်းစံနှုန်းဖန်တီးရာတွင် သူ၏အဖွဲ့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို သံသယဖြစ်စရာမရှိကြောင်း သို့ရာတွင် ထိုစံနှုန်းသည် အားနည်းနေခဲ့ကြောင်း သူက ပြောဆိုသည်။
“အရပ်သားအေ-သအပျောက်တွေအပြင် နျူကလီးယားတားမြစ်ချက်က ကျိုးပျက်နိုင်တဲ့ အခြေအနေဖြစ်နေတဲ့အပေါ် အလွန်တရာ ဝမ်းနည်း၊ ဒေါသထွက်ရပါတယ်” ဟု သူက ပြောဆိုခဲ့သည်။
ယူကရိန်းနှင့် ဂါဇာတွင် ဖြစ်နေသော စစ်ပွဲများတွင် နျူလက်နက် အသုံးပြုမည့် ခြိမ်းခြောက်မှုများ ရှိနေခဲ့ကြောင်း တာနာကာက ပြောကြားပြီး ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူးပေါင်း ၄,၀၀၀ ခန့်သည် ချက်ချင်း ပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေသည်ဟု သတိပေးခဲ့သည်။
တရားမဝင်ကုန်စည်များ ပိုမိုဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုဥက္ကဋ္ဌ ပြော
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့်အထူးအဖွဲ့များ၊တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ရှိသူများသည် တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ ဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ(၁၀)ရက်က ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ကာ (၄) ဆနီးပါးအထိ ထိရောက်အောင် ဖမ်းဆီးနိုင်ရန်အတွက် ဆောင်ရွက်သွားစေလိုကြောင်းလည်း သူက ပြောသည်။
ယင်းညှိနှိုင်းအစည်းအဝေး၌ ၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုတွင် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့က အစဉ်လိုက်အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက အများဆုံးဖမ်းဆီးရမိပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်က ဒုတိယဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများက တတိယအများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။