အုပ်စုဖွဲ့ လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့ မန္တလေးမှာ လူသတ်မှုအထိ ကျူးလွန်သူတချို့ကို သေဒဏ်ချမှတ်

ဇန်နဝါရီ ၂၃

မန္တလေးမြို့အတွင်းက လူသွားလူလာပြတ်တဲ့ နေရာတွေနဲ့ မြို့ပတ်လမ်းလို နေရာတချို့မှာ မကြာခနဆိုသလို မီနီအိုးဝေနဲ့ ဆိုင်ကယ်လုယက်မှုဖြစ်စဥ်တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်း 69A လမ်း -115 116 ကြားမှာ အမျိုးသားတဦးစီးနှင်းလာတဲ့ 2020 Model Click 79w-42542 ဖြူ/လိမ္မော် တစီးကို အုပ်စုဖွဲ့လုယက်သူ ၆ ဦးက လုယူသွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

လုယက်ခံရသူတွေထဲကမှ လုယက်ခံရချိန် လက်ဗလာနဲ့ ထွက်ပြေး လွတ်မြောက်လာသူတချို့ ရှိသလို အသက်သေဆုံးသည်အထိ ဓားနဲ့ထိုးခံရကာ လုယက်ခံရမှုဖြစ်စဥ်တွေလည်း မန္တလေးမြို့မှာ မကြာခဏဖြစ်ပွားနေပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း အမရပူရမြို့နယ်၊ အိုးထုပ်တန်းတိုးဂိတ်အနီး အလယ်တန်းပြကျောင်းဆရာမတဦး စီးနှင်းလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး လူကိုသေဆုံးအောင်အထိ ဓားနဲ့ထိုးသတ်ခဲ့ရာမှာ ဖမ်းဆီးရမိတဲ့ တရားခံနှစ်ဦးကို ၂၀၂၅ ၊ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမရပူရခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အမရပူရမြို့နယ်၊ တပ်ကြပ်ကျေးရွာ၊ အိုးထုပ်တန်းတိုးဂိတ်အနီးမှာ တရားခံ အောင်ခန့်ကျော်(ခ)ဖြိုးဝင်း(ခ) ကျော်ကြီးနှင့် ခန့်ဇင်လင်းတို့နှစ်ယောက်ဟာ Scoopy အနက်ရောင်စီးနှင်းလာတဲ့ ကြည့်မြင်တိုင်(အထကခွဲ) အလယ်တန်း ပြ ကျောင်းဆရာမ ဒေါ်အေးမြခိုင် ကို အသက်သေဆုံးအောင်အထိ ဓားနဲ့ထိုးကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦးကို ပတ်ဝန်းကျင်အကူအညီနဲ့ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူတချို့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမရပူရမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့ပြီး အမရပူရခရိုင်တရားရုံးမှာ တရားစွဲတင်ပို့စစ်ဆေးခဲ့ကာ တရားခံ အောင်ခန့်ကျော်(ခ)ဖြိုးဝင်း (ခ)ကျော်ကြီးအပါဝင် ခန့်ဇင်လင်းတို့ နှစ်ဦးအပေါ် သေဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့ အမရပူရခရိုင်တရားရုံးကနေ သိရပါတယ်။

မန္တလေးမြို့က လူအသွားအလာ ပြတ်တဲ့နေရာတွေနဲ့ မြို့ပတ် လမ်းလိုနေရာတွေမှာ အုပ်စုဖွဲ့ပြီး Honda scoopy နဲ့ Click ဆိုင်ကယ်တွေကို ပစ်မှတ်ထားကာ လုယက်ကြသလို မီနီအိုးဝေမောင်းနှင်တဲ့သူတွေကိုလည်း ဓားနဲ့ထိုးပြီး မီနီအိုးဝေလုယက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

Video Crd #sudarli

#သတင်းဟင်းလေးအိုးကြီး

1 y - Translate

ဂျပန်ရဲ့ နာမည်ကြီး စာပေအနုပညာလက်ရာများစွာကို အွန်လိုင်းမှ တစုတစည်းတည်း ဖတ်ရှုနိုင်မယ့် e-library တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
青空文庫ဆိုတဲ့ e-library website ထဲမှာဆိုရင် ဂျပန်နိုင်ငံရဲ့ သမိုင်းမှာ အထင်ကရ စာပေပညာရှင်များ ဖြစ်ကြတဲ့ 夏目漱石၊ 有島武郎၊ 芥川龍之介အစရှိသည်တို့ရဲ့ နာမည်ကြီး ဝတ္တုတို၊ ဝတ္ထုရှည်များကို အစဆုံး အခမဲ့ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
https://www.aozora.gr.jp/...
ဂျပန်ဘာသာအထူးပြု ကျောင်းသားများ သင်ယူရတဲ့ 文学作品အချို့ကိုလည်း မိတ်ဆက်ပေးပါရစေ။
1. 『吾輩は猫である』著者:夏目漱石
https://www.aozora.gr.jp/.../000148/files/789_14547.html...
2. 『坊っちゃん』著者:夏目漱石
https://www.aozora.gr.jp/.../000148/files/752_14964.html...
3. 『二十四の瞳』著者:壺井栄
https://www.aozora.gr.jp/.../files/57856_63624.html...
4. 『蜜柑』著者:芥川龍之介
https://www.aozora.gr.jp/cards..../000879/card43017.ht
5. 『一房の葡萄』著者:有島武郎
https://www.aozora.gr.jp/.../000025/files/211_20472.html...

image

Cervical spondylosis ( ဇက်ကျီးပေါင်း )

အသက်ကြီးသူတွေမှာ cervical spondylosis ( ဇက်ကျီးပေါင်း ) အဖြစ်များပါတယ်။ ဇက်မှာရှိတဲ့ ဇက်ကျောရိုး နှင့် ဇက်ကျောရိုးနှစ်ခု ဆက်စပ်ပေးတဲ့ ဝါရှာလို အရိုးနုလေးတွေ ပျက်စီးခြင်းကြောင့် ဇက်ကျီးပေါင်းဖြစ်လာတာပါ။ ဇက်ကျီးပေါင်းကို ဇက်အဆစ်ရောင်ခြင်း ( neck arthritis ) သို့မဟုတ် cervical osteoarthritis လို့ လည်းခေါ်ပါတယ်။

အသက် ၆၀ နှစ် နှင့် အထက် အသက်ကြီးသူ ၉၀% ကျော်ကျော်လောက် ဇက်ကျီးပေါင်းရောဂါ ခံစားရတယ်လို့ the Cleveland Clinic က ဆိုပါတယ်။ အသက်ကြီးရင့်လာလို့ ဇက်ကျီးပေါင်းဖြစ်တယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဇက်အရိုး ထိခိုက်မှုများ၊ ဇက်ကိုထိခိုက်စေသော အလေးမရသော အလုပ်များ ( ဥပမာ - ဆောက်လုပ်ရေး လုပ်သားများ ) ၊ ဇက်ကျီးပေါင်းရောဂါ မျိုးရိုးရှိသူများ၊ ဆေးလိပ်သောက်သူများ၊ အဝလွန်သူများမှာ ဇက်ကျီးပေါင်းရောဂါပိုဖြစ်နိုင်ပါတယ်။

တစ်ချို့ဇက်ကျီးပေါင်းရောဂါရှိသူတွေက ဝေဒနာမခံစားရပေမည့် ဇက်ကျီးပေါင်းကြောင့် ပြင်းထန်သော နာတာရှည် နာကျင်မှု နှင့် ဇက်တောင့်တင်းခြင်းတွေဖြစ်နိုင်ပါတယ်။ ဇက်ကျီးပေါင်းရောဂါကြောင့် ပုခုံးတစ်လျှောက်နာကျင်မှုဖြစ်နိုင်ပါတယ်။ လက် နှင့် လက်ချောင်းလေးတွေ နာကျင်တာလည်း ဖြစ်နိုင်ပါတယ်။ မတ်တပ်ရပ်ချိန်၊ ထိုင်နေချိန်၊ နှာချေချိန် နှင့် ချောင်းဆိုးချိန်တွေမှာ နာကျင်မှုပိုဆိုးနိုင်ပါတယ်။

ကြွက်သားအားနည်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ လက်ကို မတင်ရခက်တာ၊ ပစ္စည်းတွေကို ဆုတ်ကိုင်ရခက်တာတွေဖြစ်လာနိုင်တယ်။ ဇက်ကြောတောင့်တင်းနေတာ၊ အနောက်ဘက် ခေါင်းကိုက်နေတာ၊ ပုခုံး နှင့် လက်မောင်း တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ်ကိုက်ခဲနေတာလည်း ကြုံရနိုင်တယ်။ ခန္ဓာကိုယ်မထိန်းနိုင်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း နှင့် ဝမ်းမထိန်းနိုင်ခြင်းတွေလည်းဖြစ်နိုင်တယ်။

ဇက်ကျီးပေါင်းရောဂါအခြေအနေ မပြင်းထန်ချိန်မှာ ဇက်ကျီးပေါင်းကြောင့် နာကျင်လာလျှင် NSAID လို အကိုက်အခဲပျောက်ဆေးသောက်နိုင်တယ်။ ဇက်ကိုရေနွေးအိတ်ကပ်တာ သို့မဟုတ် ရေခဲကပ်တာ လုပ်ပေးနိုင်တယ်။ မြန်မြန်သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးနိုင်တယ်။ ဝေဒနာ ယာယီသက်သာစေဖို့ neck brace or collar ကို အချိန်အတိုင်းအတာတစ်ခုထိ ဝတ်ထားလို့ရတယ်။

ကိုယ်တိုင်ကုသမှုနဲ့ မလုံလောက်လျှင် ဆရာဝန် နှင့် ပြသပြီး ရောဂါအခြေအနေ နှင့် ပြင်းထန်မှုကို ရှာဖွေရမည်။ ဇက်ကျီးပေါင်းရှိသူတစ်ယောက်အနေနဲ့ ရုတ်တရက် ပုခုံး၊ လက်မောင်း နှင့် ခြေထောက်တစ်လျှောက် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် တဆစ်ဆစ် ကိုက်ခဲလာခဲ့လျှင် သို့မဟုတ် ရုတ်တရက် ဆီး နှင့် ဝမ်း မထိန်းနိုင်ဖြစ်လာခဲ့လျှင် အရေးပေါ်အခြေအနေဖြစ်ပြီး နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ ကုသရပါမည်။ ခွဲစိတ်ကုသ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။
#ကျန်းမာရေးဗဟုသုတ
#sharing

image
1 y - Translate

ဘာသာတရားတွေအားလုံးက အကုန်တူတူပဲလား?
----------------------------
ဘာသာတရားတွေကို ဖွဲ့စည်းတည်ဆောက်ပုံအရ သရုပ်ခွဲကြည့်ရင် ဘုရားတစ်ဆူ ကိုးကွယ်တဲ့ “ဧကနာထဘာသာ”၊ ၂ ဆူ “ဒွိနာထ”၊ ၃ ဆူနဲ့အထက်ဆိုရင် “ဗဟုနာထ” ဘာသာလို့ခေါ်တယ်။ အရင်ဆုံး ဧကနာထ ဘာသာတရားတွေအကြောင်းလေ့လာကြည့်ရင် ဗုဒ္ဓဘာသာကို အရင်ပြေးမြင်မိတယ်။ ဘုရားတစ်ဆူတည်းကို ကိုးကွယ်တာ။ ကမ္ဘာ့ရှေးအကျဆုံး ဘာသာတရားတွေထဲက တစ်ခုဖြစ်တဲ့ ဇိုရိုအက်စတာ ဆိုတဲ့ဘာသာမှာဆိုရင် အကောင်းစွမ်းအားရယ် အဆိုးစွမ်းအားရယ်ဆိုပြီး ၂ ခုရှိတယ်။ သူတို့၂ခု တန်ခိုးကြီးတာချင်းတူတူပဲ။ လူ့လောကဆိုတာ အကောင်းစွမ်းအားနဲ့ အဆိုးစွမ်းအား စစ်တိုက်နေတဲ့ စစ်တလင်းပဲလို့ ဆိုကြတယ်။ ဒါမျိုးကို ဒွိနာထဘာသာလို့ခေါ်တယ်။ ၂ ဆူယုံကြည်လက်ခံတာ။ နောက် ဟိန္ဒူ။ ကျတော်သိတဲ့ ဘုရားတွေနဲ့တင်ပဲ တော်တော်များတယ်။ အဓိကဘုရား ၃ပါးရှိပြီး ကြင်ယာတော် တစ်ပါးစီနဲ့ဆိုတော့ ၆ပါး။ အဲ့ ၆ ပါးကလည်း အခြေအနေပေါ်မူတည်ပြီး အသွင် ၉ ပါးစီထပ်ရှိသေးတယ်လို့ကြားဖူးတယ်။ အဲ့ဒါနဲ့တင်မပြီးသေးဘူး။ နတ်ဘုရားတွေရဲ့ သားတော်၊ သမီးတော်တွေ၊ သူတို့ကြင်ယာတော်တွေနဲ့ရှိသေးတယ်။ ဆိုတော့ ဒီလို ၃ ပါးနဲ့ အထက် ကိုးကွယ်တာကို ဗဟုနာထ လို့ ခေါ်တယ်ပေါ့။
ဒါဆို ဘာသာတရားတွေစတင်ဖြစ်ပေါ်လာပုံကို ကြည့်ရအောင်။ သမိုင်းမတင်ခင် ကာလက လူသားတစ်ယောက်က တောထဲကို သွားတယ်။ အဲ့မှာ မြွေတစ်ကောင်က သူ့ကိုကိုက်မလို့လုပ်တယ်။ အဲ့မြွေကို သိမ်းငှက်က လာချီသွားတယ်။ “ဟာ သိမ်းငှက်က ငါ့ အသက်သခင်ကျေးဇူးရှင်ပဲ၊ သူ့ကို ကိုးကွယ်ရမယ်”။ အဲ့လူက သိမ်းငှက်ကို ကိုးကွယ်တယ်။ သိမ်းငှက် နတ်ဘုရားပေါ့။ ဒါပေမယ့် သူ့အိမ်ရေကြီးတုန်းကကျ သိမ်းငှက်နတ်ဘုရားက မကူညီခဲ့ဘူး။ ကျောက်ဆောင်နတ်ဘုရားက ကူညီခဲ့တာ။ အဲ့တော့ ကျောက်ဆောင်နတ်ဘုရားကိုလည်း ပူဇော်ရသေးတယ်။ သူ့သားလေး နေမကောင်းဖြစ်တုန်းကကျ အိမ်ဘေးက မက်မွန်သီးပင် နတ်သမီးက ကူညီခဲ့တာဆိုတော့ သူ့ကိုလည်းပူဇော်ရတယ်။ ခုပြောပြတဲ့ ဥပမာလိုပဲ ဘာသာတရားတွေဟာ ဗဟုနာထ (polytheism) ပုံစံနဲ့ပေါ်ပေါက်လာတယ်။ ဘုရားတွေတော့အများကြီးရှိတယ်။ ဒါပေမယ့် သူတို့စွမ်းအားတွေမှာ အကန့်အသတ်နဲ့ ရှိတယ်။ ခင်ဗျားသာ ရှေးခေတ်ဂရိလူမျိုးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျား စစ်ပွဲတွေနိုင်ချင်ရင် အေးရိစ် (Ares) နတ်ဘုရားဆီမှာ ဆုတောင်းရမှာဖြစ်ပြီး အချစ်ရေးကံကောင်းချင်ရင်တော့ အယ်ရို (Eros) နတ်ဘုရားဆီမှာ ဆုတောင်းရမှာပါ။
နောက်ပိုင်းမှာတော့ လူတွေဟာ ဘုရားတွေအများကြီးကို ကိုးကွယ်ယုံကြည်တဲ့ ဗဟုနာထပုံစံကနေ ဘုရားတစ်ဆူ (သို့မဟုတ်) နှစ်ဆူကို ကိုးကယ်တဲ့ ပုံစံဘက်ကို တဖြည်းဖြည်းသွားလာကြတာကိုတွေ့ရပါတယ်။ အစောပိုင်းခေတ်တွေမှာဆိုရင် တရုတ်ရဲ့ ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒ၊ အိန္ဒိယမှာ ဗုဒ္ဓဝါဒနဲ့ ဂျိန်းဝါဒ၊ ဂရိမှာ ပလေတိုဝါဒ ပြီးတော့ ပါရှားမှာလည်း တစ်ဆူတည်းကိုးကွယ်တဲ့ ဓလေ့တွေပေါ်ပေါက်လာပါတယ်။ အလယ်ပိုင်းခေတ်တွေမှာတော့ ခရစ်ယာန်၊ အစ္စလာမ် စတဲ့ဘာသာတွေ ပေါ်လာကြပါတယ်။ ပြောချင်တဲ့အချက်ကတော့ အခုမှလာမှာပါ။
ခရစ်ယာန်ဘာသာဟာ ဘုရားတစ်ဆူထဲကို ကိုးကွယ်တယ်ဆိုပေမယ့် သူတို့မှာလည်း အခက်အခဲတွေကျော်လွှားနိုင်အောင် စစ်ပွဲတွေနိုင်အောင် စောင်မတဲ့ ရဟန္တာတွေ သီးသန့်ရှိပါတယ်။ ဥပမာ။ အင်္ဂလန်ကို စိန့် ဂျော့်ဂျ်၊ စကော့တလန်ကို စိန့်အန်ဒရူး၊ ဟန်ဂေရီကို စိတ့် စတီဖင်က ကာကွယ်ပေးပြီး၊ မီးခိုးခေါင်းတိုင်သန့်ရှင်းရေးသမားတွေကို စိန့် ဖလော်ရင့်က ကာကွယ်ပေးပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သွားကိုက်နေရင်တော့ စိန့် အပိုလိုနီယာဆီမှာ ဆုတောင်းရပါမယ်။
ဗုဒ္ဓဘာသာဟာလည်း တစ်ဆူထဲသော ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာရတာဆိုပေမယ့် လာဘ်လာဘတွေကောင်းချင်ရင် ရှင်သီဝလိရဟန္တာဆီမှာဆုတောင်းရပြီး မိုးရွာချင်ရင် ရှင်ဥပဂုတ္တကိုဆည်းကပ်ရပါတယ်။ ဒါ့အပြင် ဘုရား ၉ ဆူကပ်တယ်ဆိုတာလည်း ဘုရားအပါအဝင် ရဟန္တာ ၈ ပါးကို ဆွမ်းကပ်တာမျိုးပါ။ ဒါတင်မကသေးပဲ အိမ်တွင်းရေး သာယာချင်ရင် မင်းမဟာဂီရိနတ်၊ လောင်းကစားကံ ကောင်းချင်ရင် ကိုကြီးကျော်၊ ကားအသစ်တစ်စီးဝယ်တော့မယ်ဆို မင်းကြီးမင်းလေးနတ်ဆီမှာ ဆုတောင်းရပါတယ်။ ထပ်ပြောရရင် မြန်မာနိုင်ငံက တောင်တွေ တောတွေကို စောင့်ရှောက်တဲ့ ဘိုးဘိုးကြီးတစ်ပါးစီရှိသေးသလို သိုက်နန်းရှင် အမတော်ကိုးကွယ်မှုတွေလည်း ရှိပါတယ်။
မေးခွန်းကတော့ တစ်ဆူထဲသောဘုရားကို ကိုးကယ်ပါတယ်ဆိုတဲ့ ဘာသာတွေမှာ ဘာလို့ ဘုရားအဆူများစွာကို ကိုးကွယ်တဲ့ ဗဟုနာထ အငွေ့အသက်တွေရှိနေရတာပါလဲ?
နောက်တစ်ခုက ဗဟုနာထ ဘာသာတရားတွေပါ။ အာဖရိကအနောက်မှာရှိတဲ့ ယိုရုဘာ (Yoruba) ဆိုတဲ့ ဘာသာတရားမှာဆိုရင် နတ်ဘုရားအကုန်လုံးက နတ်ဘုရားတကာတို့ရဲ့ ထွဋ်ခေါင် အိုလိုဒူးမားရဲ့ လက်အောက်မှာ ရှိပါတယ်။ ဟိန္ဒူဘာသာမှာဆိုရင်လည်း အက်မန် (Atman) လို့ခေါ်တဲ့ တစ်ခုတည်းသော ဥပဒေသ သဘောတရားကြီးက အမျိုးမျိုးသော နတ်ဘုရားတွေ၊ လူတွေ၊ ဝိဉာဥ်တွေကို အုပ်ချုပ်ပါတယ်။ အက်မန်ဆိုတာ အဆုံးစွန်သော အန္တိမအနှစ်သာရလို့လည်း အဓိပ္ပာယ်ရပါတယ်။
မေးခွန်းကတော့ ဘုရားအဆူဆူကို ကိုးကွယ်တဲ့ ဗဟုနာထဘာသာတွေမှာ ဘာလို့ တစ်ဆူထဲကို ယုံကြည်တဲ့ ဧကနာထ အငွေ့အသက်တွေရှိနေတာပါလဲ? ဒါဆို ဘာသာတရားတိုင်းဟာ ပျမ်းမျှအားဖြင့် ဖွဲ့စည်းတည်ဆောက်ပုံ တူနေတာလား? ဒါမှမဟုတ် ဧကနာထတွေ ဘုရားတစ်ဆူထဲမကပဲ အခြား ရဟန္တာယုံကြည်မှု၊ နတ်ကိုးကွယ်မှုတွေက မှားနေတာလား? ဗဟုနာထတွေရဲ့ တစ်ခုတည်းသော သဘောတရားကို သက်ဝင်ယုံကြည်မှုကရော မှားနေတာလား?

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
1 y - Translate

🍏 စိတ်အခြေအနေကို ဖော်ပြတဲ့ ဝေါဟာရများ -

#englisheverywhere

image
image
image
image
image