1 y - Translate

မိုးကုတ်Spinelစိန်ချွန်း 🌸🌸🌸

#gems

image
1 y - Translate

မိုးကုတ်Spinelစိန်ချွန်း 🌸🌸🌸

#gems

imageimage
Thaw Zin Soe changed his profile picture
1 y

image

image

မိုနာကိုအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီအငှားခေါ်ယူဖို့စိတ်ဝင်စားနေပြီး အဆိုပါပြင်သစ်ကလပ်အသင်းအနေနဲ့ အဆိုပါအဂ်လန်ကစားသမားရဲ့လုပ်ခလစာအများစုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဂ်လန်တောင်ပံကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သရဲနီအသင်းကနေ ပြင်သစ်လိဂ်ဝမ်းနာမည်ကြီးကလပ်မိုနာကိုအသင်းဆီအငှားပြောင်းရွှေ့ဖွယ်ရှိတယ်လို့ The Sun သတင်းက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လိဂ်ဝမ်းကလပ်ဟာ ငွေကြေးလုံလောက်မှုရှိတဲ့အသင်းဖြစ်တာနဲ့အတူဖြစ်နိုင်ချေရှိတဲ့ရွေးချယ်စရာအသင်းဖြစ်ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့လုပ်ခလစာအားလုံးအတွက်တာဝန်မယူနိုင်ပေမဲ့လည်း လုပ်ခလစာအများစုကိုပေးချေဖို့စဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ကတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားမှုအဆုံးသတ်ခဲ့ပြီး ဘိုရပ်ရှ်ရှားဒေါ့မွန်အသင်းကလည်းအဆိုပါအဂ်လန်ကစားသမားကိုအငှားခေါ်ယူချင်ပေမဲ့ လုပ်ခလစာတဝက်လောက်ကိုသာပေးချေချင်နေတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
1 y - Translate

ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတော့မည့် Blackpink အဖွဲ့ဝင်ဂျင်းနီ

ဇန်နဝါရီ ၂၃

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိာတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” ထွက်ရှိလာမည့်အကြောင်းကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ODDATELIER Entertainment အေဂျင်စီ၏ အဆိုအရ ဂျင်းနီ၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” သည် လာမည့်မတ်လ(၇)ရက်တွင် ထွက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအယ်လ်ဘမ်တွင် (၂၀၂၄)ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့သော 'Mantra' သီချင်း အပါအဝင် စုစုပေါင်း သီချင်း(၁၅)ပုဒ် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Ruby အယ်လ်ဘမ်သည် Childish Gambino၊ Doechii၊ Dominic Fike၊ Dua Lipa၊ FKJ နှင့် Kali Uchis ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များနှင့် ပူးပေါင်းထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို ဆွဲဆောင်မှုများလုပ်ဆောင်နိုင်မည့် အယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း ပြောဆိုမှုများ လည်း ရှိသည်။ ဂျင်းနီသည် Mantra သီချင်းဖြင့် အမေရိကန်၊ ဘရာဇီး၊ စင်ကာပူ၊ ဖိလစ်ပိုင် နှင့် မက္ကဆီကိုတို့ အပါအဝင် နိုင်ငံနှင့်ဒေသ(၄၇)ခုရှိ iTunes ထိပ်တန်းသီချင်းများ ဇယားတွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှုများကို တက်လက်ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် Mantra သီချင်းသည် Billboard Hot 100 ဇယားတွင် သီတင်းပတ်(၂)ပတ်ဆက်တိုက် ပါဝင်ခဲ့ပြီး ဂျင်းနီသည် အမေရိကန် iTunes Top Songs ဇယားတွင် နံပါတ်တစ်နေရာကို ရယူနိုင်သည့် ပထမဆုံး K-pop အမျိုးသမီး တစ်ကိုယ်တော်အနုပညာရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ််များသည် Ruby အယ်လ်ဘမ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ဂျင်းနီက ၎င်း၏ အနုပညာနှင့်ပတ်သက်သောစွမ်းဆောင်ရည်များကို မည်ကဲ့သို့ ထပ်မံထုတ်ဖော်ပြသသွားမလဲဆိုသည်ကို မျှော်လင့် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

#celecele

imageimage
1 y - Youtube

1 y - Translate

တူလေးသတိုးသီဟကို သွားထိန်းပြီး လက်ကမချနိုင်အောင် ချစ်နေတဲ့ စိုးပြည့်သဇင် 🥰

ခေတ်လေးနဲ့အတူ သွားကြည့်ခဲ့ကြတာပါ။ တူလေး သတိုးသီဟရဲ့ နှာတံစင်းစင်းလေးကြောင့် အချစ်တွေပိုနေခဲ့ရတယ်လို့ဆိုပါတယ်။ တူ၊ တူမတွေအများကြီးပိုင်ဆိုင်ထားပြီးပြီဖြစ်တဲ့ သူမကတော့ ယခုအချိန်ထိ အိမ်ထောင်မပြုသေးတာကိုတွေ့ရပါတယ်။ တူမလေး ထရက်ရှာအတွက်လည်း လက်ဆောင်တွေဝယ်လာပေးခဲ့ကြောင်း သူမက မျှဝေပြောပြထားတာပါ။

#crd
#celenews

image

ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး ယင်းအဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၅ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း UEC ထုတ်ပြန်

ဇန်နဝါရီ ၂၃

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ လျှောက်ထားလျက်ရှိကြရာ ယမန်နေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၅ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်‌ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၅ ပါတီအနက် ဦးဇော်မင်းဦး ခေါင်းဆောင်သည့် ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယမန်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်၍ ယင်းပါတီကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
1 y - Translate

အပူတွေ မရှိတာရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ ။
ထွေထွေထူးထူးခေါင်းစဉ်တပ်မရတဲ့
အဆင်မပြေမူတွေထဲ ကိုယ်က
အရာရာကို အေးချမ်းချင်လို့ ခွင့်လွှတ်ခဲ့တာ ။
အပူကို အပူလို့ မသတ်မှတ်ခဲ့တာ ။
ကြုံလာသမျှ ဝင်လာသမျှ အခက်ခဲတွေကို
ပြုံးပြုံးကြီး ရင်ကော့ ခေါင်းမော့ ဖြတ်ကျော်ခဲ့တာ ။
ဘယ်လောက်တောင်
အေးချမ်း သန်မာလိုက်တဲ့ သက်ရှိလေးလဲ
ကြည့်ပါဦး
ခုထိ ခပ်ပြုံးပြုံးလေးပဲ …
#စာတို