Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စစ်ပွဲမရပ်လျှင် ဆက်လက်ဒဏ်ခတ်သွားမည်ဟု ရုရှားကို ထရမ့် ပြော
--------------------------
ယူကရိန်းစစ်ကို မရပ်မချင်း ရုရှားကို နောက်ထပ် အခွန်စည်းကြပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွား မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံအရေးယူမယ်ဆိုတာကိုတော့ သီခြားရှင်းလင်းတာ မရှိခဲ့ပါဘူး။
အရင်သမ္မတဘိုင်ဒန်လက်ထက်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပေမဲ့လည်း ယူကရိန်းစစ်ကို ရုရှားက ရပ်တန့်အောင် ဖိအားပေးရေးအတွက် လုပ်နိုင်တာတွေရှိနေသေးတယ်လို့ လက်ရှိ အမေရိကန်အစိုးရ တာ ဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍကို နောက်ထပ်ဖိအားပေး ပိတ်ဆို့မှုတွေချမှတ်နိုင် တယ်လို့ ယုံကြည်နေကြတာပါ။
အမေရိကန်အရာရှိတွေက ရုရှားရဲ့ဝင်ငွေ အဓိက ရေသောက်မြစ်တွေကို ဆက်လက်ပိတ်ဆို့ ဖြတ်တောက်တာ တွေကနေ ရုရှားသမ္မတ ပူတင်ကို ဆွေးနွေးပွဲစကားဝိုင်ဆီ ဆွဲခေါ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ရုရှားရေနံတွေကို သယ်ဆောင်ပေးနေတဲ့ ဥရောပကုန်တင်သင်္ဘောတွေနဲ့ အာရှက ဝယ်လက်တွေကို အပြစ် ပေးတာ အပါအဝင် တည်ဆဲဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်တာတွေရှိကြောင်း အမေရိကန် အရာရှိ တွေက ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက်စကားပြောဆိုမှု အခုအပတ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။
MLBB × Naruto Event အကြောင်းရှင်းပြမယ် 💥👀
• Event ကမကြာခင် Draw Exchange Event အနေနဲ့လာမယ် 🔥
• Vale ရဲ့ "Gaara" Skin ကတော့ Gaara Event ကနေ Free ရဖို့များတယ် 🔥
• NARUTO Themed-Map အတွက် "MADARA" Lord Skin လည်း ထုတ်ပေးဖို့ရှိပါတယ် 😬🔥
• Skin က 7 ခုပါမယ် 🔥👇
Kalea ~ Sakura
Lukas ~ Naruto
Suyou ~ Sasuke
Hayabusa ~ Kakashi
Vale ~ Gaara
Gusion ~ Minato
Julian ~ Itachi
• ဒီ Skin (7) ခုထဲမှာမှ Gusion နဲ့ Julian က Shop ကနေဝယ်လို့ရပါမယ် ✌🔥
//ထွက်မဲ့နေ့တော့မသိရသေးပေမဲ့ March or April လောက်ထဲမှန်းထားတယ် 💜
ဒါပါပဲ ✌
MLBB ထဲကခွဲထွက်ပြီး သီးခြားရပ်တည်တော့မဲ့ Magic Chess 💥
Magic Chess ဟာ 2020 ကတည်းက MLBB ထဲမှာ Arcade Mode အနေနဲ့ ပါရှိခဲ့ပါတယ်။ ✨
ဒါပေမဲ့ February 20 ရက်ကနေစပြီး MLBB မှာ Magic Chess ပျောက်သွားတော့မှာဖြစ်ပြီး Magic Chess Go Go ဆိုတဲ့ သီးခြား App အနေနဲ့ ခွဲထွက်သွားတော့မှာပဲ ဖြစ်ပါတယ်။ ✨
UK နိုင်ငံ Exeter တက္ကသိုလ်မှာ Master of TESOL အတန်းတက်ချင်တဲ့ အင်္ဂလိပ်စာ ဆရာ/ဆရာမ များအတွက် A.S Hornby Educational Trust က ပညာသင််ဆုအပြည့်အဝထောက်ပံ့ပေးနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ ကျောင်းဆရာ/ဆရာမ (၁၀) ယောက်အထိ ထောက်ပံ့ပေးသွားမှာပါ။
TESOL Teaching သို့မဟုတ် အခြား ဆက်စပ်သတ်သက်တဲ့ လုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမှာဖြစ်ပြီး Exeter ရဲ့ မဟာတန်း TESOL အတွက် ကျောင်းဝင်ခွင့်ရရှိဖို့လိုအပ်ပါတယ်။ UK နိုင်ငံ ပညာရေးစနစ်ရဲ့ ဘွဲ့ကြို upper 2nd class honours နဲ့ ညီမျှတဲ့ ဘွဲ့တစ်ခုခုရှိထားဖို့လိုအပ်ပါတယ်။
လျှောက်လွှာတင်ဖို့လင့်
https://www.exeter.ac.uk/study..../funding/award/?id=5
အရင်နှစ်က ရွေးချယ်ခံထားသူတွေနဲ့ ပညာသင်ဆုအကြောင်း ပိုမိုလေ့လာလိုပါက
https://www.hornby-trust.org.u....k/ma-tesol-scholarsh
#crd
#education
UK နိုင်ငံ Exeter တက္ကသိုလ်မှာ Master of TESOL အတန်းတက်ချင်တဲ့ အင်္ဂလိပ်စာ ဆရာ/ဆရာမ များအတွက် A.S Hornby Educational Trust က ပညာသင််ဆုအပြည့်အဝထောက်ပံ့ပေးနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ ကျောင်းဆရာ/ဆရာမ (၁၀) ယောက်အထိ ထောက်ပံ့ပေးသွားမှာပါ။
TESOL Teaching သို့မဟုတ် အခြား ဆက်စပ်သတ်သက်တဲ့ လုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမှာဖြစ်ပြီး Exeter ရဲ့ မဟာတန်း TESOL အတွက် ကျောင်းဝင်ခွင့်ရရှိဖို့လိုအပ်ပါတယ်။ UK နိုင်ငံ ပညာရေးစနစ်ရဲ့ ဘွဲ့ကြို upper 2nd class honours နဲ့ ညီမျှတဲ့ ဘွဲ့တစ်ခုခုရှိထားဖို့လိုအပ်ပါတယ်။
လျှောက်လွှာတင်ဖို့လင့်
https://www.exeter.ac.uk/study..../funding/award/?id=5
အရင်နှစ်က ရွေးချယ်ခံထားသူတွေနဲ့ ပညာသင်ဆုအကြောင်း ပိုမိုလေ့လာလိုပါက
https://www.hornby-trust.org.u....k/ma-tesol-scholarsh
#crd
#education
မိန်းမဖြစ်သူရဲ့ မွေးနေ့ကို မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ Ah Boy ❤️
မြတ်ရတနာကျော်ရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမနဲ့အတူ သားလေး Jaden ၊ သမီးလေး Scarlet တို့လည်း ပါဝင်ခဲ့ပါတယ်။ မိသားစု ၄ ယောက်စုံစုံညီညီနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ မွေးနေ့လေးလည်း ဖြစ်ပါတယ်။
#crd
#celenews
ခရီးမထွက်မီ သင့်ကား ကျန်းမာရေးအတွက် စစ်ဆေးသင့်သည်များ
၁။ အင်ဂျင်ဝိုင်လဲထားပြီးပြီလား?
သင့်ကား အင်ဂျင်ရဲ့ အသက်သွေးကြောလိုဖြစ်တဲ့ အင်ဂျင်ဝိုင် ညစ်နေပြီလား၊ အင်ဂျင်ဝိုင်ရဲ့ အဓိက အရည်အသွေးဖြစ်တဲ့ စေးကပ်မှု အရည်အသွေး (viscosity) ကျနေပြီလား ဆိုတာ ခရီးမသွားခင် စစ်ဆေးပြီးမှ သွားသင့်ပါတယ်။ ကားအင်ဂျင်ဝိုင်ကို 5,000 Km ကနေ 7,000 Km အတွင်းသာ အသုံးပြုသင့်ပြီး၊ ဒါ့ထက် ကီလိုမီတာ ပိုအသုံးပြုပါက အင်ဂျင်ဝိုင်ရဲ့ စေးပျစ်ခြင်း၊ အအေးပေးခြင်း၊ ချောဆီအဖြစ်ဆောင်ရွက်ခြင်း အစရှိတဲ့ ဂုဏ်သတ္တိတွေ လျှော့နည်းလာပြီး သင့်ကားအင်ဂျင်ကို ဒုက္ခပေးမှာ မလွဲမသွေပါ။
ဒီနေရာမှာ ကားအင်ဂျင်ဝိုင်လဲထားပြီး ကီလိုမီတာ 3,000 လောက်အသုံးပြုထားတယ်၊ 4,000 km လောက်အသုံးပြုထားတယ်၊ သတ်မှတ်ကီလို 5,000 မပြည့်သေးဘဲ တကယ်လို့ ခရီးသွားဖြစ်မယ်ဆိုရင် လဲရင်ကောင်းမလား၊ မလဲဘဲ ထားရင်ကောင်းမလားဆိုပြီး ဖြစ်တတ်ကြပါတယ်။
အကောင်းဆုံးကတော့ ခရီးသွားမယ်ဆို လဲသွားလိုက်တာအကောင်းဆုံးပါ၊ ကားအင်ဂျင်တွင်း အစိတ်အပိုင်းတွေက ဒီအင်ဂျင်ဝိုင်ရဲ့ထုထည်ပေါ်မှာ မှီခိုပြီး လည်ပတ်နေရတာပါ၊ ဥပမာ ကရိုင်း (crankshaft) နဲ့ ဘယ်ရင် (bearing) တွေဟာ သံ သံခြင်းပွတ်ပြီးလည်နေတာမဟုတ်ဘဲ၊ ဒီ သံတွေရဲ့ ကြားထဲမှာ ဆီထုပါးပါးလေးတည်ရှိပြီး အဲဒီဆီထုလေးပေါ်မှာ လည်နေရတာမလို့ ခရီးဝေးသွားတဲ့အခါမျိုးမှာ အင်ဂျင်ရဲ့မြင့်တက်လာမယ့်အပူရှိန်နဲ့ အရည်အသွေးကျလာတဲ့အင်ဂျင်ဝိုင် တွေ့တဲ့အခါမျိုးမှာ အင်ဂျင် မပျက်စီးတောင် အင်ဂျင်တွင်း အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် အင်ဂျင်ဝိုင် အရည်အသွေးကို မဖြစ်မနေစစ်ဆေးသွားသင့်ပါတယ်။
၂။ အော်တိုဝိုင်လို့ခေါ်တဲ့ automatic transmission fluid တွေစစ်ဆေးပြီးပြီလား?
အော်တိုဝိုင်လို့ အခေါ်များတဲ့ automatic transmission fluid ကတော့ အင်ဂျင်ဝိုင်လို ခဏခဏ မလဲရပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ ခရီးဝေးသွားမယ်၊ ကီလိုမိုင်အများကြီးမောင်းမယ်ဆိုရင်တော့ ဒီအော်တိုဝိုင်ဟာလည်း မဖြစ်မနေစစ်ဆေးရမည့် အချက်ထဲမှာပါပါတယ်။
အော်တိုဝိုင်တွေကိုတော့ 60,000 km ကနေ 100,000 Km အထိ အသုံးပြုနိုင်တယ်လို့ ကားကုမ္ပဏီတွေက သတ်မှတ်ပေးထားပါတယ်။ အော်တိုဝိုင်ဆီတွေ ကီလိုဘယ်လောက်အသုံးပြုထားပြီးပြီလဲ
(ကီလီုမှတ်တမ်းရှိမယ်ဆိုရင်) ကီလိုမှတ်တမ်း မရှိရင်လည်း အော်တိုဝိုင်အရောင်ညစ်နေပြီလားဆိုတာ စစ်ဆေးပြီး ခရီးမသွားခင် လဲလှယ်သွားသင့်ပါတယ်။
အော်တိုဝိုင်လဲတဲ့အခါမှာလည်း မိမိကားနဲ့ကိုက်ညီတဲ့ အမျိုးအစားကို သေချာရွေးချယ်သင့်ပါတယ်။ ATF type အမျိုးအစားလား၊ CVT အမျိုးအစားလားဆိုတာ သေချာရွေးချယ်ပြီးထည့်မှရပါမယ်။ တချို့မိတ်ဆွေတွေ မိမိ ဂီယာဘောက်ရဲ့ အမျိုးအစားကိုမကြည့်ဘဲ အော်တိုဝိုင်ဖြစ်ရင်ပြီးရော ထည့်လို့ ဂီယာဘောက်ပျက်စီးပြီး ငွေကုန်ကြေးကျများတဲ့ ပြုပြင်မှုတွေလုပ်ခဲ့ရတာ ကြုံခဲ့ဖူးပါတယ်။
၃။ သင့်ကား ဘက်ထရီစစ်ဆေးပြီးပြီလား?
ခရီးသွားတဲ့ကားလေးတွေ အဖြစ်များတဲ့ ပြဿနာတစ်ခုက ဘက်ထရီအားကျပြီး ကားစက်နှိုးမရတာပါ။ ဒီလိုဖြစ်ရင် လမ်းခရီးမှာ ဘက်ထရီထောက်နှိုးရ၊ ထောက်ကြိုးရှာရ၊ ထောက်နှိုးမယ့် အကူဘက်ထရီအိုးရှာရနဲ့ အရမ်းဒုက္ခများပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်ကား ဘက်ထရီကောင်း/မကောင်း၊ ဘက်ထရီအိုးရဲ့ ပါဝါကျ/မကျ စမ်းသပ်သွားသင့်ပါတယ်။
ပုံမှန် ဘက်ထရီအိုးကောင်းတစ်လုံးရဲ့ voltage က 12.35 V လောက်ပျမ်းမျှရှိပြီး ကားစက် စစနှိုးလိုက်တဲ့ အချိန် starter motor ကို စဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို့အား votlage drop က 11. V ကနေ 10. V ထိပဲဆင်းသွားတယ်။ ဒါက အားပြည့်နေတဲ့ဘက်ထရီအိုးကောင်းတစ်လုံးအတွက်ပါ။ ဒါကို digital multimeter နဲ့တိုင်းတာကြည့်လို့ရပါတယ်။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီဘက်ထရီကို စိတ်ချလက်ချအသုံးပြုနိုင် ခရီးသွားနိုင်ပါပြီ။ သင့်ကား လမ်းမှာ ဘက်ထရီဝပ်စရာ မရှိနိုင်ပါ။
အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5V လောက်ထိ ဗို့အားထိုးကျသွားတတ်ပါတယ်။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင် အသင့်အတင့်သုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘက်ထရီအိုးအားထိုးကျသွားတာမျိုးက ဖြစ်ခဲပါတယ်။
ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘက်ထရီ ဗို့အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ခရီးသွားဖို့ ဘယ်လိုမှ စိတ်မချရတော့ပါဘူး။ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ကားစက်သတ်ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘက်ထရီအားကျပြီး စက်ပြန်နှိုးလို့မရတဲ့ပြဿနာနဲ့ ကြုံတွေရနိုင်ပါတယ်။
ဒါကြောင့် ခရီးမသွားခင် သင့်ကား ဘက်ထရီကို စစ်ဆေးသွားမယ်ဆို ကားစက်နှိုးမရတဲ့ ပြဿနာကနေ ကင်းဝေးနိုင်ပါတယ်။
၄ ။ ကားဒိုင်နမို စစ်ဆေးပြီးပြီလား ?
အရပ်ခေါ် ဒိုင်နမိုလို့ခေါ်လိုက်တာပါ။ တကယ်တော့ Alternator ပါ။ ကားတစ်စီးလုံးရဲ့ အဓိက အရေးပါတဲ့ လျှပ်စစ်စနစ်တွေကို ထောက်ပံ့ပေးထားတဲ့အရာပါ။ ဒီအော်တာနေတာက ကားဘက်ထရီကို အားသွင်းပေးပြီး ကားမှာရှိတဲ့ ဆက်စပ် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေကို အလုပ်လုပ်စေပါတယ်။
ဒီကား အော်တာနေတာရဲ့ အဓိက အဖြစ်များတဲ့ ပြဿနာက ကာဗွန်ဘရက် (carbon brush) တွေ ပွန်းစားပြီးတိုကုန်တာပါ။ ဒီလိုဖြစ်မယ်ဆို အော်တာနေတာကနေ အားသွင်းစနစ်အပြည့်အဝ အလုပ်မလုပ်တော့ဘဲ သင့်ကားမောင်းနေရင်းကနေ ကားဒိုင်ခွက်မှာ ဘက်ထရီအိုးပုံ ချက်မီးလေး ထလင်းပြီး ကားစက်ထိုးရပ်သွားပါလိမ့်မယ်။
ဒီလိုမဖြစ်ရအောင် သင်ခရီးမသွားခင် သင့်ကား အော်တာနေတာကနေ အားသွင်းစနစ်ကောင်းမကောင်းစစ်ဆေးသွားသင့်ပါတယ်။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ့ voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ်။ ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို့ 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ့ အားသွင်းစနစ် တစ်ခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို့လို့နေပါပြီ။
ခရီးမသွားခင် ကား charging စနစ် ကောင်း/မကောင်းဟာလည်း ခရီးသွားနေစဉ် စိတ်အနှောက်အယှက်မဖြစ်စေဖို့ မဖြစ်မနေစစ်ဆေးသင့်တဲ့ အကြောင်းအရာတစ်ခုပါပဲလို့ တင်ပြပေးလိုက်ရပါတယ်။
Beauty Of Joseon Relief Sun Aqua-Fresh🌟
ကောင်းလွန်းလို့ လူတိုင်းကိုသုံးစေချင်တဲ့ sunscreen လေးပါပဲ။ လိမ်းရတာ အိစက်နူးညံ့ပြီး အရသာရှိလိုက်တာလို့ တွေးမိတယ်။ ခုခေတ်မှာ sunscreen ကောင်းကောင်း မရှားတော့ပါဘူး။ အဲ့လို sunscreen တွေအများကြီးထဲမှာမှ ဒီလိုထင်းထွက်ပြီး ကောင်းတာမျိုးတွေ့ဖို့တော့ မလွယ်ဘူးလို့ Nyi ထင်ပါတယ်။
သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေကလဲ အရမ်းသဘောကျဖို့ကောင်းတယ်။ Chemical sunscreen မလို့ Chemical UV filters တွေရယ် Rice seed water, Panthenol, Oat extract, Artichoke leaf extract, Green tea leaf water, Sodium hyaluronate, Glycerin, Beta-Glucan, Inositol, Tocopherol, Ferulic acid, Ceramide NP, Rice amino acids, Rice Sh-Oligopeptide 1 စတာတွေရယ် ပါဝင်ပါတယ်။
Nyi သတိထားမိသလောက် သူ့မှာ hydrating ingredients တွေကိုပဲ အဓိကအသုံးပြုထားတယ်။ Moisturizing ingredients တွေကို အရင် Relief sun ထက်စာရင် လျှော့သုံးထားတာ မြင်ရပါတယ်။ 100% Alcohol free ဖြစ်တယ်၊ Fragrance & Essential oil free~ Sensitive skin နဲ့ Barrier damaged skin တွေအတွက် အကောင်းမွန်ဆုံး ingredients list ပါပဲ။
အရင် Relief sun က lotion texture ဆိုရင် ဒီ Aqua-Fresh က milky texture လောက်ပဲ ရှိတယ်။ အရည်အရမ်းကျဲပြီး လိမ်းလိုက်တာနဲ့ ရှလွတ်ခနဲ စိမ့်ဝင်သွားတယ်။ အရမ်းပေါ့ပါးပြီး airy, breathable ဖြစ်နေရောပဲ။ ဘာအနံ့မှ မရပါဘူး။ Finish လေးကလဲ ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်လိုက်ရင် မွှတ်မွှတ်ချောချောလေးနဲ့ powder ပုတ်ထားသလိုလေး ဖြစ်နေတယ်။ သူ့လိမ်းပြီး မဲတာအဆီပြန်တာမျိုး မရှိပါဘူး။ Natural finish ကို အသားလေးဝင်းပြီး ကြည့်ကောင်းနေစေတယ်။
တခုတည်းသော အားနည်းချက်က စျေးလေးနဲနဲမြောက်တယ်လို့ပဲ ပြောရမလားပဲ။ သူ့စျေးတန်းက sunscreen တွေနဲ့ယှဉ်ရင် အဆင်အလန်းကြီးဆိုပေမယ့် 3သောင်းပတ်ချာလည် sunscreen တွေနဲ့ ယှဉ်ရင်ပေါ့နော်။ ဒါပေမယ့် ကိုယ်တိုင်လိမ်းကြည့်ပြီးသွားရင်တော့ စျေးကြီးတယ်လို့ မမြင်နိုင်တော့ပါဘူးဗျ။
သူ့ကို All skin types သုံးဖို့ Nyi ညွှန်းပါတယ်။ ရေဓာတ်သေချာပေးနိုင်လို့ dehydrated skin တွေနဲ့ အရမ်းအဆင်ပြေတယ်နော်။ Rice extract ကို အခြေခံပြီး ထုတ်လုပ်ထားလို့ အသားမကြည် အသားညစ် အမဲစက် ချွေးပေါက်ကျယ်သမားတွေနဲ့ အထူးသင့်တော်ပါတယ်ခင်ဗျာ။
#crd
#skincarereview
ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ ကျင်းပနိုင်သည်ဟု ပြော
ဇန်နဝါရီ ၂၃
နစကသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)အား အာဏာအပ်မည်ဆိုလျှင် ကာ/လုံ အနေဖြင့် ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ၍ ကျင်းပနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အား မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
အခြေခံဥပဒေအရ နစကသည် ကာ/လုံအား အာဏာအပ်လျှင် ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲအား ၂ ကြိမ်ခန့် ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
ဒေါက်တာအေးမောင်က “၂၀၂၅ လာမယ့် ဇန်နဝါရီ ၃၁ မှာ နစက အသွင်ပြောင်းမှာလား၊ ၆ လ ၂ ကြိမ် လာမှာ လားပေါ့၊ နစကဘက်က ချင့်ချိန်မှာပေါ့၊ နိုင်ငံရေးအားဖြင့် ဘယ်လိုထွက်ပေါက် ပေးမှာလဲ၊ ဒီဘက်ကကျတော့ ၆ လအတွင်းမှာ အခြေခံဥပဒေအရ ရွေးကောက်ပွဲကြီးကို နစကသည် ကာ/လုံကိုအပ်တာနဲ့ ကာ/လုံသည် ၆ လ အတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပါတာပေါ့၊ ၆ လအတွင်းမှာ မပြီးခဲ့ရင်ရော ကမ္ဘာကိုပြောထားတဲ့ ကတိပေါ့ဗျာ၊ ၂၀၂၅ မှာ ရွေးကောက်ပွဲကြီး လုပ်မယ်လို့ ပြောတာပေါ့၊ အဲတာကြောင့်လည်း သူ့ဘက်က ကြိုတင် ပြင်ဆင်မှု လုပ်နိုင်တဲ့ အနေအထား ဆိုရင်တော့ဖြင့် လာမယ့် နိုဝင်ဘာလထက် ၁၉၉၀ မှာလည်း လုပ်ခဲ့တဲ့ မေလ ကို ခန့်မှန်းဖို့ ပထမဖြစ်လာတာပေါ့၊ အဲတော့ ၃၁ ဇန်နဝါရီမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်မှာလား၊ တစ်ခုက ခုနကပြောတဲ့ ရွေးကောက်ပွဲကြီးကို ၆ လအတွင်း မပြီးမြောက် နိုင်ခဲ့ရင်ရော ဆိုတာကို စိုးရိမ်ရင် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့စတဲ့ ကာလကို ကာ/လုံကို အပ်နိုင်တာပေါ့၊ အဲတော့ အဲဒီ ၆ လမှာ ရွေးကောက်ပွဲ ၁ ကြိမ်လုပ်နိုင်မှာလား၊ ဒါကတော့ နစကသည် သူ့ဟာသူ ကြိုတင်ပြင်ဆင် နိုင်တာပေါ့ဗျာ၊ အဲတော့ အခြေခံဥပဒေ အရလည်း ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်ပဲပါတာ၊ တစ်ကြိမ်ထဲနဲ့ ပြီးအောင် လုပ်ရမယ်လို့ သတ်မှတ်ထားတာ မရှိတော့ ကာ/လုံသည် ၂ ကြိမ်လောက် သွားနိုင်တာပေါ့” ဟု ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိသေးပေ။
၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား ဖိတ်ခေါ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အတူ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား ကြည့်လေ့လာခွင့် ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
လက်ရှိတွင် နစကသည် သက်တမ်း ထပ်တိုးနိုင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါကလည်း ဇူလိုင်လ မကုန်ခင် ကျင်းပရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောသည်။
ဦးခွန်းဆိုင်က “ကြားသိရသလောက်ကတော့ ကာ/လုံကို အာဏာအပ်မယ်လို့ မကြားသိရသေးဘူး၊ ဖြစ်နိုင်တာတွေ က သူက သက်တမ်းထပ်တိုးမယ်၊ သက်တမ်းတိုးပြီးတော့မှ ၆ လ မပြည့်ခင်မှာပဲ ကာ/လုံကို အာဏာပြန်အပ်လို့ ရတယ်လို့ ပြောပါတယ်၊ ၆ လပြည့်မှ ကာ/လုံကိုအပ်တာ မဟုတ်ဘူး၊ မပြည့်ခင်ထဲက အပ်လို့ရတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူကဒီ ကြားသိရသလောက် ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို တတိယ ၃ လပတ်မှာ ကျင်းပမယ်လို့ သတင်းရှိတယ်ပေါ့ဗျာ၊ အဲဒီတော့ တတိယ ၃ လပတ်ဆိုတဲ့ အခါကျတော့ ဇူလိုင်ကနေ စက်တင်ဘာပေါ့နော်၊ အဲသလိုဖြစ်တယ် တကယ်လို့သူတို့ ဒီတိုင်းလုပ်မယ်ဆိုရင် နေ့စွဲအတိအကျတော့ မသိရဘူး၊ တတိယ ၃ လပတ်မှာ သူတို့ ကျင်းပမယ် ဆိုလို့ရှိရင် အနည်းဆုံး ၂ လ ကြိုတင်ပြီးတော့မှ ကြေညာရမှာပေါ့၊ ဒီလိုဆိုလို့ရှိရင် သူတို့သက်တမ်းတိုးလို့ရတယ်၊ မတိုးချင်လည်း ရတယ်၊ ဒါပေမယ့် တကယ်လို့ လုပ်မယ်ဆိုလို့ ရှိရင်လည်း သူက ဇူလိုင်လ မကုန်ခင်ကတည်းက ရွေးကောက်ပွဲ ကျင်းပရမှာလေနော်၊ ရိုးရိုး လွတ်လွတ်ကျွတ် ကျွတ် ပြောမယ်ဆိုလို့ရှိရင် သူတို့အခု လောလောဆယ်ကတော့ ဆက်ကိုင်ထားဖို့ ရှိတယ်လို့ပဲ မှန်းရပါတယ်ဗျ” ဟု ပြောသည်။
နစကအနေဖြင့် ရွေးကောက်ပွဲအား ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲများ စတင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုက်တွန်းထားကြသည်။
တရုတ်အစိုးရကတော့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆန္ဒပြုကူညီနိုင်မည်ဟု ပြောကြားထားသလို ရုရှားနိုင်ငံကလည်း ရွေးကောက်ပွဲကို ကူညီမည့်အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့ သည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#centralnewsnaypyitaw