Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကံ့ကော်နီ - မင်းလူ
" လူမှားပြီးချစ်မိတာတဲ့ မှားပြီးအချစ်ခံရတာတဲ့ "
ရေတွင်းပျက်ကြီးနားက သိပ်လှပြီးတခြားအပင်တွေထက် စောပြီးပွင့်တဲ့ ကံ့ကော်ပင်ကြီးတစ်ပင်။
ကံ့ကော်ပင်ကြီးနဲ့ယှဥ်တွဲပြီး ခံစားရမှာတော့ နုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ ခံစားချက်တွေ ။
အဆော့သန်တဲ့ ကောင်လေးကြောင့် သရဲရှိပါတယ်ဆိုပြီး နာမည်ကြီးခဲ့ရတဲ့ ကံ့ကော်ပင်ကြီး ။ ရပ်ကွက်ထဲက စကားဖွာကြတဲ့သူတွေကြောင့် ရေတွင်းထဲမှာ နဂါးရှိပါတယ်ဆိုပြီး သတင်းကြီးသွားခဲ့တဲ့ ရေတွင်းပျက်ကြီး ။
သူငယ်ချင်းခြောက်ယောက်ရဲ့ ငယ်ဘဝဇာတ်လမ်းကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ် ။ကျောင်းသားဘဝရဲ့ လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေ ဗရုတ်ကျမှုတွေကို ပြန်ခံစားရပြီး လွမ်းဆွတ်ခဲ့ရတယ် ။
ကိုယ်ကြိတ်ပြီးသဘောကျနေတဲ့သူအတွက်
ကျောင်းစာတွေ ဝိုင်းကူးပေးရတာဟာလည်း ဆယ်ကျော်သက်ဘဝမှာ ရင်ခုန်ပျော်ရွှင်ခဲ့ရတဲ့ အလုပ်တစ်ခုပဲမဟုတ်လား ။
ကဗျာတွေဝါသနာပါတဲ့ စိုးချစ်ဆိုတဲ့ ကောင်ကလေးကို ကြိတ်ပြီး ချစ်ခဲ့ရတဲ့ သိပ်မလှတဲ့ ကောင်မလေး ခင်မေတင့် ။
သူတို့နှစ်ဦးကြားထဲ အချစ်ဆိုတဲ့အရာ
ဝင်ရောက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်ကြမှာလဲ ။
ကံ့ကော်ဦးတစ်ပွင့်နဲ့ ရှုပ်ထွေးသွားခဲ့တဲ့ နုပျိုတဲ့
အချစ်တစ်ခု ။ ရင်ခုန်သံတစ်ပုဒ် ။
ရင်ခုန်စိတ်ကစားတတ်စအရွယ်မှာ လူတိုင်းကြုံခဲ့
ရတဲ့ အချစ်ဆိုတဲ့အရာအကြောင်းကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေပါအောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပေါ့ ။
မှားပြီး အချစ်ခံရတဲ့ ကောင်မလေး နဲ့
ဟန်ဆောင်ပြီး ချစ်လိုက်ရတဲ့ ကောင်ကလေးမှာ
ဘယ်သူ့ကို သနားကြမှာလဲ ။
" ကံ့ကော်ပွင့်တွေ မပွင့်နိုင်တော့တာနဲ့ပဲ အချစ်တွေ ပြန်လည် မရှင်သန်နိုင်တော့ဘူးလို့ ယူဆနေသလားဟင်
Screen Time များသူတွေ လိုက်နာသင့်တဲ့ အချက် ၅ ချက်
--------------------------------------------------
ခေတ်မီနည်းပညာတွေ ပိုမိုဖွံ့ဖြိုးလာတာနဲ့အမျှ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဖုန်း၊ ကွန်ပျူတာတွေနဲ့ အချိန်အများကြီး ကုန်ဆုံးကြရပါတယ်။ အလုပ်တွေ၊ ပညာရေးတွေအတွက်တင်မကပဲ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့အတွက်ပါ တစ်ရက်ထက်တစ်ရက်များလာတာကို သတိပြုမိမှာပါ။ Screen Time များခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Screenအကြည့်များသူတွေ လိုက်နာသင့်တဲ့ အရေးကြီးတဲ့ အချက် ၅ ချက်ကို ဖော်ပြပေးထားပါတယ်။
၁။ 20-20-20 နည်း
Screen Time မိနစ် ၂၀ ကြာတိုင်း၊ Screenနဲ့ မီတာ ၂၀ ခန့်ဝေးတဲ့ နေရာတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပေးပါ။ ဒီနည်းလမ်းဟာ မျက်စိကြွက်သားပင်ပန်းမှုကို လျော့ပါးစေပြီး မျက်စိခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့အခါ အချိန်တွေ မမှတ်မိတဲ့အခါမျိုးမှာ Timer App တွေကို အသုံးပြုနိုင်ပါတယ်။
၂။ Screenအလင်းနဲ့ အသုံးပြုတဲ့အခန်းရဲ့ အလင်းရောင်ကို ညှိပါ
Screenရဲ့အလင်းရောင်ဟာ အရမ်းလင်းနေတာဖြစ်စေ၊ အရမ်းမှိန်နေတာမျိုးတွေက မျက်စိကို ပင်ပန်းစေနိုင်ပါတယ်။ အခန်းရဲ့အလင်းရောင်နဲ့ ကိုက်ညီအောင် Screenအလင်းကို ညှိပေးဖို့ အရေးကြီးပါတယ်။ ညဘက်မှာဆိုရင် "Night Mode" ဒါမှမဟုတ် "Blue Light Filter" တွေကို အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ် Computer သမားဆိုရင် Light Bar သုံးနိုင်ပါတယ်။
၃။ မှန်ကန်တဲ့ ကိုယ်ဟန်ကိုယ်ထားနဲ့ ထိုင်ပါ
Screenရှေ့မှာ ကြာကြာထိုင်ခြင်းဟာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကျောနဲ့ ရင်ဘတ်ကို မတ်မတ်ထားထိုင်ဖို့လိုပြီး၊ မျက်လုံးနဲ့ တစ်ပြေးတည်းဒါမှမဟုတ်၊ မျက်လုံး Lvl အောက်မှာ Monitor ကရှိနေဖို့လိုပါတယ်။ တစ်နာရီခန့် ထိုင်ပြီးတိုင်း ထလမ်းလျှောက်ဖို့၊ ခန္ဓာကိုယ်ကို အညောင်းဆန့်ပေးဖို့ မမေ့ပါနဲ့။
၄။ တစ်နေ့တာ Screenကြည့်ချိန်ကို ကန့်သတ်ပါ
နေ့စဉ် Screenကြည့်ချိန်ကို ကန့်သတ်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ အထူးသဖြင့် ကလေးငယ်များအတွက် ပိုအရေးကြီးပါတယ်။ ဖုန်းနဲ့ Tablet တွေမှာ Screen Time ကန့်သတ်ခြင်းကို စီမံနိုင်တဲ့ App တွေရှိပါတယ်။ ဒါ့အပြင် ညအိပ်ခါနီး အနည်းဆုံး တစ်နာရီခွဲလောက်အလိုမှာ Screen Time မရှိလေကောင်းလေဖြစ်ပါတယ်။ အိပ်ချိန်မတိုင်ခင် Screenသုံးခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေပါတယ်။
၅။ မျက်စိကျန်းမာရေးကို ဂရုစိုက်ပါ
မှန်မှန်ကန်ကန် မျက်စိစစ်ဆေးမှုခံယူခြင်းဟာ Screenကြာကြာကြည့်တဲ့သူတွေအတွက် အထူးအရေးကြီးပါတယ်။ မျက်လုံးခြောက်သွေ့နေရင် မျက်စိစက်ပေးတဲ့ Eye Drop တွေ သုံးနိုင်ပါတယ်။ ဒါ့အပြင် Blue light blocking glasses တွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး အသုံးပြုတာကလည်း အကျိုးရှိနိုင်ပါတယ်။
ဒီအချက် ၅ ချက်ကို လိုက်နာခြင်းအားဖြင့် Screen Time များတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။ ဇက်ကြောတက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်ခြင်းတာ၊ အိပ်မပျော်တာတွေကို လျော့ချပေးမှာပါ။
အထူ ၅.၇၅ မီလီမီတာသာရှိမယ့် အပါးဆုံးဖုန်းကို Tecno ကနေ concept အနေနဲ့ မိတ်ဆက်လိုက်ပါတယ်။
ပါးတာတခုထဲမဟုတ်ပဲနဲ့ ဘက်ထရီ 5200 mAh လည်းပါဝင်လာဦးမယ်လို့ သိရပြီး နောက်ဘက်မှာ 50MP ကင်မရာနှစ်လုံးတပ်ထားမှာပါ။
MWC 2025 မှာ show ပြထားမယ်လို့ ကြေငြာထားပြီး ဒါက concept အနေနဲ့ပြတာဖြစ်တဲ့အတွက် ဈေးကွက်ထဲရောက်ဖို့ ရာခိုင်နှုန်းကတော့ အလွန်ကိုမှနည်းပါတယ်။
Fact: Tecno ရဲ့ မနှစ်က concept device အဖြစ်ကြေငြာထားတဲ့ သုံးခေါက်ချိုးဖုန်းကလည်း အခုချိန်ထိ ထွက်ရှိလာခြင်းမရှိသေးပါဘူး။
"ဂါနာချိုအနေနဲ့ ပွဲပြီးနောက်နေ့ ကျွန်တော့်ရုံးခန်းကို လာခဲ့ပါတယ်။ ကျွန်တော် စစ်ဆေးမှုတစ်ချို့လုပ်ပြီး မှာတော့ သူဟာ အဝတ်လဲခန်းမှာ သူ့အဝတ်တော်တော်စိုနေလို့ လဲခဲ့တာဖြစ်ကြောင်း အရံခုံကို ပြန်မလာခဲ့ပေမယ့် အဝတ်လဲခန်းမှာပွဲကိုကြည့်နေပြီး ပွဲပြီးတဲ့ထိ ရှိနေကာ ပြန်သွားကြောင်း သိခဲ့ရပါတယ်။
သူ့အမှားလည်းမဟုတ်ပေမယ့် ယူနိုက်တက်လို အသင်းမျိုးမှာ ပြင်ပအမြင်တွေက အရေးပါတာမို့ ဒီလိုမျိုးလုပ်တာက သတိထားရမှာပါ။ သူပြစ်ဒဏ်အနေနဲ့ တစ်သင်းလုံးကို ညစာ ဝယ်ကျွေးပါလိမ့်မယ်" 🔴
🗣️ရူဘင်အမော်ရင်
တချိန်တုန်းက နာမည်ကြီးလူသုံးများခဲ့တဲ့ skype ကို လာမယ့် မေလမှာ အပြီးပိတ်သိမ်းတော့မယ်လို့ microsoft ဘက်က ကြေငြာလိုက်ပါတယ်။ 😢
Skype application ဟာ IP-based video call နဲ့ voice call အတွက် အသုံးပြုတဲ့နေရာမှာ နာမည်ကြီးခဲ့ပါတယ်။ 2003 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Skype ဟာ လူပေါင်း ၃၆သန်းနီးပါး နေ့စဉ်အသုံးပြုခဲ့တဲ့ app ဖြစ်ပါတယ်။
Microsoft ဟာ Skype ကို ၂၀၁၁ မေလမှာ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၃နှစ်အကြာမှာတော့ ယခုလို ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သုံးခေါက်ချိုးဖုန်းအသေးစားကို infinix ကနေ concept* အနေနဲ့ ထုတ်ပြလိုက်ပါတယ်။
ရိုးရိုးသာမန်ဖုန်းအဖြစ် အသုံးပြုတာအပြင် ပုံမှာပြထားတဲ့အတိုင်း အိတ်ဆောင်ကင်မရာအဖြစ်သုံးလို့ရပြီးတော့ စက်ဘီးလက်ကိုင်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ နေရာတွေမှာ တပ်ဆင်ပြီး တည်နေရာပြတာနဲ့ ကျန်းမာရေး လက်ပတ်အဖြစ်လည်း သုံးနိုင်ဖို့ ရည်ရွယ်တဲ့ ထုတ်ကုန်တခုပါလို့ infinix ဘက်က ပြောထားပါတယ်။
လာမယ့် MWC ပွဲမှာ ဒီထုတ်ကုန်ရဲ့ အသေးစိတ်အချက်အလက်များကို သိရနိုင်ပါတယ်။
* concept ဆိုသည်မှာ ဒီဇိုင်းမူကြမ်းဖန်တီးထားခြင်းသာဖြစ်ပြီး လက်တွေ့ဈေးကွက်တွင် ရောင်းချနိုင်မှု အလွန်နည်းသော ထုတ်ကုန်များကို ခေါ်သည်။