48 w - Translate

ချစ်သောယွန်းခင်ခင် - မြသန်းတင့်
" မြန်မာပြည်ကို ဗြိတိသျှတွေသိမ်းတဲ့
ကိစ္စဟာ ဘုံဘေဘားမားသစ် ကိစ္စကြောင့်
ဖြစ်ရတယ်လို့ထင်လား "
"မဟုတ်ဘူးဗျ ဖဲင်နီရဲ့ အချစ်ကိစ္စကြောင့် "
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်အကြောင်းကို အခြေခံပြီး ဇာတ်လမ်းဖွဲ့ထားခဲ့တဲ့ ဝတ္ထုတစ်ပုဒ် ။
အင်္ဂလိပ်စာရေးဆရာမ တင်နီဂျက်ဆင် က
စုဖုရားလတ်ရဲ့ အပျိုတော် ၊ ရက်ကန်းဆရာကြီးသမီး ၊ ကုလားဝန်သမီး စတဲ့ သူတို့တွေကို တွေ့ဆုံမေးမြန်းပြီး ရေးခဲ့တဲ့ဇာတ်လမ်းပေါ့ ။
သီပေါမင်းနဲ့စုဖုရားလတ် ဇာတ်လမ်းဟာ နားရည်ဝနေခဲ့ပြီဖြစ်ပေမယ့် မတွေးဖူးတဲ့ ရှုထောင့်ကနေ
ပြန်မြင်တဲ့ သမိုင်းတစ်ခုကို မြင်လိုက်ရသလိုပါပဲ ။
ဒီအကြောင်းဟာ တကယ်အမှန်ပဲလား
စာရေးဆရာရဲ့ စာရေးခြင်းအနုပညာနဲ့ ဖန်တီးရေးဖွဲ့ထားတာလားဆိုတာကိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ချင့်ချိန်ကြည့်ရမှာပါ ။
စုဖုရားလတ်ရဲ့ အပျိုတော်အဖြစ် ခစားရတဲ့
အီတလီ - မြန်မာ ကပြားမလေး ဖဲလ်နီ ။
သူဟာမြန်မာသွေးပါတာမို့ နန်းတွင်းထဲမှာ ပျော်မွေ့တဲ့သူတစ်ယောက် ။ လျှို့ဝှက်ကြံစည်တာ တိတ်တဆိတ်လုပ်တာတွေကလည်း
စုဖုရားလတ်နဲ့ တူနေတာ ။ ဒါကြောင့်မို့လည်း နန်းမတော်အရှင်မရဲ့ လူယုံတော်ဖြစ်ခဲ့တာပေါ့ ။
နန်းတွင်းအရှုပ်တော်ပုံတွေကတဆင့်
ပေါ်ပေါက်လာတဲ့ ဖဲလ်နီရဲ့ အချစ်ဇာတ်လမ်း ။
ပြင်သစ်အထောက်တော် ဗွန်ဗွိုင်ဆင် နဲ့ ဇာတ်လမ်းဖြစ်ခဲ့တဲ့ ဖဲလ်နီ ။
မန္တလေးမြို့တော်တစ်ဝိုက်မှာ လှည့်လည်
ခြေခုတ်နေကြတဲ့ အင်္ဂလိပ် ပြင်သစ် အီတလီတရုတ်စတဲ့ နိုင်ငံခြားသားကုန်သည်တွေ ။
ရှေးခေတ်နန်းတွင်းဓလေ့ထုံးတမ်းကြားမှာ
နန်းလုပွဲတွေကြားမှာ အိပ်မောကြပျော်ရွှင်နေဆဲ
မြန်မာဘုရင်နဲ့နန်းတွင်းသားနန်းတွင်းသူတွေ ။
မြန်မာနဲ့ပြင်သစ်ကြားက စာချုပ်တွေ ။
မန္တလေးမြို့တော်မှာ ပြင်သစ်တွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်ရမယ်လို့ စိတ်ကူးနဲ့ တွေးပျော်ခဲ့တဲ့
ဖဲလ်နီရဲ့ အိပ်မက်တွေ ။
ဗွန်ဗွိင်ဆင်တစ်ယောက် ဖဲလ်နီကို ထားခဲ့ပြီး
ပြင်သစ်သူတစ်ယောက်ကို လက်ထပ်ယူသွားတဲ့အခါ ပေါ်ပေါက်လာခဲ့တဲ့ အချစ်ကလဲ့စားလို့
ဆိုရမလား အမုန်းကလဲ့စားလို့ ပြောရမလား ။
အမျိုးသမီးတစ်ယောက်ရဲ့ အမုန်းနဲ့အတူ
မြန်မာပြည်ရဲ့ ကံကြမ္မာ ။ ဖဲလ်နီရဲ့ အိပ်မက်တွေနဲ့အတူ ဗြိတိသျှလက်အောက် ရောက်ခဲ့တဲ့
မြန်မာပြည် ။
ရယ်စရာတော့ကောင်းသားနော် နိုင်ငံကြီးတစ်ခုလုံးကို သိမ်းပိုက်ပစ်တာကို သာမန် အချစ်ဇာတ်လမ်းလေးတစ်ခုကြောင့်ပါလို့ ဇာတ်လမ်းဖွဲ့ရေးတတ်တဲ့ အင်္ဂလိပ်တွေပါပဲ ။
အမှန်တော့ ဆရာမြသန်းတင့် ပြောသလိုပါပဲ
ဖဲလ်နီ အချစ်ကိစ္စ​ ရှိရှိ မရှိရှိ ၊ ဘုံဘေဘားမားသစ်ကိစ္စဖြစ်ဖြစ် မဖြစ်ဖြစ် သိမ်းမှာက သိမ်းပိုက်မှာပဲဆိုတာလေ ။ တကယ်လို့ ဟုတ်မှန်ခဲ့တယ်ဆိုရင်တောင် ဖဲလ်နီဆိုတာ စက်ယန္တာရားကြီးတစ်ခုထဲ ဝက်အူစိတ်လေးတစ်ခုပါပဲ ။

image
48 w - Translate

ငါကမလှလို့ နင်မချစ်ဘူးဆိုရင်ငါကျေနပ်ပါတယ်
ငါ့ရဲ့တစ်ဖက်သတ်အချစ်ကိုရင်မှာသိမ်းထားရုံပဲပေါ့

ဒါမှမဟုတ် မေရီအောင့်အချစ်ကိုမရလို့
သူ့နေရာမှာငါ့ကိုအစားထိုးတယ်ဆိုရင်တောင်
ကျေနပ်ပါသေးတယ်ဟာ . . . .

ခုဟာကလူမှားပြီးချစ်တာတဲ့လား
ငါဘယ်လိုဖြေသိမ့်ရမှာလဲ . . . . 🥀

#ခင်မေတင့် #ကံ့ကော်နီ

image
48 w - Translate

"မင်းကို ကမ္ဘာ့အကောင်းဆုံးဖြစ်လာအောင် ငါလုပ်ပေးမယ်၊ တရာသီကိုမှ မင်း ဂိုး ၆၀ မသွင်းနိုင်ဘူးဆိုရင် ငါ့နာမည်ကိုပါ ပြောင်းလိုက်မယ်ကွာ၊ အဲဒီမြို့က အေးပေမယ့် ငါမင်းကို ဂရုစိုက်မှာပါ၊ ငါ ဘယ်အသင်းကိုရောက်ရောက် မင်းကို ခေါ်ယူချင်တယ်"

ဆန်းတို့စ်မှာ နေမာ ကစားနေတုန်း ဂွါဒီယိုလာက သွားစည်းရုံးခဲ့တာပါ။ ဒီအကြောင်းကို နေမာက အခု ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

image
48 w - Translate

DeepSeek-R1 ထက် ပိုသွက်တဲ့ AI သစ် Tencent ဖြန့်ချိ
စက္ကန့်ပိုင်းအတွင်း မေးခွန်းတွေ ဖြေနိုင်တဲ့ AI Model သစ်တစ်မျိုးကို Tencent က မိတ်ဆက်လိုက်ပါတယ်။
တရုတ်ရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးရဲ့ မော်ဒယ်ကို Hunyuan Turbo S လို့ နာမည်ပေးထားပါတယ်။ Tencent က Hunyuan Turbo S ကို အမြန်တွေးခေါ်နိုင်တဲ့ fast-thinking model တစ်ခုအနေနဲ့ ထုတ်ထားတာပါ။ Hunyuan နဲ့ ယှဉ်ရင် DeepSeek R1 လို မော်ဒယ်တွေက slow-thinking model ဖြစ်သွားတယ်လို့ ပြောပါတယ်။
ဒီလို ပြောတဲ့အကြောင်းက Hunyuan က စက္ကန့်ပိုင်းအတွင်း အမြန်ဖြေနိုင်အောင် output speed ကို နှစ်ဆတိုးထားပြီး စကားလုံးတစ်လုံးရဲ့ ကြန့်ကြာမှုကို ၄၄% နီးနီး လျှော့ချနိုင်တာကြောင့်လို့ ဆိုပါတယ်။ Hunyuan ကို လူရဲ့ ပင်ကိုယ်သိစိတ် intuition လိုမျိုး ချက်ချင်းကောက်ဖြေနိုင်တဲ့ short thinking chain ပုံစံ လေ့ကျင့်ဖန်တီးထားတာပါ။

image
48 w - Translate

Tesla အရှုံးပေါ်နေသလား

Trump နဲ့ နိင်ငံရေးကို ဦးစားပေးလွန်းနေတဲ့ Elon Musk တစ်ယောက် Tesla ဘက်မှာတော့ အရှုံးတွေပေါ်လိုက် ဈေးလျော့ရောင်းလိုက် ကားတွေပြန်သိမ်းလိုက်နဲ့ ဂယက်တော်တော်ထနေပါတယ်။

2025 ပထမနှစ်လအတွင်းမှာတင် Tesla ဘက်က သတင်းတွေ တစ်ခုပြီးတစ်ခုတက်လာတာပါ။ ပထမဆုံး Autopilot ပြဿနာကြောင့် ကားအစီးရေ ၂ သန်းလောက် ပြန်သိမ်းခဲ့ရတာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့လတုန်းကတော့ Trump ပိုင် ဟော်တယ်ရှေ့မှာ Cybertrcuk မီးထလောင်ပါလေရော (ဒီကိစ္စက ကားဘက်ကဖြစ်တာမဟုတ်ပဲ လုပ်ကြံမှုလို့တော့ ဆိုထားပါတယ်။ )

နောက်ထပ်ဖြစ်တာကျ Elon Musk ရဲ့ နာဇီစတိုင် အလေးပြုလက်ဟန်ကြောင့် ဂျာမနီက စက်ရုံမှာ ဆန္ဒပြခဲ့တာတွေဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရောင်းမကုန်ဖြစ်နေတဲ့ Cybertruck တွေကို ဒေါ်လာ 6000 အထိ ဈေးလျှော့ရောင်းခဲ့ပါသေးတယ်။

ဒီလို ရောင်းအားတွေ ကျဆင်းမှုတွေကနေ မနေ့က ထပ်တက်လာတဲ့ သတင်းအရ Tesla ရှယ်ယာတွေဟာ 8% အထိကျဆင်းသွားပြီး ဒေါ်လာ ထရီလီယံနဲ့ချီ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပဈေးကွက်အတွင်း ရောင်းအားကျဆင်းမှုက တော်တော်လေးသိသာခဲ့တာပါ။

image
48 w - Translate

ဒီပွဲကတော့ အွန်နရီအတွက်ရော၊ ရော်နယ်ဒိုအတွက်ပါ မမေ့နိုင်စရာပါ။ ယူနိုက်တက်နဲ့အတူ ထင်ပေါ်လာခါစဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ဟိုက်ဘူရီမှာ အာဆင်နယ်ကို နှစ်ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး အာဆင်နယ်ပရိသတ်တွေကို တိတ်တိတ်နေလိုက်တော့ဆိုပြီး အောင်ပွဲခံခဲ့တဲ့ပွဲပါ။

ပွဲကစားချိန်အတွင်း ရော်နယ်ဒိုနဲ့ အွန်နရီတို့ ပြသနာတက်ခဲ့ပြီး ရော်နယ်ဒိုက ပခုံးဖက်ပြီး ပြောမယ်အလုပ်မှာ အွန်နရီက ရှောင်ဖယ်ခဲ့ကာ မတူမတန်သလိုမျိုး ဆက်ဆံသွားခဲ့ပါတယ်။ ဒီနောက်တော့ ရော်နယ်ဒိုက ၂ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်ကို အနိုင်ယူသွားခဲ့တာပါ။

image
48 w - Translate

ဆိုဆီဒက်နဲ့ ကိုပါဒယ်ရေးပွဲမှာ ဘယ်လင်ဟမ်က အန်းဒရစ်ခ်အတွက် ဖန်တီးပေးခဲ့ပုံပါ။ ရီးရဲလ်ကွင်းဘက်ခြမ်းကနေပဲ ကန်တင်ပေးပို့ကာ ဖန်တီးပေးသွားခဲ့ပြီး အန်းဒရစ်ခ်ကလည်း ဆွဲယူပြေးကာ လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘယ်လင်ဟမ်ရဲ့ အဆင့်အတန်းက နောက်တဆင့်ဆီကို လှမ်းနေပြီဆိုတာကို ထပ်မြင်တွေ့ခဲ့ရတဲ့ပွဲပါပဲ။ လာလီဂါမှာ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ခဲ့တဲ့ ဘယ်လင်ဟမ်က သူ ဝင်ကစားတာနဲ့ အသင်းအတွက်ကို ဂိုးသွင်းရင်သွင်း၊ မသွင်းရင် ထိရောက်တဲ့ ဖန်တီးမှုတွေ၊ ပေးပို့မှုတွေကို လုပ်ပေးနေတာ ထမင်းစားရေသောက်လိုဖြစ်နေပါပြီ။
သူ့အသက်အရွယ်ကြောင့်လည်း ရီးရဲလ်အတွက် ဆယ်စုနှစ်တခုစာလောက် စိတ်ချရတဲ့ အနေအထားပါ။ သူ့အတွက်ပေးခဲ့ရတဲ့ ယူရိုသန်း ၁၀၀ က အရမ်းကိုတန်လွန်းနေပါပြီ။ ခရူးစ်၊ မိုဒရစ်တို့မရှိတေ့ာတဲ့အချိန် ရီးရဲလ်ကွင်းလယ်ကို မောင်းနှင်ပေးမယ့် အင်ဂျင်ကတော့ ဘယ်လင်ဟမ်ပါပဲ။

image
48 w - Translate

2026 မှာ iPhone 17e ကို တွေ့ရမယ်...

iPhone 16e တောင် လက်ထဲမရောက်ကြသေးဘူး။ 17e တွေ စကားတွေလာစနေတယ် 🥹 iPhone ရဲ့ ဘတ်ဂျက် Series ဖြစ်တဲ့ e series တွေက ဒီနှစ်ကနေစပြီး နှစ်တိုင်းထုတ်သွားမယ်ဖြစ်ကြောင်း ပြောနေကြတာပါ။ ဒါကြောင့် iPhone 17e ကို 2026 မှာ တွေ့နိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ်တောင် iPhone 16e ကြောင့် Apple ကို မေတ္တာပို့နေကြတာက ၁၀ ယောက်မှာ ၇ ယောက်လောက်ရှိနေတာ။ ဒါပေမဲ့လည်း လက်မခံလို့တော့ မရဘူး။ တကယ်ထွက်လာနိုင်မယ့်ပုံပါ။ အခရာပရိတ်သတ်တို့ရော e series ကို ဘယ်လိုမြင်လဲဗျ။ လောလောဆယ်ဆို iPhone 16e ကိုပေါ့...

image
48 w - Translate

𝗗𝗘𝗔𝗟 𝗗𝗢𝗡𝗘🚨🔵

ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ်ကလပ် ကော်ရန်သီယန်ရဲ့ Left-back ဒန်နာကို ပေါင် 8.2 သန်း + အပိုဆုကြေး ပေါင် 3.3 သန်းနဲ့အကြိုသဘောတူညီမှုရရှိကာ ခေါ်ယူနိုင်ခဲ့ပါပြီ။ ကစားသမားဟာ ချဲလ်ဆီးအသင်းကို 2026 ဇွန်လမှာ ပူးပေါင်းမှာဖြစ်ပြီး ခုနစ်နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

[urieliugt]🌕

image
48 w - Translate

အင်္ဂလန်ရဲ့ပထမဆုံး Semi-Automated Offside technology ကိုတော့ မနေ့ညက ဗီလာရဲ့ပထမဆုံးဂိုးမှာ စတင်အသုံးပြုသွားခဲ့ပါတယ်

image