ရှူးရှဲငကြင်းငပိချက်
============

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍
အရိုး နွှင် ထား ပါ . .!

ငပိရည် ကို ဆနွမ်း အနည်းငယ်ခက် ကျို ပီး
အရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ .!

ကြက်သွန် ဖြူ များများ ကို မညတ်တညတ် ထောင်းပါ. .!
ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပါ. .!

အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍ ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ . .!

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ. .!

ငါးဆီသက် ပီးလျှင် အရိုးစစ်ထုတ်၍ ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ. .!

အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ပါ. .!

ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏအပူပေးကာ အိုးချ ၍ သုံးဆောင် လို့ ရပါပီရှင်. .!
( ငရုပ်သီးစိမ်း စားလို့ ဗိုက်နာ တက်လျှင် ငရုပ်သီးစိမ်းများ ကို အရင် လှော်ပီးမှ ထောင်းထည့်ပါ)

(ချဉ်ငံစပ် စားချင်လျှင် မန်ကျည်းရည် အနည်းငယ်ထည့်ပါ)

( တခါ ချက်ဆို ပင်စိမ်း or နံနံပင်အုပ်၍ ချက်နိုင်ပါသည် )

အရမ်းမွှေးပီး ထမင်းမြိန်မှာ ဧကန်ပါ. .!

*ငါး နေရာတွင် ပုစွန် အစားထိုး၍လည်း ဤနည်းအတိုင်း ရှူးရှဲ ပုစွန်ငပိချက် ချက်နိုင်ပါသည် *

Credit

image

မလွဲတောင်အတတ်တွင် ခရီးသည်ယာဉ်တစ်ဦး အရှိန်လွန်၍ ချောက်ထဲသို့ပြုတ်ကျရာ ကျောင်းသူတစ်ဦး အပါအဝင်(၅) ဦးသေဆုံး၊ (၅) ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၃

ရေး-ထားဝယ်လမ်းမကြီး၊ ၁၄ မိုင်ဘုန်းကြီးကျောင်းအကွေ့တွင် ရေးမြို့မှပြန်လာသည့် ခရီးသည်ကုန်တင် ယာဉ်မှာ အရှိန်လွန်၍ ချောက်ထဲသို့ ပြုတ်ကျရာ Grade-11 တတ်ရောက်နေသည့် ခရီးသည်ကျောင်းသူတစ်ဦး အပါအဝင် (၅) ဦးသေဆုံးပြီး၊ ယာဉ်မောင်းအပါခရီးသည်(၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် ၂ နာရီအချိန်တွင် ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာရှိ ခရီးသည်ကုန်တင်ယာဉ်မှာ အရှိန်လွန်၍ ပေ (၁၀၀) ကျော်ချောက်ထဲသို့ ပြုတ်ကျသွားသောကြောင့် ဖြစ်စဉ်နေရာသို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“Grade-11 ကျောင်းသူတစ်ဦးက အဆောင်ကနေသူ့အိမ်ကိုပြန်လာတာ။ အဲ့မှာယာဉ်မှောက်တော့ သူပါဆုံးသွားတယ်။ သူအပါ မိန်းကလေး ၃ ဦးနဲ့ အမျိုးသား ၂ ဦးသေတယ်။ ယာဉ်မောင်းအမျိုးသားအပါ ကျား ၃ ဦးနဲ့ မ ၂ ဦးဒဏ်ရာရတယ်” လို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ကျန်ခရီးသည်များမှာ နံရိုးကျိုး၊ ဦးခေါင်းကွဲ၊ ဝမ်းဗိုက်နှင့်လက်များကျိုး၍ ရေးနှင့်မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

imageimage
+6

မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး ကိုင်လ် ဝေါ်လ်ကာက အီတလီနာမည်ကြီးလိဂ်ဆီပြောင်းရွှေ့ကစားဖို့အတွက် အေစီမီလန်အသင်းမှာခန္ဓာကိုယ်ဆေးစစ်မှူခံယူဖို့အတွက်ပြင်ဆင်နေပါတယ်။

မန်ချက်စတာစီးတီးအသင်းကစားသမား ကိုင်ဝေါ်လ်ကာက ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အီတလီကိုသွားရောက်ခဲ့ပြီး အီတလီစီးရီးအေနာမည်ကြီးလိဂ်ကလပ်အေစီမီလန်အသင်းဆီပြောင်းရွှေ့ကစားဖို့အတွက်ဖြစ်ပါတယ်။

အဆိုပါအဂ်လန်လက်ရွေးစင်ညာနောက်ခံကစားသမားဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအရရောပြီးခဲ့တဲ့လပိုင်းလောက်တုန်းက ကစားသမားဘ၀မှာပါ ခက်ခဲဒုက္ခရောက်တဲ့အချိန်ကာလတွေရင်ဆိုင်ခဲ့ရပြီးလက်ရှိမှာတော့ သူ့အနေနဲ့မန်ချက်စတာစီးတီးအသင်းကနေပြောင်းရွှေ့ထွက်ခွာဖို့အဆင်သင့်ဖြစ်ပုံရပါတယ်။

ကိုင်လ်ဝေါ်လ်ကာအနေနဲ့ ခန္ဓာကိုယ်ဆေးစစ်ဆေးမှုခံယူဖို့ပြင်ဆင်နေပြီး အေစီမီလန်အသင်းဆီ ၂ နှစ်ခွဲစာချုပ်နဲ့အတူပြောင်းရွှေ့ကစားဖို့စာချုပ်လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။မန်ချက်စတာစီးတီးအသင်းကလည်း အဆိုပါအဂ်လန်နောက်ခံကစားသမားကိုလက်လွှတ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။

လက်ရှိမှာတော့ ကိုင်လ်ဝေါ်လ်ကာဟာ အသက် ၃၄ နှစ်ရှိပြီး ဒီရာသီကာလမှာ လျင်မြန်မှုအတော်လေးကျဆင်းလာခဲ့တာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
1 y - Translate

အိမ်ထောင်ရေးဆိုတာ ကံမစမ်းရဲတဲ့ အနေအထားမို့ အပျိုကြီးလုပ်ဖို့ စဉ်းစားထားတယ်ဆိုတဲ့ ဆောင်းယွန်းစံ

အနုပညာအလုပ်တွေ ပုံမှန်လုပ်ကိုင်လာလို့ ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လက်ရှိအသက်အရွယ်လေးတစ်ခုရလာပေမဲ့ အိမ်ထောင်ရေးဆိုတာ ကံမစန်းရဲတဲ့ အနေအထားမို့ အပျိုကြီးလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ ဆောင်းက ကိုယ့်ရည်းစားတွေကို ပိုချစ်ခဲ့တာ။ နောက်ပိုင်းကြတော့ ကိုယ့်ဆိုးခဲ့တဲ့ ကာလတစ် လျှောက်လုံးက ဒီမိသားစုက ကိုယ့်နားမှာ ရပ်တည်ပေးတယ်၊ ရှိခဲ့တာဖြစ်တဲ့အတွက် ဆောင်းက မိဘတွေကို ပြန်ကြည့်နိုင်ချိန်မှာ အရာရာ မိဘအတွက်ပဲ ပေးဆပ်ထားတာပါ။ ဆောင်းက အပျိုကြီးလုပ်ဖို့လည်း စဉ်းစားထားပါတယ်။ ဆောင်းက မိသားစုကို ပိုချစ်ပါတယ်။ ရည်းစားကတော့ နောက်ရောက်သွားတာပေါ့။

ဆောင်းရဲ့ တတ်တူးတွေလည်း ဖျက်လိုက်ပါပြီ။ ခန္ဓာကိုယ်ပေါ် တတ်တူးတွေလည်း မထားချင်တော့လို့ ဖျက်လိုက်တာပါ။ တကယ်တော့ ဆောင်းက ဘယ်ရည်းစားနာမည်မှလည်း တတ်တူးမထိုးပါဘူး။ ဘယ်သူ့မှ အဲလောက်ထိဆောင်းမချစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆောင်းကပိုချစ်တာပါ”လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။

သူမကတော့ လက်ရှိ လင်းလက်ဆိုတဲ့ ကာရိုက်တာနဲ့ Channel K နဲ့ Mahar Application က ထုတ်လွှင့်ပြသခဲ့တဲ့ “မျက်နှာဖုံး” ဇာတ်လမ်းတွဲမှာ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ Ella ရွှေစင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ ဘဝမှာ ရည်းစား ၃ ယောက်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ဆယ်ကျော်သက်အရွယ်ကတော့ အချစ်နဲ့ပတ်သက်ရင် အချစ်ရူးပေါ့။ အရူးအမူးရှိကြတာပေါ့။ ဆောင်းရဲ့ အချစ်ဦးဆိုရင် ၁၀ နှစ်လောက် တွဲခဲ့ကြတာပါ။ တွဲလိုက်တဲ့ရည်းစားတွေက တစ်ဘဝစာလုံးစဉ်းစားပြီးမှ တွဲခဲ့တာတွေပဲ။ ဘယ်သူ့ကိုမှ အပျော်တွဲခဲ့တယ်ဆိုတာမျိုးမရှိဘူး။ ကိုယ်နဲ့ရည်းစားနဲ့ ပြတ်သွားပြီဆိုရင် တကယ့်ကို မေ့ပစ်လိုက်တာပါ။ လက်ရှိခံယူထားတဲ့ အချစ်ရေးကတော့ နှစ်ဦးနှစ်ဖက်ပျော်ဖို့ပါပဲ။ ဆောင်းတို့ အသက်အရွယ်လေးတစ်ခုမှာ အိမ်ထောင်ရေးဆိုတာ ကံမစမ်းရဲတဲ့ အနေအထားပေါ့။ ဒီအချိန်ချစ်နေပေမယ့် နောင်တစ်ချိန်ချစ်မယ်လို့လည်း ပြောမရဘူးလေ။ လူတွေက စိတ်အမျိုးမျိုးပြောင်းလဲနိုင်တာပဲလေ”လို့ သူမက ဆက်ပြောပါတယ်။

#celecele

image
image
image
1 y - Translate

နေဝင်သွားပြီ.....
အနည်းဆုံးတော့ ကြည့်လိုက်ရတဲ့အတွက် တန်ပါတယ်၊၊
#စာတို

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို လက်မခံသလို နစက၊ နိုင်ငံတကာနဲ့ပူးပေါင်းနှိမ်နင်းမယ်လို့ BGF ဆိုပြန်

ဇန်နဝါရီလ ၂၃

ထိုင်း - မြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊မြဝတီခရိုင်အတွင်းရှိ အွန်လိုင်းကနေ ငွေလိမ်မှုလုပ်နေတဲ့ကျားဖြန့်လုပ်ငန်း၊ လူကုန်ကူး၊မသမာမူ၊ ဒုစရိုက်မှုတွေ ကို လက်မခံကြောင်းနဲ့ ကျူးလွန်သူတွေကို တားဆီးနှမ်နင်းသွားမယ်လို့ ကရင်ပြည်နယ် ၊နယ်ခြားစောင့်တပ်BGF ကဇန်နဝါရီ၂၂ရက်မှာအသိပေးလာပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ နစက အပြင် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ အတူ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ BGF ကဆိုထားပါတယ်။

BGF ကတော့ သူတို့အနေနဲ့ ဒေသအတွင်းလာရောက်ပြီး ဖွံ့ဖြိုးရေး လုပ်ကိုင်မယ့် လုပ်ငန်းရှင်ကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှု ကို လုံးဝ( လုံးဝ) လက်မခံဘဲ အတိအလင်းတားမြစ်ထားတယ်လို့ ထုတ်ပြန်စာမှာရေးသားထားပါတယ်။

ဒါပေမယ့်လည်းကျားဖြန့်ဂိုဏ်းတွေ ကတော့ BGF ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊မြဝတီခရိုင်ထဲက KKpark နဲ့ရွှေကုက္ကိုလ်မြို့တွေမှာ အဓိကလုပ်ငန်းဆောင်ရွက်နေကြတာဖြစ်ပြီး အဆိုပါ လုပ်ငန်းတွေမှာ တရုတ်အပါပြည်ပနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေ တရားမဝင်လူကုန်ကူးခံရပြီး ခိုင်းစေခံနေရတယ်လို့သိရပါတယ်။

" သူတို့ကခုလို နိုင်ငံတကာကပါ ပြောလာရင် ခုလိုပဲစာထုတ်ပြောနေတာပဲ။အရင်လည်း မြဝတီမြို့ထဲက ကာစီနိုရုံတွေဂိမ်းဆိုင်တွေပိတ်ဖို့ပြောတာပဲ။ဘာမှမထူးဘူး။အခုက ရွှေကုက္ကိုလ်ဆိုတော့ပိုဆိုးသေး။ဒီလုပ်ငန်းကရတာတွေနဲ့သူတို့ရပ်တည်နေရတာဆိုတော့ ဘယ်အရပ်ခံမလဲ။ဒီကရတဲ့အခွန်တွေငွေတွေနဲ့ သူတို့တပ်ဖွဲ့လစာတွေဘာညာလုပ်ကြတာလေ။" လို့ ဒေသခံက ပြောပါ တယ်။

BGF ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကို ဖိတ်ခေါ်ကာ တရားဝင်စီမံကိန်းတွေ ကို အကောင်အထည်ဖော်ဆောင်ခဲ့တာသာဖြစ်ကြောင်း၊ ဖော် ဆောင်ရာမှာအကျိုးတူဆောင်ရွက်တဲ့စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှါးရမ်းစနစ်သုံးပြီး ဝင်ငွေနည်းတဲ့မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသားစုဝင်ငွေတိုးစေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အိမ်ရာစီမံကိန်းနဲ့ အပန်းဖြေဧည့်ရိပ်သာစတဲ့ အလုပ်အကိုင် အခွင့်အရေးရရှိတဲ့ လုပ်ငန်းကို ဦးစားပေးဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတချို့က ဒုစရိုက်မှုကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိလာရတဲ့အတွက် အဆိုပါ ဒုစရိုက်မှုကို အများပြည်သူသိရှိရှောင်ရှားနိုင်ရန် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်တွေကို သတိပေး တားမြစ်ခြင်းနဲ့ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အလားတူ တရုတ်သံရုံးကလည်း ဇန်နဝါရီ ၂၂ ရက်မှာပဲ ဆက်သွယ်ရေးလိမ်လည်မှုနဲ့ ကွင်းဆက်ရာဇ၀တ်မှုတွေကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူမယ့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံ ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကိုမကြာခင် စတင်သွားမယ်လို့ ကြေငြာထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နဲ့ တရားမဝင် အွန်လိုင်းလောင်းကစားမှုတွေ အခြေစိုက်ရာ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေမှာတွေမှာရှိတဲ့ အဆောက်အဦးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအများစုက ပြည်ပအဖွဲ့အစည်းတွေ လာရောက်ရင်းနှီးမြှုပ်နှံထားကြတာဖြစ်တယ်လို့ နစကမှလည်း ထုတ်ပြန်ထားပါတယ်။

နယ်စပ်ဒေသတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ပြည်ပနိုင်ငံသားအချို့အနေနဲ့ EAO လက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဆက်စပ်နေရာက ကိုယ်ကျိုးစီးပွားရှာသူတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြတာဖြစ် တယ်လို့လည်း နစကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေသူတွေဟာ သာမန်လူတွေမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံတွေမှာ ရာဇဝတ်မှုတွေဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစားလုပ်နေကြသူတွေက ဦးဆောင်ကြတာလို့လည်း သိရပါတယ်။

လက်ရှိမှာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံထဲမှာ တရားမဝင်နေထိုင်ကာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူတွေထဲကနေ တရုတ်နိုင်ငံသား ၅၃၃၈၈ ယောက်၊ ထိုင်းနိုင်ငံသား ၆၄၈ ယောက် အပါအဝင် နိုင်ငံခြားသား ၅၅၇၁၁ ယောက်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ နစက ထုတ်ပြန်မှုအရသိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

အထင်မလွဲလိုက်ပါနဲ့ 🥹

image
1 y - Translate

ဆောင်းတွင်:ရေချို:နည်း🤭

image
1 y - Translate

ကြိုးစားနေသူတစ်ဦး

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၃-၁-၂၀၂၅)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ


#fuel
#ဆီစျေး

image