23 w - Translate

လူယောင်ဆောင်ထားတဲ့ ရေအောက်သတ္တဝါ‌ ကောင်မလေးမှန်း လူတွေသိသွားတဲ့အခါ..

Ruby Gillman , Teenage Kraken 📱
===========================

ဇာတ်လမ်းအကျဉ်း -

လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြားဖူးကြပါတယ်။

လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။

ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက်
ကန် မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး မှာ လာအခြေချနေပါတယ်။

ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ
ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆိုတာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသူလေးပါပဲ။

သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။

တစ်နေ့မှာတော့ အမှတ်မထင် သမုဒ္ဒရာထဲကို ဆင်းမိပြီး ဧရာမ ခရက်ကန်ကြီးအဖြစ်ပြောင်းသွားပါတော့တယ်။

အဲဒီကနေ သူ့အမေနဲ့သူ့ရဲ့ အတိတ်အကြောင်းတွေက သိလာပြီး ရေသူမလေးတစ်ယောက်နဲ့လည်း သူငယ်ချင်းဖြစ်လာပါတယ်။

ကြည့်ရန်နှိပ်ပါ

https://t.me/relaxmovie1/772

Main channel

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate

ကိုယ့်လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...
လောကကြီးကသင့်ကို
လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။
သင် ဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်ရပြီး ဆင်းရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
စာနာပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ်။
အဆင်ပြေနေတဲ့အချိန်...
လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်
အဆင်မပြေတဲ့အခါ
နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့
မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ်။
ပြဿနာတိုင်းက သင့်ကို
အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။
အဆိုးတွေအားလုံးက သင့်ကို
အရှုံးပေးဖို့ဖြစ်စေတာ မဟုတ်ဘူး
တကယ်တော့သင့်ကို
အကောင်းဖက် ဘယ်လိုသွားရမလဲ
သင်ပြပေးနေကြတာပါ။
ရုန်းကန်မှုအားလုံးက
သင့်ကို စိတ်ဓါတ်ကျစေဖို့
ဖြစ်စေတာမဟုတ်ဘူး။
တကယ်တော့သင့်ကို
အောင်မြင်ခြင်းကို ဘယ်လို ယူရမလဲ
သင်ပြပေးနေကြတာပါ။
လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို
အရာရာ သင့်လက်ထဲမှာ ပါပဲ။
သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်
ကိုယ်ထိခိုက်ရပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါးကို မထိခိုက်စေနဲ့။
သူတစ်ပါး စကားကြောင့်
ကိုယ်စိတ်ဆင်းရဲရပေမယ့်
ကိုယ့်စကားတစ်ခွန်းကြောင့်
သူတစ်ပါးစိတ်မဆင်းရဲစေနဲ့။
သူတစ်ပါး ကြောင့်
ကိုယ်မျက်ရည်ကျရပေမယ့်
ကိုယ့်ကြောင့်...
သူတစ်ပါးမျက်ရည်မကျစေနဲ့။
“ လောကကြီးမှာ
လူတွေအားလုံးက အမြင့်ကိုရောက်ဖို့
လှေကားတွေကိုနင်းတက်ကြတယ်။
ဒါပေမယ့် အဲ့ဒီလှေကားတွေကို
ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး ”
“ အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ
သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ
ရစ်ဘီးလေးကိုင်လို့ မျှေ ာ်ကြည့်နေသူကို
မေ့နေတတ်တယ် ”
“ ကိုယ့်ဘ၀ရဲ့ တန်ဖိုး
ကိုယ်ဘယ်လို ဖြစ်လာသလဲဆိုတာ
ဘယ်နေရာရောက်ရောက်...
ဘယ်အခြေအနေမှာဖြစ်ဖြစ်...
မမေ့ဖို့အရေးအကြီးဆုံးပါပဲ ”
သုညဆိုတာ
သူ့ဘာသာနေရင်တော့...
တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။
ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့
တန်ဖိုးအမြင့်ဆုံးရောက်အောင်
မြှင့်တင်ပေးနိုင်ပေးပါတယ်။
#crd

image
23 w - Translate

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
~ အယ်လီနာ မီခယ်လ်ခိုဗာ
#စိတ်သစ်ပင်စာအုပ်စင်

image
23 w - Translate

မင်း လုပ်နိုင်တယ်
မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို
ဘယ်အရာကမှ ဖျက်စီးလို့ မရဘူး
ဖန်ခွက် တစ်လုံးလို နေရင်တော့
နည်းနည်းထိတာနဲ့ မင်း တစစီ
ကြေမွပျက်စီး သွားမှာပဲ.
လောကမှာ မင်းသာ ကံအဆိုးဆုံး
ထင်တယ်ပေါ့. No No No...
မင်းထက်ဆိုးတဲ့သူတွေ တပြုံကြီး
မင်းဘဝကို ကံဆိုးမုန်တိုင်း တိုက်ပါစေ
ကံဆိုးမိုးမပြတ် ရွာနေပါစေ..
မပူနဲ့ ဘယ်လောက် အချိန်ကြာအောင် သဲကြီးမဲကြီး ရွာပါစေ..
အချိန်တန်ရင် တိတ်မှာပဲ ...
အချိန်တစ်ခုပဲ လိုမှာ..
အားငယ်စရာ မလိုဘူး...
တွေးပူတတ်တဲ့ အလေ့အကျင့်ထဲက ရုန်းထွက်လိုက်တော့....
မင်း ရဲရင့်ရမယ့် အချိန်ကျပြီ...
အမြဲတမ်း တစ်ယောက်တည်း
ဖြစ်နေတတ်လို့ စိတ်အားငယ်တာလား..
တစ်ကောင်ကြွက် ဘဝကို ခံယူထားရင် စိတ်ဓာတ်ကို အမြန်ပြန်ပြင်ဆင်တော့
တစ်ကောင်တည်းဆိုလဲ မင်း ခြင်္သေ့ပဲ ဖြစ်ရမယ်..
မင်းလျှောက်လှမ်းနေတဲ့ လမ်း
ဘယ်လောက်ကြမ်းကြမ်း
စိတ်မာမာနဲ့ ဇွဲကောင်းရင်
လမ်းဆုံးရင် အောင်မြင်မှုရဲ့
အသီးအပွင့်ကို မင်းခံစားရလိမ့်မယ်
လမ်းတစ်ဝက်က လှည့်ပြန်လာရင်
မင်းပိုရှုံးတယ် အချိန်ရော စိတ်ပိုင်းဆိုင်ရာရော ပေါ့....
မင်းရည်မှန်းချက် မင်းအိမ်မက္ကို
မင်းစိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ်..
ရည်မှန်းချက်တို့ အိမ်မက္တို့ဆိုတာ
ဒိတ်ကုန်ရိုး ထုံးစံမရှိဘူး....
အမြဲ မှန်မှန်လေးသာ ကြိုးစား..
မင်းလုပ်နိုင်တယ်....
မင်းလုပ်နိုင်တယ်....
မင်းသာ အတော်ဆုံးပဲ...

image
23 w - Translate

#အချိန်မရှိလို့ပါ

စာရေးဆရာ စတီဖင်ကိုဗီ (Stephen R. Covey) ရေးထားတဲ့ ‘The 7 Habits of Highly Effective People’ စာအုပ်ထဲက အကြောင်းအရာလေးတစ်ခုကို မှီးရေးလိုက်ပါတယ်။

တစ်ရက်မှာ စတီဖင်ဟာ တောအုပ်တစ်အုပ်ထဲကို ဖြတ်သွားရင်းနဲ့ သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို လွှနဲ့ အားသွန်ခွန်စိုက် တိုက်ဖြတ်နေတဲ့ သစ်ခုတ်သမားတစ်ယောက်ကို တွေ့လိုက်တယ်။ သစ်ခုတ်သမားဟာ လွှတိုက်နေရင်းနဲ့ ပါးစပ်က တစ်ခုခုကို မကျေမနပ်ဖြစ်ပြီး တတွတ်တွတ် ရေရွတ်ပြောနေပါတယ်။

စတီဖင်က သူ့ကို မေးလိုက်တယ်။

- “ဘာဖြစ်နေတာလဲဗျ”

- “ငါ့လွှသွားတွေ တုံးနေလို့ကွာ။ ဒီသစ်ပင်ကို ဖြတ်နေတာ ၃ နာရီတောင် ကြာနေပြီ။ ပင်စည်တစ်၀က်တောင် ဖြတ်မရလို့ စိတ်ပျက်နေတာပါ”

- “ဒါဆိုလည်း ခင်ဗျားလွှသွားတွေကို သွေးလိုက်ပါလားဗျ”

- “အဲဒါဆိုရင် ငါ လွှတိုက်နေတာကို ရပ်လိုက်ရမှာပေါ့”

- “ဒါပေမဲ့ ခင်ဗျား လွှသွားတွေကို ထက်အောင် သွေးလိုက်ရင် အရင်ထက် သစ်ပင်ကို ဖြတ်ရာမှာ ပိုမြန်ပြီး ပိုလည်း သက်သာလာမှာပေါ့ဗျာ”

- “ငါ့မှာ လွှတိုက်တာကို ရပ်ဖို့ အချိန်မရှိပါဘူးကွာ”

စတီဖင်လည်း ခေါင်းမာတဲ့ ဒီသစ်ခုတ်သမားကို စကားဆက်ပြောလည်း အကျိုးထူးမှာ မဟုတ်လို့ အဲဒီနေရာက ခွာပြီး သူ့ခရီးကို ဆက်သွားလိုက်တယ်။

ငါ ဘာကြောင့် ဒီအကြောင်းလေးကို ပြောပြရတာလဲဆိုတော့ မင်းတို့အားလုံးနဲ့ သက်ဆိုင်နေလို့ပါ။ မင်းတို့ဟာ သစ်ခုတ်သမားတွေ မဟုတ်ကြဘူးဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းတို့လည်း သစ်ခုတ်သမားလို ပြုမူနေတတ်ကြလို့ ငါ ပြောပြချင်တာပါ။

သစ်ခုတ်သမားဟာ သူ့လွှကို သွေးလိုက်ရင် သစ်ပင်ကို ပိုမြန်မြန်နဲ့ သက်သက်သာသာ ဖြတ်နိင်မယ်မှန်း သိပေမယ့် လွှတိုက်နေတာကို မရပ်ဘဲ ဆက်လုပ်နေတယ်။ ပြီးတော့ သစ်ပင်ကို ဖြတ်မရဖြစ်နေလို့ စိတ်တိုနေတယ်။

မင်းတို့လည်း အလုပ်တွေကို ကြိုးစားလုပ်တယ်။ အလုပ်ကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် သက်ဆိုင်တဲ့ သင်တန်း တက်ပါလားဆိုတော့ မင်းတို့က အချိန်မရှိဘူးလို့ ပြောကြတယ်။ နောက် ရာထူးမတက် လစာမတိုးတော့ ကံကို အပြစ်ပုံချကြတယ်။

အသိဥာဏ်ပညာ တိုးတက်အောင် စာတွေ ဖတ်ပါဆိုတော့ အချိန်မရှိဘူးလို့ ပြောကြတယ်။ မင်းတို့ သူငယ်ချင်းတွေဟာ စာတွေ ဖတ်ရင်း မင်တို့ထက် ဘ၀အခြေအနေ အများကြီး သာသွားတာကို အားကျပြီး ငေးကြည့်နေကြတယ်။

မင်းတို့ရဲ့ အရည်အချင်း တိုးတက်လာစေဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေကို လုပ်ရမှာကို အဲဒီအတွက် အချိန်မရှိဘူးဆိုရင်တော့လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့ကွာ။ နောင်မှ ငါ ကံမကောင်းဘူးလို့ မညည်းတွားပါနဲ့။ အသက်ကြီးမှ နောင်တ မရပါနဲ့။

image
23 w - Translate

#englisheverywhere

image
23 w - Translate

#englisheverywhere

image
23 w - Translate

#englisheverywhere

image
23 w - Translate

#englisheverywhere

image
23 w - Translate

#englisheverywhere

image
//