အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၂/၂ဝ၂၅)
=========================
၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်ထုတ်ပြန်ချက်
၁။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်တွင် ထုတ်ပြန်သည့် အချိန်အခါမဟုတ်မိုးရွာနိုင်မည့် သတိပေးချက်ကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်-
"ယနေ့မြန်မာစံတော်ချိန် ၁၈:၃ဝ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ၁၂-၄-၂ဝ၂၅ ရက်နေ့မှ ၁၄-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါသည်။"
အကြံပြုချက်
==========
၂။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

image

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

image

#cute

14 w - Translate

စစ်ကိုင်းကိုလာလှူကြတဲ့ အလှူ့ရှင်ကားတန်းကြီးတွေကုန်တဲ့အထိ သူရောင်းတဲ့ ရေခဲချောင်းတွေပြန်လှူပေးခဲ့တဲ့ ရေခဲချောင်းသည် 🩷

တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူပြည်သားတွေက သူ့ရဲ့ သဒ္ဒါရက်ရောမှုအပေါ် သဘောကျနေခဲ့ကြတာပါ။ လူ့အထက်တန်းစားအစစ်ဆိုတာ ဒီလိုလူမျိုးပါလို့ ချီးကျူးဂုဏ်ပြုနေကြတာလည်းဖြစ်ပါတယ်။ အဆိုပါရေခဲချောင်းသည်လေးဟာ သူ့ရဲ့ ဆိုက်တွဲပေါ်က ရေခဲချောင်းမှန်သမျှကို စစ်ကိုင်းလာပြီး အလှူလုပ်တဲ့ ကားတန်းကြီးကုန်တဲ့အထိ ရေခဲချောင်းတွေကိုထုတ်ပြီး အလှူပြန်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဆံပင်အရောင်ခပ်တောက်တောက်ဆိုးထားပြီး ဘောင်းဘီတို လွယ်အိတ်တစ်လုံးနဲ့ အလှူပြန်လုပ်ပေးနေတဲ့ သူ့ရဲ့ပုံစံဟာ လူတွေရဲ့အပေါ်ယံအမြင်တွေကို ပြောင်းပြန်ဖြစ်စေခဲ့ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေကတော့ သူ့ရဲ့စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် နောက်နေ့အတွက်အရင်းမရှိတော့မှာကို စိုးရိမ်နေကြပြီး ဆက်သွယ်လှူဒါန်းချင်ကြတဲ့သူတွေ များပြားနေတာပါ။

#crd
#celenews

image
14 w - Translate

အခုလိုကိုယ်တိုင်သွားရောက်ကူညီနေတဲ့ အဆိုတော်ဂျီ

image
14 w - Translate

သရုပ်ဆောင် မေကဗျာရဲ့ ဆိုင်

image
14 w - Translate

မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စစ်ကောင်စီရဲ့ စစ်မှုထမ်းပစ်မှတ်ဖြစ်လာ
မော်လမြိုင် ၊ ဧပြီ ၆
မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှု ထမ်းသင်တန်းတွေထံ ချက်ချင်းပို့ဆောင်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးသတင်းအရ ရှာ ဖွေဖမ်းဆီးတာတွေရှိသလို လူစည်ကားရာနေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါး တွေ့ရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်နေတာပါ။
အရင်က မူးယစ်ဆေးဝါးတွေ့ရှိလို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မူးယစ်ပုဒ်မတစ်မျိုးမျိုးနဲ့ အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်ခဲ့ရာမှ လက်ရှိမှာတော့ စစ်မှုထမ်းသင်တန်းအတွက် လူလို အပ်ချက်အရ စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်နေတာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တစ်ဦးကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေဟာ နဂိုက တည်းက စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မရှိတဲ့အတွက် စစ်မှုထမ်းထဲထည့်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကို ပြည်သူတွေပဲခံစားရမှာဖြစ်သလို ဒီစနစ်ဆိုးကြီးထဲမှာ လူငယ်တွေရဲ့ အနာဂတ်ဟာ လုံးဝ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
“နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိတဲ့လူတွေကို သွားထည့်ထားရင်တော့ ပိုပြီးတော့ ဆိုး ရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အားလုံးပြည်သူတွေပဲ ခံစားရမယ်လို့ မြင်တာပေါ့နော်။ ခေတ်ပျက်ကြီးထဲမှာ စနစ်ဆိုးကြီးကို အမြန်ဆုံးလွတ်မြောက်အောင် မလုပ်နိုင်သရွေ့ကတော့ ဒီထက်တခြားအကြောင်းအရာတွေလည်း ထပ်ပေါ်လာနိုင်တာပဲ။ မူးယစ်ဆေးဝါးပြန်လည်ထူထောင် ရေးကိုလည်း ကောင်းကောင်းလုပ်နိုင်တာ မဟုတ်ဘူး။ ပညာသင်ဖို့ အခွင့်အလမ်းရှိတဲ့ လူငယ်တွေကလည်း ပညာကောင်းကောင်း သင်ကြားရမှာ မဟုတ်ဘူးပေါ့နော်။ ဘယ်ပြည်နယ်ပဲဖြစ်ဖြစ် လူ ငယ်တွေရဲ့ အနာဂတ်က ဒီစနစ်ဆိုးကြီးထဲမှာ လုံးဝပျောက်ဆုံးနေတာပေါ့နော်” လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်ကမူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးဖြတ်လိုပါက ပြန် လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာရှိခဲ့ပြီး အခုလိုစစ်ကောင်စီက စစ်ထဲအတင်းထိုးသွင်းတာဟာ လူငယ်တွေကို သူတို့အကျိုးစီးပွားအတွက် အသုံးချတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းပို့တာဟာ တပ်သားသစ်စုဆောင်းရာမှာ အခက်အခဲ အကြီး အကျယ် ကြုံတွေ့နေတာကိုပြသတာဖြစ်သလို သူတို့ရဲ့ စစ်တပ်အင်အား ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းမှုလို့ ဝေဖန်ပါတယ်။
“မွန်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်း တန်းပို့နေရတာက စစ်ကောင်စီမှာ တပ်အင်အား ပြတ်တောက်နေပြီး တပ်သားသစ် စုဆောင်းရေးမှာလည်း အခက်အခဲ အကြီးအကျယ် ကြုံတွေ့နေရတာကို ထင်ထင်ရှားရှား ပြသနေတာပါ။ အရည် အချင်းပြည့်ဝတဲ့ တပ်တွေဖြစ်ဖို့ ကိုယ်ကာယကျန်းမာပြီး စိတ်ဓာတ်လည်းခိုင်မာတဲ့ တပ်သားသစ်တွေ စုဆောင်းမွေးမြူကြရတယ်။ သို့သော်ငြားလည်း စစ်ကောင်စီမှာ ဒီလိုစုဆောင်းရွေးချယ်စရာ လမ်းမရှိလို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ကာယဉာဏ ဖွံ့ဖြိုးမှုမရှိတဲ့ လူငယ်တွေကို အကြီး အကျယ် လိုအပ်ပြတ်တောက်နေတဲ့ သူ့ရဲ့ စစ်တပ်အင်အားကို ဖြည့်ဆည်းနိုင်ဖို့ စစ်သင်တန်းတွေ တန်းပို့နေရတယ်လို့ သုံးသပ်ရမှာပါ” လို့ ဆိုပါတယ်။
လက်ရှိ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အား လိုအပ် ချက်အရ လူငယ်တွေကို နည်းအမျိုးမျိုးနဲ့ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းနေတာကြောင့် လူငယ်တွေအနေနဲ့ သတိထားသွားလာကြဖို့ သူက တိုက်တွန်းပါတယ်။
တဖက်မှာ စစ်ကောင်စီကတော့ မူးယစ်ဆေးဝါးတွေကို သူတို့ လက်အောက်ခံ သတင်းပေးတွေကတဆင့် လူငယ်တွေကြားထဲ ဖြန့်ဝေခိုင်းတာရှိသလို လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ မျှားကာ ထောင်ဖမ်းပြီး စစ်သားသစ် စုဆောင်းမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပ‌ဒေကို အသက်သွင်းပြီးနောက် လစဉ်စစ်မှု ထမ်း သင်တန်းတွေပေးနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ ကို ဖွင့်လှစ်ခဲ့သလို လက်ရှိမှာလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၂ အတွက် လူသစ်စု ဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၁ အထိ စစ်မှုထမ်းစစ်သားစုဆောင်းခံရသူ ၂၀၀၀ ကျော်အထိ ရှိလာပြီးဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

image
//