1 y - Translate

ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊ အဆက်အသွယ်၊ ကျောထောက်နောက်ခံ၊ ငွေကြေးအရင်းအနှီး စတဲ့
သင် သိထားတာတွေဟာ အရေးမပါလှပါဘူး။

အဲဒါတွေ ကောင်းကောင်း မရှိဘဲနဲ့လည်း ကြွယ်ဝချမ်းသာ လာနိုင်ပါတယ်။ အကြောင်းကတော့ ငွေနဲ့ ပတ်သက်ပြီး
သင် ဘယ်လိုပြုမူကျင့်ကြံသလဲဆိုတာကပဲ အရေးကြီးလို့ပါ။

ငွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထား အမြင်မထားတတ်ရင်၊ ပြုမူကျင့်ကြံပုံက လွဲချော်ခဲ့ရင် ဘယ်လောက်ပဲ
ငွေကြေးချမ်းသာသည်ဖြစ်စေ အချိန်မရွေး ဆင်းရဲ ဒုက္ခရောက်သွားနိုင်ပါတယ်။

ထက်မြက်ပြီးဉာဏ်ကောင်းတဲ့ သူတွေကိုတောင်မှ ငွေနဲ့ ပတ်သက်တဲ့ ပြုမူကျင့်ကြံပုံကို သင်ပေးရခက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုပုံစံ၊ တကိုယ်ရည်ငွေကြေးစီမံခန့်ခွဲပုံစံ နှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့်ပုံစံများကို တတ်မြောက်ဖို့ရာ သင်္ချာတွက်ချက်မှု အခြေခံပြီး သတင်းအချက်အလက်၊ ဖော်မြူလာများမှ တဆင့် သင်ပေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လူတွေဟာ စာရင်းစာရွက်ပေါ်မူတည်ပြီး ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ကြတာတော့ မဟုတ်ပါဘူး။

ကမ္ဘာကြီးနဲ့ အတိတ်သမိုင်း အပေါ် မြင်တဲ့ မိမိရဲ့ ကိုယ်ပိုင် ရှုတောင့်၊ မိမိရဲ့ အတ္တ၊ မာန၊ ယုတ္တိမရှိတဲ့ မက်လုံးများ၊ စတာတွေကို ပေါင်းစပ်ပြီးတော့ ညစာ စားနေရင်းဖြစ်စေ၊
အစည်းအဝေးခန်းထဲမှာပဲဖြစ်စေ ဆုံးဖြတ်ကြတာပါ။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့ဆိုတာ စိတ်နေစိတ်ထားက အဓိက ပြဿနာပါ။

ငွေရှာနေတဲ့ မည်သူမဆို ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်သင့်ပါတယ်။မူရင်းရေးသားသူ Morgan Housel ရဲ့ The Psychology of Money စာအုပ်ဟာ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်သလို စာအုပ်ထဲမှာ
ငွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထူးခြားသော အပြုအမူများ၊ ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်များ၊ ပြုမူကျင့်ကြံဖို့ အတွက် နည်းလမ်းကောင်းများကို အခန်း -၂၀ ဖြင့် မီးမောင်းထိုးပြထားပါတယ်။

#ငွေရှာနည်းစိတ်ပညာ

image
1 y - Translate

၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ Xiaomi SU7 Ultra လာပြီ
==============================================================

Xiaomi က တရုတ်မှာ SU7 Ultra ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Sedan EV ကား ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

၁.၉၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အရှိန်မြှင့်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းက တစ်နာရီကို ၃၅၀ ကီလိုမီတာ ဖြစ်ပြီး အမြန်ဆုံး တံခါး ၄ ပေါက် ကား ဖြစ်လာပါတယ်။

AI နည်းပညာသုံးထားတဲ့ အလိုအလျှောက် မောင်းနှင်တဲ့ စနစ် နဲ့ စမတ် ကိရိယာတွေနဲ့ ချိတ်ဆက်သုံးနိုင်တဲ့ စွမ်းရည်တွေ ပါတဲ့ Xiaomi HyperOS ထည့်သွင်းထားပါတယ်။ Xiaomi Pilot System က ကားလမ်းကြောင်း ပြောင်းတာ၊ အချိန်ပြည့် Navigation ကို ပြသပေးတာနဲ့ ဉာဏ်ရည်မြင့် ပါကင်ထိုးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Surround Sound System နဲ့ Active Noise Cancellation ပါတဲ့ စပီကာ ၂၅ လုံးက အရမ်းမိုက်တဲ့ အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Obsidian Black, Pearl White, Space Silver, Parrot Green နဲ့ Lightning Yellow ၅ ရောင်ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ၅၂၉,၀၀၀ ယွမ် (၇၂,၉၈၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : Theverge

image
image
image
1 y - Translate

YBS ပေါ်မှာ စာအိတ်နဲ့ အလှူခံနေတဲ့ ဂျင်းဘုန်းကြီးရဲ့ နောက်ကွယ်က အကြောင်းရင်း

သင်္ဃန်းကျွန်း မြရတနာကျောင်းတိုက် ဆရာတော်ရဲ့ ရှင်းလင်းချက်ကို ဖော်ပြလိုက်ပါတယ်-

YBS ပေါ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်ရှိ မြရတနာကျောင်းတိုက်တွင် ကိုရင်ငယ်လေးတွေရဲ့ ပစ္စည်း (၄) ပါး လိုအပ်ပါသဖြင့် ဆိုပြီး သင်္ကန်းဝတ်နဲ့ လူတွေ စာအိတ်တွေ ကမ်းပြီး အလှူလိုက်ခံနေလို့ပါ။ ကျောင်းတွင် ကိုရင်ငယ်လေးတွေ မရှိပါ။ ရဟန်းတော်တွေပဲ ရှိပါတယ်။ အခုလို အလှူလိုက်ခံနေသည်မှာ မြရတနာကျောင်းမှ အလှူခံနေခြင်း မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။

#ybs
#မြရတနာ

image
1 y - Translate

(၂.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၆၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၁၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၃၀ ကျပ်
Octane 95 - ၃၂၈၀ ကျ​ပ်
Premium Diesel - ၃၄၁၀ ကျပ်
Diesel - ၂၇၆၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#news
#mmdbn

image
1 y - Translate

#ပြည်တွင်းသတင်း
◼မြဝတီ၌စက်သုံးဆီမှောင်ခို အပြိုင်အဆိုင်ရောင်းချမှုကြောင့် စက်သုံးဆီစျေးအနည်းငယ်ကျဆင်း

မြဝတီမြို့အတွင်း၌ စက်သုံးဆီမှောင်ခိုစျေးကွက် အပြိုင်အဆိုင်ရောင်းချမှုကြောင့်စက်သုံးဆီတစ်လီတာကို ကျပ် ၉၀၀၀ ထိကျဆင်လာကြောင်း မြဝတီမြို့နယ်မှ ဒေသခံများကပြောသည်။

မြဝတီမြို့အတွင်း၌လက်ရှိစက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီမရှိတော့သည့်အတွက် ဆိုင်များပိတ်ထားကြောင်း၊ လက်ရှိ ဆီမှောင်ခိုရောင်းချနေသည့်စက်သုံးဆီဆိုင်များ ပေါများလာပြီး အပြိုင်အဆိုင်ရောင်းချနေသည့်အတွက် ယခင်က စက်သုံးဆီတစ်လီတာကို ကျပ် ၁၅၀၀၀ မှ ကျပ်တစ်သောင်း၊ ယခုကျပ် ၉၀၀၀ ထိကျဆင်းလာကြောင်းသိရသည်။

"လက်ရှိကားသမားအချို့ကလည်းဆီဆိုင်၊ ဆိုင်ကယ်ကယ်ရီသမားကလည်း ဆီဆိုင်တွေလမ်းဘေးမှာ အပြိုင်ဖွင့်ကြတော့ မြဝတီမြို့မှာ အခုအများဆုံးဆိုင်ကဆီဆိုင်တွေပဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပါ။ ဆီစျေးတွေအခုလိုကျအောင်ဖန်တီပေးပြီး အပြိုင်ရောင်းနေတဲ့မှောင်ခိုစျေးကွက်က သူတွေကိုကျေးဇူးတင်ရမှာပါ။ လက်ရှိဆီဆိုင်တွေလည်းမဖွင့်တော့ပါဘူး။ ရောင်းစရာလည်းဆီမရှိတော့ပါဘူး။ အခုကဆီလုပ်တဲ့သူတွေက သူတို့ကားတွေနဲ့တခြားနေရာတွေမှာဆီသွားဝယ်တဲ့အခါ တစ်ပိုင်းတစ်နိုင်သယ်လာပြီး မြဝတီမှာပြန်ရောင်းကြတယ်။ အဲဒီလိုလုပ်တဲ့သူတွေများလာတော့ဆီစျေးတွေကကျလာတာပါ။ နောက်ထပ်လည်းကျဖို့ရှိပါတယ်"ဟု မြဝတီမြို့ ဒေသခံတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့အား လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အပြင် စက်သုံးဆီတင်သွင်းမှုကိုပါ ရပ်ဆိုင်းလိုက်သဖြင့် မြဝတီမြို့အတွင်း စက်သုံးဆီပြတ်လပ်ပြီး တစ်လီတာကို ကျပ် ၁၅၀၀၀ ထိ​မြင့်တက်ခဲ့သည့်အပြင် လိုသလောက်ဝယ်ယူ၍မရခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဘီဝမ်း(ပုံဟောင်း)

image
1 y - Translate

ရုရှားရေငုပ်သင်္ဘော Kursk ရဲ့ ရှုပ်ထွေးလှတဲ့ အတွင်းပိုင်းတည်ဆောက်ပုံ⚓

image
1 y - Translate

Kaathuvaakula Rendu Kaadhal ကားထဲက နာမည်ကြီး ဘောလိ၀ုဒ်မင်းသမီး Nayanthara နဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် Rithvik တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ O2 ဆိုတဲ့ Disney+Hostar ကထုတ်လွှင့်တဲ့ တမီးလ် Thriller ဇာတ်ကားလေး ထွက်ရှိလာပါပြီ...

ဇာတ်လမ်း ဇာတ်အိမ်ကိုက တခြားတမီးလ်ကားတွေနဲ့ မတူပဲ ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး မိခင်မေတ္တာကိုအပြည့်အဝဖော်ပြထားတဲ့ ကားကောင်းလေးတစ်ကားပါ...

ဒီကားလေးထဲမှာ မင်းသမီး Nayanthara က မုဆိုးမ ကျန်းမာရေးမကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သားတစ်ယောက်မိခင် ပါဗက်သီ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ...

ဗီရာကတော့ ပါဗက်သီရဲ့ သားလေးဖြစ်ပြီး ငယ်စဉ်ထဲက cystic fibrosis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း နံရံတွေထူတဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် သွားလေရာနေရာ အောက်စီဂျင်အိုးသယ်သွားပြီး အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ ဝေဒနာသည်ကလေးလေးပါ သားဖြစ်သူကို ခွဲစိတ်ကုသဖို့အတွက် ကုမ်ဘာတာကနေ ကိုချင် ကိုဘတ်စ်ကားနဲ့ ခရီးထွက်လာတဲ့ အချိန် တစ်ချိန်ထဲမှာပဲ အဲဒီဘတ်စ်ကားပေါ်မှာ အကျင့်ပြက် ချစားတဲ့ ရဲအရာရှိရယ် ခိုးရာလိုက်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ အတွဲရယ် လွှတ်တော်အမတ်ဟောင်းတစ်ယောက် ဘတ်စ်ကားမောင်းတဲ့ဆရာနဲ့ ကျန်တဲ့ ခရီးသည်တစ်ချို့ပါ ပါလာခဲ့ပါတော့တယ်...

အဲဒီလိုနဲ့ သူတို့ ခရီးစတင်လာပြီးတဲ့နောက်မှာတော့ ကိုချင်ကို ပုံမှန်မောင်းနေတဲ့လမ်းကြောင်းမှာ ယာဉ်တိုက်မှုအကြီးကြီးဖြစ်ထားတဲ့အတွက် ကားလမ်းတွေ ပိတ်မိနေခဲ့ပါတယ်...

ကိုချင်ကို အချိန်မှီရောက်ရမယ်လို့ မှာလိုက်တဲ့ ကားသမားကတော့ နောက်တစ်လမ်းကိုရွေးပြီး သွားဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာတော့ မမျှော်လင့်တဲ့ အဖြစ်အပျက်ဆိုးကြီးနဲ့
ကြုံတွေ့လိုက်ရပါတော့တယ်...

သူတို့ ကားတစ်စီးလုံးက မြေပြိုတဲ့အထဲပါသွားရာကနေ သူတို့ ဘတ်စ်ကားတစ်စီးလုံး သဲအောက်ကို နစ်မြုပ်သွားပါတော့တယ်...

မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြီးကို ကြုံတွေ့ရပြီးတဲ့နောက် လူသားတွေရ​ဲ့စိတ်ထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဆိုးက ထွက်ပေါ်လာတဲ့အခါ...

ပါဗက်သီနဲ့ သူ့သားလေး ဗီရာတို့ ဒီအခက်အခဲကြီးကနေ အချိန်မှီ လွတ်မြောက်နိုင်ပါ့မလား..?

ကားပေါ်က ကျန်တဲ့ ခရီးသည်တွေကရော ဘာတွေဆက်ဖြစ်ကြမလဲ..?

ဒီ ကားလေးက တော်တော်လေးကောင်းတဲ့ survival drama အမျိုးအစားလေးပါ

နောက်ပိုင်းမှာ ဖြစ်လာတယ့် အဖြစ်အပျက်တွေက ရုပ်ရှင် အစပိုင်းက ရိုက်ကွက်တွေကို ပြန်ပြန်ပြီး ပုံဖော်လိုက်သလိုပါပဲ ဒါကြောင့် သေချာလေး စောင့်ကြည့်သင့်တဲ့ Nayanthara ရဲ့ O2 ဇာတ်ကားလေးကို ပရိသတ်အားလုံး ခံစားကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်.

#crd
#storymode

image
1 y - Translate

Natural Spinal (Mogok)❤️

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

#gems

image