1 y - Translate

နာနတ်သီး ထမင်းကြော်
---------------------------------------
ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…
---------------------------------------
ပါဝင်ပစ္စည်းများ

၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ

၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)

၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)

၄။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)

၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်းစာ

၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၇။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

၈။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

၁၀။ ကြက်သွန်မြိတ် – စည်းတဝက် (ပါးပါးလှီးပါ)

၁၁။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)

၁၂။ ငရုတ်သီးထောင့်ရှည် – ၁ထောင့် (အစေ့ထုတ် ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)

၁၃။ ၆။ ကြက်သွန်နီ – ၁လုံး (အဝိုင်းပါးပါးလှီးပြီ ကြော်ထားပါ)
---------------------------------------
ပြင်ဆင်နည်း

၁။ မချက်ခင် နာနတ်သီးကို အလယ်မှ ထက်ပိုင်း ပိုင်းလိုက်ပါ။

၂။ ပြီလျှင် နာနတ်သီး အတွင်းသားကို ဓားဖြင့် ပတ်ပတ်လည် လှီးကာ ဇွန်းဖြင့် ကော်ထုတ်လိုက်ပါ။

၃။ ပြီမှ ထိုနာနတ်သီး အသားများကို အတုံးလေးများ တုံးပေးပါ။
---------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား နှင့် ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) စီဖြင့် နုယ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ကို ထည့်ပြီ ဆီပူလာလျှင် ကြက်သား၊ ပုဇွန်များကို ထည့်ကြော်ပေးပါ။

၃။ ကြက်သား၊ ပုဇွန် ကျက်ပြီဆိုမှ (ထမင်း၊ ပုဇွန်ခြောက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၄။ ပြီမှ နာနတ်သီး၊ ကြက်သွန်မြိတ်များ ထည့်ပြီ ၂မိနစ်၊ ၃မိနစ်ခန့် ထမင်းကြော်ကို ဆက်ကြော်ပေးပါ။

၅။ ပြီနောက် မီးပိတ်ပြီ နာနတ်သီးထမင်းကြော်များကို နာနတ်သီးထဲသို့ ထည့်လိုက်ပါ။

၆။ ထို့နောက် အပေါ်မှ နံနံပင်၊ ငရုတ်သီးထောင့်ရှည်၊ ကြက်သွန်ကြော်များဖြူး၍ သုံးဆောင်နိုင်ပါပြီ…
---------------------------------------

image
1 y - Translate

မြန်မာ့သနပ်ခါး ယူနက်စ်ကိုဝင်ရေး ပြည်သူပါဝင်ရန်လို
-----------------------
မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းရာမှာ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။

မြန်မာ့သနပ်ခါးကို ယူနက်စကို ဝင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့ပေမဲ့ လိုအပ်တဲ့ အချက် အလက်တွေ ပြည့်စုံအောင် ထပ်မံ တင်သွင်းဖို့ ညွှန်ကြားခဲ့တဲ့အတွက် အခု ပြန်လည်တင်ပြနိုင်ဖို့ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့နဲ့ပတ်သက်တဲ့ အပြီးသတ်စာတမ်းကို လာမဲ့ မတ်လမှာ ပြန်လည် တင်သွင်းမှာဖြစ်ပြီး ပြည်သူတွေကလည်း အတူပူးပေါင်းပါဝင်ပေးကြစေလိုတယ်လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက်ဆိုရင် အမျိုးသားအဆင့်ဒြပ်မဲ့ စာရင်းဝင်ဖြစ်ဖို့လိုအပ်ပြီး တင်သွင်းရာမှာလည်း အစိုးရက တင်သွင်းရတာမဟုတ်ဘဲ သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းတွေက တင်သွင်းရတာဖြစ်တယ်လို့ သိရပါတယ်။

ဒြပ်မဲ့ယဉ်ကျေးမှုတွေထဲမှာ ရိုးရာပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်တွေ၊ လက်မှုပညာရပ်တွေ၊ ဘာသာစကားတွေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင်အသိအမှတ်ပြု ခံထားရပြီး ဖြစ်ပါတယ်။

1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

image
1 y - Translate

I'm just a girl 💅

imageimage
+4
1 y - Translate

နောက်ဆုံးအခွင့်အရေး တစ်ကြိမ်သာကျန်တော့ကြောင်း ဂွါဒီယိုလာ သတိပေး
------------------------------
မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ဘရုဂျက်အသင်း ကို အနိုင်ယူဖို့ လိုအပ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ ဗုဒ္ဓဟူး ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ တာဖြစ်ပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့် ၂၅ အထိ ကျဆင်းသွားခဲ့ရပါတယ်။

မန်စီးတီး အသင်းဟာ အဝေးကွင်းမှာ ပီအက်စ်ဂျီအသင်းကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေပြန်ပေး ခဲ့ရပြီး အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ်(၈)အဖြစ် ဘယ်လ် ဂျီယံကလပ် ဘရုဂျက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဘရုဂျက်အသင်းက အမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၂၀ မှာ ရပ်တည်နေတာဖြစ်လို့ မန်စီးတီးအသင်း အနိုင်ရမှသာ ရှုံးထွက်အဆင့်တက်ရောက် ခွင့်ကို မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။

မန်စီးတီးအတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ဘရုဂျက်အသင်းကို အနိုင်ယူဖို့ဖြစ်ပြီး နောက်တစ်ဆင့်တက်ခွင့်နဲ့ ထိုက်တန်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်တယ်လို့ ပီအက်စ်ဂျီ အသင်းနဲ့ပွဲအပြီးမှာ ဂွါဒီယို လာက ပြောသွားခဲ့ပါတယ်။ အခုရှုံးပွဲက မန်စီးတီးအတွက် ချန်ပီယံလိဂ်အဝေးကွင်း နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်မှု ဖြစ်ခဲ့ပြီး အခုထက်ပိုကောင်းအောင်ကြိုးစားရမယ်လို့လည်း ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

image