1 နှစ် - ဘာသာပြန်ပါ။

မြဝတီဒေသက ကျားဖြန့်ကို တရုတ်၊မြန်မာ၊ထိုင်း ပူးပေါင်းနှိမ်နင်းမည်

ကူမင်း၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)ကို တရုတ်၊ မြန်မာ၊ ထိုင်း ပူးပေါင်း၍ နှိမ်နင်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု တရုတ်သတင်းဌာန Global Times က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်း (Kunming) မြို့တွင် ဇန်နဝါရီ ၂၁ ရက်က တရုတ်ထိပ်သီးအရာရှိများ သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ လန်ကန်-မဲခေါင် (Lancang-Mekong) တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။

ထိုအစည်းအဝေးအတွင်း တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိပ်သီးအရာရှိများသည် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့် လုပ်ငန်းများကို တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအပေါ် သဘောထားများ ဖလှယ်ခဲ့ကြသည်။

လန်ကန်-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ မူဘောင်အောက်တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

ထိုယန္တရားအတွင်း ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေမှု၊ ပူးတွဲစစ်ဆင်ရေးများ၊ စွမ်းဆောင်ရည် မြှင့်တင်မှု၊ ပြည်သူ့လုံခြုံရေး ဖြစ်စဉ်များကို တုန့်ပြန်ရာတွင် ဆက်သွယ်ရေးနှင့် အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးတို့ ပါဝင်သည်။

ထိုအစည်းအဝေးသည် အာဆီယံနိုင်ငံများက ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ၏ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ကျားဖြန့်လုပ်ငန်းကို အမြစ်ပြတ် တိုက်ဖျက်ရန် အတွက် စီမံကိန်းများ ချမှတ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စစ်ဆင်ရေးများပြုလုပ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

ထို့ပြင် ကျားဖြန့်လုပ်ငန်းများတွင် ပိတ်မိနေသည့် နစ်နာသူများကို ကယ်တင်ရန်၊ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် များကို ဖမ်းဆီးရန်၊ ကျားဖြန့်စင်တာများကို ဖျက်သိမ်းရန်၊ လန်ကန်-မဲခေါင်ဒေသတွင် နေထိုင်သူများအတွက် ဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် စသဖြင့် ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်တွင် လန်ကန်-မဲခေါင် ပူးတွဲ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ (LMLECC) က သီးခြားထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင် ပူးတွဲပြုလုပ်သည့် စစ်ဆင်ရေးများ အတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည်ဟု သံသယရှိရသူ ၇၀,၀၀၀ ခန့်ကို ဖမ်းဆီးရမိပြီး နစ်နာသူ ၁၆၀ ကျော် အား ကယ်တင်ခဲ့သည်ဟု ဖော်ပြထားသည်။

LMLECC သည် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား၏ မူဘောင်အောက်တွင် လန်ကန်-မဲခေါင် ဒေသ၏ နိုင်ငံရေးလုံခြုံမှုအတွက် ဖွဲ့စည်းထားသော ပထမဆုံး နိုင်ငံတကာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက် သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Source: Global Times

ပုံ - မြဝတီမြို့နယ် ရွှေကုက္ကိုလ်က ကျားဖြန့်အရေး BGF-DKBA-တရုတ်လုပ်ငန်းရှင်များ ဆွေးနွေးကြစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း 🌸🌸🌸

#gems

image
1 နှစ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း 🌸🌸🌸

#gems

image
1 နှစ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း 🌸🌸🌸

#gems

imageimage
Thaw Zin Soe သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ်

image

image

မိုနာကိုအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီအငှားခေါ်ယူဖို့စိတ်ဝင်စားနေပြီး အဆိုပါပြင်သစ်ကလပ်အသင်းအနေနဲ့ အဆိုပါအဂ်လန်ကစားသမားရဲ့လုပ်ခလစာအများစုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဂ်လန်တောင်ပံကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သရဲနီအသင်းကနေ ပြင်သစ်လိဂ်ဝမ်းနာမည်ကြီးကလပ်မိုနာကိုအသင်းဆီအငှားပြောင်းရွှေ့ဖွယ်ရှိတယ်လို့ The Sun သတင်းက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လိဂ်ဝမ်းကလပ်ဟာ ငွေကြေးလုံလောက်မှုရှိတဲ့အသင်းဖြစ်တာနဲ့အတူဖြစ်နိုင်ချေရှိတဲ့ရွေးချယ်စရာအသင်းဖြစ်ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့လုပ်ခလစာအားလုံးအတွက်တာဝန်မယူနိုင်ပေမဲ့လည်း လုပ်ခလစာအများစုကိုပေးချေဖို့စဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ကတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားမှုအဆုံးသတ်ခဲ့ပြီး ဘိုရပ်ရှ်ရှားဒေါ့မွန်အသင်းကလည်းအဆိုပါအဂ်လန်ကစားသမားကိုအငှားခေါ်ယူချင်ပေမဲ့ လုပ်ခလစာတဝက်လောက်ကိုသာပေးချေချင်နေတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတော့မည့် Blackpink အဖွဲ့ဝင်ဂျင်းနီ

ဇန်နဝါရီ ၂၃

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိာတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” ထွက်ရှိလာမည့်အကြောင်းကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ODDATELIER Entertainment အေဂျင်စီ၏ အဆိုအရ ဂျင်းနီ၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” သည် လာမည့်မတ်လ(၇)ရက်တွင် ထွက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအယ်လ်ဘမ်တွင် (၂၀၂၄)ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့သော 'Mantra' သီချင်း အပါအဝင် စုစုပေါင်း သီချင်း(၁၅)ပုဒ် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Ruby အယ်လ်ဘမ်သည် Childish Gambino၊ Doechii၊ Dominic Fike၊ Dua Lipa၊ FKJ နှင့် Kali Uchis ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များနှင့် ပူးပေါင်းထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို ဆွဲဆောင်မှုများလုပ်ဆောင်နိုင်မည့် အယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း ပြောဆိုမှုများ လည်း ရှိသည်။ ဂျင်းနီသည် Mantra သီချင်းဖြင့် အမေရိကန်၊ ဘရာဇီး၊ စင်ကာပူ၊ ဖိလစ်ပိုင် နှင့် မက္ကဆီကိုတို့ အပါအဝင် နိုင်ငံနှင့်ဒေသ(၄၇)ခုရှိ iTunes ထိပ်တန်းသီချင်းများ ဇယားတွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှုများကို တက်လက်ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် Mantra သီချင်းသည် Billboard Hot 100 ဇယားတွင် သီတင်းပတ်(၂)ပတ်ဆက်တိုက် ပါဝင်ခဲ့ပြီး ဂျင်းနီသည် အမေရိကန် iTunes Top Songs ဇယားတွင် နံပါတ်တစ်နေရာကို ရယူနိုင်သည့် ပထမဆုံး K-pop အမျိုးသမီး တစ်ကိုယ်တော်အနုပညာရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ််များသည် Ruby အယ်လ်ဘမ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ဂျင်းနီက ၎င်း၏ အနုပညာနှင့်ပတ်သက်သောစွမ်းဆောင်ရည်များကို မည်ကဲ့သို့ ထပ်မံထုတ်ဖော်ပြသသွားမလဲဆိုသည်ကို မျှော်လင့် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

#celecele

imageimage

1 နှစ် - ဘာသာပြန်ပါ။

တူလေးသတိုးသီဟကို သွားထိန်းပြီး လက်ကမချနိုင်အောင် ချစ်နေတဲ့ စိုးပြည့်သဇင် 🥰

ခေတ်လေးနဲ့အတူ သွားကြည့်ခဲ့ကြတာပါ။ တူလေး သတိုးသီဟရဲ့ နှာတံစင်းစင်းလေးကြောင့် အချစ်တွေပိုနေခဲ့ရတယ်လို့ဆိုပါတယ်။ တူ၊ တူမတွေအများကြီးပိုင်ဆိုင်ထားပြီးပြီဖြစ်တဲ့ သူမကတော့ ယခုအချိန်ထိ အိမ်ထောင်မပြုသေးတာကိုတွေ့ရပါတယ်။ တူမလေး ထရက်ရှာအတွက်လည်း လက်ဆောင်တွေဝယ်လာပေးခဲ့ကြောင်း သူမက မျှဝေပြောပြထားတာပါ။

#crd
#celenews

image