23 w - Translate

@tattooidea

image
23 w - Translate

@tattooidea

image
23 w - Translate

@tattooidea

image
23 w - Translate

@tattooidea

image
23 w - Translate

@tattooidea

image
23 w - Translate

@tattooidea

imageimage
+11
23 w - Translate

ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၀၇၅) ကျပ် သတ်မှတ်လိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာပါ။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

image

ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစား လုပ်ငန်းများမရှိမှသာ ထိုင်းဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်ပေးမည်

ဖေဖော်ဝါရီ ၁၀

ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများမရှိမှသာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်‌ပေးမည်ဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်‌လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် စတင်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

မြဝတီဘက်က ကျားဖြန့်ဂိုဏ်းမှာ အဓမ္မခိုင်းစေ၊ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံဘက်ဆီကို ခြေဗလာနဲ့ ထွက်ပြေးလွတ်မြောက်လာ

ဖေဖော်ဝါရီ ၁၀

ထိုင်း – မြန်မာနယ်စပ် ဖော့မရခရိုင်မှာ မြန်မာဘက်ခြမ်း မြဝတီဘက်မှာ လူ ၁၀၀၀ ခန့်ကို နှိပ်စက်နေတဲ့ တရုတ်ကျားဖြန့်ဂိုဏ်းတစ်ခုရဲ့ နှိပ်စက်ခိုင်းစေခံနေရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကင်ညာနိုင်ငံသားတစ်ဦးဟာ ထိုင်းအာဏာပိုင်တွေဆီ အကူအညီတောင်းခံလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ကင်ညာနိုင်ငံသားဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ ဖော့ဖရကို ရောက်လာပြီး ဒေသခံဆိုင်ရှင်တစ်ဦးကို ရဲတွေဆီ ပို့ပေးဖို့ အကူအညီ တောင်းခံခဲ့သလို သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ တွေ့တဲ့အခါမှာ ကင်ညာနိုင်ငံသားက သူဟာ မြဝတီမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေ လှုပ်ရှားရာ မြို့တစ်မြို့ကနေ ထွက်ပြေးလာတယ်လို့​ပြောခဲ့သလို တောင်တစ်လုံးကို ၅ နာရီလောက်ကြာအောင် ဖြတ်သန်းခဲ့ရတဲ့အပြင် နယ်စပ်ရောက်အောင် ၁၀ ကီလိုမီတာလောက် လမ်းလျှောက်လာခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။

သူက ကင်ညာအလုပ်အကိုင်အေဂျင်စီတစ်ခုက ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ စားဖိုမှူး အလုပ်လုပ်ရမယ်ဆိုတဲ့အလုပ်ခေါ်စာကို ယုံစားမိရာက မနှစ်က အောက်တိုဘာ ၅ ရက်နေ့မှာ ထိုင်းကို ရောက်လာခဲ့ပြီး သူနဲ့အတူ အခြားကင်ညာနိုင်ငံသား ၂ ဦးကို အေးဂျင့်တစ်ယောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ လာခေါ်ခဲ့ပြီး မဲဆောက်ဘက်ခေါ်သွားခဲ့သလို အဲဒီကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ သူတို့ဟာ ကျားဖြန့်ဂိုဏ်းအတွက် လိမ်လည်ပေးဖို့ အဓမ္မခိုင်းစေခံခဲ့ရပြီး ငြင်းဆန်မိချိန်၊ လိမလည်မှု မအောင်မြင်ချိန်မှာ ကျင်စက်နဲ့ တို့တာ၊ နံပါတ်တုတ်တွေ ဘေ့စ်ဘောရိုက်တံနဲ့ ရိုက်တာတွေ ခံခဲ့ရသလို ဒဏ်ရာတွေကို ဖယောင်းရည်ပူနဲ့ လောင်းချတာလည်း ခံခဲ့ရတယ်လို့ ညှင်းပန်းနှိပ်စက်ခံရမှုအပေါ် ထွက်ဆိုခဲ့ပါတယ်။ မြန်မာဘက်ခြမ်းကနေ ထိုင်းနယ်စပ်အထိ ခြေဗလာနဲ့ ထွက်ပြေးလာခဲ့ရတာကြောင့် ကင်ညာနိုင်ငံသားဟာ ခြေထောက်တွေလည်း ယောင်ကိုင်းနေခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ ကင်ညာနိုင်ငံသားရဲ့ထွက်ဆိုချက်အရ သူ ခိုင်းစေခံရတဲ့ ကျားဖြန့်ဂိုဏ်းထဲမှာ လူ ၁၀၀၀ ဝန်းကျင်လောက် ကျွန်ပြုခံထားရနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူအပါအဝင် တခြား ကင်ညာနိုင်ငံသား ၂၃ ဦးကတော့ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။

Ref, Bangkok Post

#centralnewsnaypyitaw

image

FA ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ နာကျင်ရကြောင်း အာနီဆလော့ပြော

ဖေဖော်ဝါရီ ၁၀

လီဗာပူးလ်အသင်းဟာ ပလိုင်းမောက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာနီဆလော့က အသင်းနဲ့ပတ်သက်တဲ့သူတိုင်းနာကျင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “ပလိုင်းမောက်အတွက် အလွန်ကောင်းမွန်တဲ့နေ့ပါ။ သူတို့မှာ ကောင်းမွန်တဲ့ ပွဲအစီအစဉ်ရှိခဲ့ပြီး သူတို့ရဲ့စွမ်းဆောင်ရည်အတွက် အသိအမှတ်ပြုခံရဖို့ထိုက်တန်ပါတယ်။ ကစားသမားတွေဟာ မိနစ် ၁၀၀ လုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကစားသမားတွေက ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်သလို ဒီထက်ပိုကောင်းတဲ့ပွဲကို ကစားနိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် ပလိုင်းမောက်ကို ကျနော်တို့အသိအမှတ်ပြုရမှာပါ။ FA ဖလားကနေထွက်ခဲ့ရလို့ လီဗာပူးလ်၊ပရိသတ်၊ကျနော်၊ကစားသမားတွေနဲ့ ပတ်သက်တဲ့သူတိုင်းကို နာကျင်စေတယ်”လို့ ITV မှာပြောခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ပလိုင်းမောက်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ဂတ်ပို၊ ဗန်ဒိုက်တို့ အပါအဝင် ကစားသမားအချို့ကို အနားပေးခဲ့ပြီး လူငယ်ကစားသမားတွေကို ချီယေဆာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့နဲ့ တွဲဖက်ပြီးအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပွဲချိန် ၅၃ မိနစ်မှာပေးခဲ့ရတဲ့ ဟာဒီရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ပလိုင်းမောက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပွဲပြီးခါနီးမှာ ဂိုးရနိုင်မယ့်အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် ပလိုင်းမောက်အသင်းဂိုးသမား ဟာဇက် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဒီရာသီဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်းထဲက ဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပလိုင်းမောက်အသင်းနဲ့ပွဲစဉ်မှာ လူစာရင်းကိုအပြောင်းအလဲ ပြုလုပ်ခဲ့လို့ နောင်တမရပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် နာကျင်ရကြောင်း ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ FA ဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေကို ပိုပြီးအာရုံစိုက်ရတော့မှာပါ။

လီဗာပူးလ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပုံ - နည်းပြအာနီဆလော့နဲ့ လီဗာပူးလ်ကစားသမားများ

#ဘောလုံးသတင်းစုံ

image
//