ရွှေပဲသီးကြော်
- - - - - - - - - -
ရွှေပဲသီး ၂၀ သား
ကြက်သွန်ဖြူ ၃ တက်
နှမ်း အနည်းငယ်
ဆား
ပဲငံပြာရည်အကြည်

ရွှေပဲသီးများကို သေချာစွာရေဆေး သန့်စင်ပါ။
ကြက်သွန်ဖြူ များကို နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
အနံ့မွှေးလာပါက ရွှေပဲသီးများ ထည့်ပါ။
ပဲငံပြာရည်အကြည် နှစ်ဇွန်းခန့် ထည့်ပါ။ ဆားထည့်ပါ။
ပဲငံပြာရည် ဆူသည်အထိ မီးအေးအေးဖြင့် ကြော်ပါ။

စားသုံးခါနီးလျှင် နှမ်းစေ့လေးများဖြူးပြီး စားသုံးနိုင်ပါသည်။
Credit

image

ရက်ရှ်ဖို့ဒ်၊ ကတ်စီမီရိုတို့နဲ့ စကားပြောခဲ့ခြင်း မရှိဘူးလို့ ဆိုးလ်ရှားပြော

ဇန်နဝါရီ ၂၃

ဘက်ဆစ်တပ်အသင်း နည်းပြသစ် ဆိုးလ်ရှားက ယူနိုက်တက်အသင်း ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကို တူရကီကလပ်ထံ လာရောက်ဖို့ စကားပြောခဲ့ခြင်း မရှိဘူးလို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းခဲ့ပါတယ်။

ဆိုးလ်ရှားက “မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ပတ်သက်ပြီး ထင်ကြေးတွေက အမြဲတမ်းရှိသလို ကျနော့် ပတ်ဝန်းကျင်မှာလည်း ထင်ကြေးတွေက အမြဲတမ်းရှိပါတယ်။ ကတ်စီနဲ့ မားကတ်စ်ဟာ အလွန်ကောင်း မွန်တဲ့ ကစားသမား ၂ ဦးပါ။ ဒါပေမယ့် ကျနော်ဟာ သူတို့နဲ့ စကားမပြောခဲ့ပါဘူး”လို့ TRT Spor ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း နည်းပြဟောင်း ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်အသင်း နည်းပြသစ်အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက မှ ခန့်အပ်ခြင်းခံခဲ့ရပြီး ဘီလ်ဘာအိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို သူ့ရဲ့ပထမဆုံး ပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ခဲ့ ပါတယ်။

ဘက်ဆစ်တပ်အသင်းဟာ တူရကီလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ရမှတ် ၂၀ အထိ ကွာဟနေတာကြောင့် အသင်းကို ရလဒ်ကောင်းတွေ ပြန်ရရှိအောင် ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်အသင်းကို စတင်ကိုင်တွယ်ချိန်မှာ အသင်းဟောင်း ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကို ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ ၂ ဦးစလုံးကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ရှိနေပြီး ကတ်စီမီရိုဟာ ဆော်ဒီလိဂ်နဲ့ ရက်ရှ်ဖို့ဒ်ဟာ ဥရောပထိပ်သီးလိဂ်တွေထံ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးကစားပေးဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထား သလို သူ့ရဲ့ကိုယ်စားလှယ်တွေဟာ ဘာစီလိုနာအသင်းနဲ့ လစ္စဘွန်းမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Source: Metro

ပုံ - ဆိုးလ်ရှားကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 y - Translate

'သူမွေးခဲ့တဲ့ မြန်မာပြည်ကို ဘယ်တော့သွားရမလဲ' ဆိုတဲ့ ချစ်ချစ်တုန်လေးရဲ့ မေးခွန်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဝမ်း 💔

သားလေးရေ ... မကြာခင်သွားရတော့မယ်နော်လို့ မေမေက ပြောပြခဲ့ပါတယ်။ သားသမီး ၃ ယောက်ထဲမှာ အလတ်လေးဖြစ်တဲ့ ချစ်ချစ်တုန်က ကမ္ဘာ့မြေပုံကိုကြည့်ပြီး သူ ခုရောက်နေတဲ့ နိုင်ငံကဘယ်နိုင်ငံလဲ? သူမွေးခဲ့တဲ့နိုင်ငံက ဘယ်မှာရှိလဲ ခုရောက်နေတဲ့နေရာနဲ့ ဘယ်လောက်ဝေးလဲဆိုတဲ့ မေးခွန်းတွေ မကြာခဏ မေးလာသလို သူမွေးခဲ့တဲ့ မြန်မာနိုင်ငံကို ဘယ်တော့သွားရမလဲ ? အသက်အပိုင်းအခြားတစ်ခုမှာ ခေတ္တနေခဲ့ဖူးတဲ့ မဲဆောက်ကိုလည်း သွားချင်ကြောင်း ပြောခဲ့တယ်လို့ မေမေ ဝမ်းက စိတ်မကောင်းစွာ ပြောပြလာတာပါ။ ဝမ်းကတော့ အသက်အရွယ်အလိုက် ဖြတ်သန်းခဲ့တဲ့ ချစ်ချစ်လေးရဲ့ နိုင်ငံအလိုက်ပုံတွေကို မြေပုံမှာ ကပ်ပေးထားခဲ့တာပါ။

#celecele

image
1 y - Translate

ကမ္ဘာ့ပထမဦးဆုံး AI ဝန်ကြီးဌာန 🤖 ⚖️
AI တွေအထိန်းအကွပ်မရှိအပြိုင်အဆိုင်တိုးတက်လာတာနဲ့အမျှ အခုဆိုရင်နိုင်ငံအသီးသီးမှာ AI ဉာဏ်ရည်တုနည်းပညာကိုထိန်းချုပ်မယ့် ဥပဒေတွေပြဌာန်းလာသလို တချို့ဥပဒေကိုတရားဝင်ကျင့်သုံးနေကြပါပြီ။
ထူးထူးခြားခြား UAE နိုင်ငံမှာကတော့ AI ကိုထိန်းချုပ်ဖို့နဲ့ Ethical ပိုင်းအတွက်ကို Ministry of State for Artificial Intelligence, Digital Economy, and Remote Work Applications ဆိုတဲ့ဝန်ကြီးဌာနတစ်ခုပါဖွဲ့ထားပါတယ်။
၂၀၁၇ ထဲကဖွဲ့ထားသလို ကမ္ဘာပေါ်မှာပထမဦးဆုံးဖြစ်ပါတယ်။ အခုပုံထဲက Robot ကတော့ UAE မှာတာဝန်ထမ်းဆောင်‌နေတဲ့ AI Robot Police ရဲ့ပုံပါ။

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image

ထိုင်းနိုင်ငံ​ရောက်ရင် ဝင်​ရောက်ဖူး​မျှော်သင့်တဲ့ မယ်ဆိုင်မြို့က ဦးအောင်ဇေယျ တည်ခဲ့သောဘုရား 🙏🙏🙏
#သွားမယ်&တည်းမယ်

image