1 y - Translate

ရုပ်
အရမ်းမလှလဲ ကိစ္စမရှိပါဘူး....
သပ်သပ်ရပ်ရပ် နေတတ်၊ဝတ်တတ်၊ပြုံးတတ်ရင်
ကြည့်လို့ အဆင်ပြေပါတယ်....
စိတ်
အရမ်းသဘောထား မကြီးနိုင်လဲ ကိစ္စမရှိပါဘူး....
ဒေါသ နဲနဲလျော့၊ မနာလိုစိတ်ကင်းပြီး
ရှင်းရှင်းလင်းလင်းတွေးတတ်ရင်ပဲ
ကြည်လင်ပါတယ်....
ငွေ
အများကြီး မချမ်းသာလဲ ကိစ္စမရှိပါဘူး....
ကိုယ်ရှိတဲ့အတိုင်းအတာလေးကို
အကျိုးရှိရှိသုံးစွဲနိုင်ရင်ပဲ
ကျေနပ်စရာကောင်းပါတယ်.....
မိတ်ဆွေ
အများကြီးမရှိလဲ ကိစ္စမရှိပါဘူး....
အပြန်အလှန် လေးစားယုံကြည်မှုနဲ့
ရိုင်းပင်းတတ်သူတချို့ရှိရင်ပဲ
နေပျော်ပါတယ်....
အလုပ်
ဝင်ငွေအများကြီးရတဲ့ အလုပ်မဟုတ်လဲ
ကိစ္စမရှိပါဘူး....
သမ္မာအာဇီဝကျတဲ့ အလုပ်နဲ့
မိသားစုနောင်ရေး စိတ်အေးရတဲ့ အာမခံချက်
ရှိရင်ပဲ ရောင့်ရဲနိုင်ပါတယ်....
ကံ
အများကြီးမကောင်းလဲ ကိစ္စမရှိပါဘူး....
ကိုယ်စွမ်းကိုယ်စနဲ့ လူ့အောက်မကျတဲ့
ဘဝမျိုးပိုင်ဆိုင်ခွင့်ရရင်ပဲ သာယာပါတယ်...
အချစ်
အများကြီး အချစ်မခံရလဲ ကိစ္စမရှိပါဘူး
ကိုယ်ပေးတဲ့အချစ်ကို ကြည်ကြည်ဖြူဖြူ
လက်ခံပေးနေရင်ပဲ နှစ်သိမ့်နိုင်ပါတယ်....။

image
1 y - Translate

ဒီနှစ်ထဲမှာဇာတ်သိမ်းဖို့ရှိနေတဲ့ Manga နှစ်ခု 😢

image

ဟာဟာဟာ....

image

SME နှစ်ဆင့်ချေးငွေ စီမံကိန်းနှစ်ခုဖြင့် လုပ်ငန်းရှင် ၂၆၀၀ ခန့်အား ကျပ် ၅၄၀ ဘီလျံကျော် ထုတ်ချေးပေးထားကြောင်း သိရ

ဇန်နဝါရီ ၂၃

SME နှစ်ဆင့်ချေးငွေ စီမံကိန်းနှစ်ခုဖြင့် လုပ်ငန်းရှင် ၂၆၀၀ ခန့်အား ကျပ် ၅၄၀ ဘီလျံကျော် ထုတ်ချေးပေးထားကြောင်း ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၅) အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

MSMEs Two-step Loan စီမံကိန်းအဆင့် – ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၆၃ ဦးသို့ ချေးငွေကျပ် ၁၅၇ ဒသမ ၂၄၃ ဘီလီယံထုတ်ချေးခဲ့ပြီး၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၁၉၃၆ ဦးသို့ ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

ထို့အပြင် လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများနှင့် ညီညွတ် အကျုံးဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်းသက်သာသည့် SME နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် SME လုပ်ငန်းများအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့်ကိုက်ညီသည့် စီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝ ပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့်ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်းနှင့် ရန်ပုံငွေစီမံခန့်ခွဲခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်နေကြသည့် ငွေတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် (စီမံကိန်း ကြီးကြပ်မှုအဖွဲ့)နှင့် လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

#centralnewsnaypyitaw

image

မြန်မာတစ်နိုင်ငံလုံးမှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်
ISSUED TIME
23/01/2025
၁၀:၀၀am(MMT)
#တိကျမှန်ကန်

image
Apu Lay shared a post  
1 y - Translate

No.09

1 y

အမလေးဟယ် နံပါတ် 9 တဲ့
တော် သေး တယ် ငါ့အောက်မှာ ကျန်သေးလို့
🤣🤣🤣

#funny
#lunatarot

image
1 y - Translate

ကျွန်ုပ်တို့အများအားဖြင့် မြင်တွေ့ဖူးခြင်းမရှိသော
လ ၏ အနောက်ဖက်ခြမ်း 🌔📸
တရုတ်ရဲ့ 🛰️Chang'e 5-T1 အာကာသယာဉ်ကနေ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
#timespectrum

image
1 y - Translate

အမလေးဟယ် နံပါတ် 9 တဲ့
တော် သေး တယ် ငါ့အောက်မှာ ကျန်သေးလို့
🤣🤣🤣

#funny
#lunatarot

image

ဖလမ်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ချင်းညီနောင်နဲ မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ ဖလမ်းမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ - ၂၆၈) လက်အောက်ခံ တပ်ကုန်းစခန်းကို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုဆို တိုက်ပွဲက နှစ်လကျော် ကြာနေပြီပေါ့။ ချင်းညီနောင်ဘက်ကလည်း ထိုးစစ်အရှိန်မြှင့်ထားသလို နစကဘက်ကလည်း ဖလမ်းမြို့ မပေးရရေး လေကြောင်းပစ်ကူတွေနဲ့ပါ ကာကွယ်နေတယ်။ ‌ဒေသခံတွေကတော့ မြို့ပေါ်မှာရော၊ မြို့နားကရွာတွေမှာပါ မနေရဲကြတော့ဘူး။ အကုန်လုံးလိုလို ဘေးလွတ်ရာကို ရှောင်နေကြရတယ်။ မြို့ထဲမှာ ဘယ်မှ မသွားနိုင်၊ မလာနိုင်တဲ့ သက်ကြီး၊ နာမကျန်းနဲ့ အိမ်စောင့်တွေလောက်ပဲ ကျန်ခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လူဦးရေ တသောင်းဝန်းကျင် နေထိုင်တဲ့ အဲဒီမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံအားလုံးနီးပါးဟာ နီးစပ်ရာ ကျေးရွာတွေအပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နဲ့ ဟားခါး၊ ကလေးမြို့တွေဘက်ကို တိမ်းရှောင်လျက်ရှိကြသလို ရန်ကုန်အထိ တိမ်းရှောင်သွားကြတဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

“စစ်ရှောင်အများစုက ကလေးမြို့ကို ရှောင်ကြတာပိုများတယ်။ ဆွေမျိုးတွေအိမ်မှာ ကပ်ပြီးနေနေကြတဲ့သူတွေလည်း ရှိတယ်။ နေစရာမရှိတဲ့သူတွေကတော့ အိမ်ငှားနေကြရတာပေါ့။ အိမ်ငှားခတွေဆိုတာလည်း စစ်ရှောင်တွေ များလာတာနဲ့အမျှ တရိပ်ရိပ်တက်နေတာ။ တန်းလျားလို အခန်းတွဲ၊ အခန်းကျဉ်းလေး၊ ၁၀ ပေပတ်လည် တခန်းကိုတောင် ရှစ်သောင်းကနေ တသိန်းလောက်အထိ ပေးရတယ်။ အရင်ကတော့ ငါးသောင်းလောက် ရှိတာ။ အခုမှ ဈေးတက်သွားတာ။ ဒါပေမယ့် ဈေးကြီးလည်း နေစရာမှမရှိတာလေ။ ငှားကြရတာပါပဲ။ စစ်ရှောင်တွေကများတော့ လွတ်တဲ့အခန်းတောင် မရှိသလောက်ဘဲ” လို့ သူက ပြောပါတယ်။

အရင်က တလကို ကျပ် ငါးသောင်းဝန်းကျင်နဲ့ ငှားရမ်း နေထိုင်နိုင်တဲ့ သစ်သားပျဉ်ထောင်အိမ် အသေးတွေကတော့ လက်ရှိမှာ ကျပ် တသိန်းခွဲလောက်အထိ ဈေးပေါက်နေသလို ပျဉ်ထောင်နှစ်ထပ် လုံးချင်းအိမ်ဈေးကတော့ အရင် သုံးသိန်းဝန်းကျင်ကနေ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးနှစ်ဆလောက် မြင့်တက်လာတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ကလေးမြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် စစ်ရှောင်တွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေပြီး အကူအညီ များစွာ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ချင်းညီနောင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်း၊ ဆောက်လုပ်ရေးရုံး စတဲ့ နေရာတွေကို ထိန်းချုပ်ထားတယ်လို့ သိရပြီး နောက်ဆုံး လက်ကျန်ဖြစ်တဲ့ ခလရ - ၂၆၈ လက်အောက်ခံ တပ်ကုန်းစခန်းကိုတော့ မနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ချင်းညီနောင်ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို Operation CB အမည်နဲ့ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တလကျော်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ မင်းတပ်မြို့က နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဖလမ်းမြို့ကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

#tattoo design

image