48 ပတ် - ဘာသာပြန်ပါ။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို နစကတပ်တွေ ပိတ်ဆို့ထား

ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နစကတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ မြို့ကို အပြီးသတ် ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးကုတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နစကဘက်က လုပ်ဆောင်လာနေပြီး မြို့ပတ်ပတ်လည်ကနေ ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

“မိုးကုတ်မှာ TNLA အဖွဲ့က လိုက်ကြေညာနေတယ်လို့ သိရပါတယ်။ အရပ်သားတွေကို ဘေးကင်းရာနေဖို့ ဆော်ဩနေတယ်” လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက်ပိုင်းကလည်း မိုးကုတ်မြို့ရှိ ဟိုဝိတ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုတွေ ရှိနေကာ လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ဝင်းထရံကျောက်တွင်းအနီးမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က သတင်း ထုတ်ပြန်ထားပါတယ်။

“မိုးကုတ်ပြည်သူတွေကတော့ လေကြောင်းရန်ကို ကြိမ်းသေ ကြုံကိုကြုံရမယ်ဆိုတာ သိနေပြီးသားပါ။ ဘယ်လို ပြင်ဆင်ထားရမယ် ဆိုတာကိုလည်း သိတယ်။ ဒါပေမယ့် မြို့အနေအထားအရ၊ ငွေရေးကြေးရေး အနေအထားအရ ဘာမှ မတတ်နိုင်ကြလို့သာ ဒီအတိုင်း နေနေကြရတာ။ အခု မိုးကုတ်ကို ပြန်နေကြတဲ့သူတွေကလည်း မတတ်သာလို့သာ ပြန်နေကြရတာ။ အပြင်မှာ အိမ်ငှားခဈေးကြီးသေးတယ်။ စားဝတ်နေရေး အကုန် အစစအရာရာ ဒုက္ခရောက်ကြရတာ။ ကူညီမယ့်သူလည်း မရှိနဲ့မို့၊ မတတ်သာတဲ့အဆုံး လာမယ့်ဘေး ပြေးတွေ့ရုံပဲ ဆိုတဲ့စိတ်နဲ့ မထူးဇာတ်ခင်းပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်အတွင်းမှာ မိုးကုတ်မြို့ကို TNLA နဲ့ မဟာမိတ်တွေ သိမ်းယူခဲ့ပြီးနောက် မိုးကုတ်ဒေသခံအများစု မြို့ထဲမှာ ပြန်လည်ဝင်ရောက် နေထိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ဂေါက်ကွင်းအနီးက ကျောက်လုပ်ကွက်နေရာတချို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေ အဆောက်အအုံ ငါးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မိုးကုတ်နဲ့ ထိစပ်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာလည်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နဲ့ တွင်းငယ်ကျေးရွာ အပါအဝင် သပိတ်ကျင်းနယ်က မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် တွင်းငယ်ရွာအနီးက တကက ၁၃၊ ၇ မိုင်ရွာအနီးက စခတ (၂) ခေါ် အမှတ် - ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီး (နည်းပညာတပ်) တပ်တွေကို သိမ်းယူဖို့ ကျန်နေသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေအပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မတ္တရာနယ်မှာ စစ်ရှောင်အရေအတွက် သောင်းဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ မတ္တရာမြို့နယ်က စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo - CJ

#centralnewsnaypyitaw

image

To the bone

(၃)နှစ် ကျော်ကာလအတွင်းတရားမဝင်ကုန်သွယ်မှုမှ ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၈

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃)နှစ် နှင့် (၁)လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အများဆုံး၊ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးသည် တတိယအများဆုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများသည် ဒုတိယအများဆုံးနှင့် တတိယအများဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရပြီး နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုး ကျပ်(၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅)ဘီလီယံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် တစ်ကမ္ဘာလုံး၏ GDP ခန့်မှန်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀၅ ထရီလီယံရှိသည့်အနက် တရားမဝင်ကူးသန်းရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများက အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံအများဆုံး ဆုံးရှုံးမှုဖြစ်သည်ကို ထုတ်ပြန်ထားပြီး နိုင်ငံဖြတ်ကျော်မှုခင်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ဒသမ၂ ထရီလီယံ၊ လာဘ်ပေးလာဘ်ယူမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ၊ မူးယစ်ဆေးဝါး ကူးသန်းမှုတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်၊ အတုပြုလုပ်မှုနှင့် ခိုးကူးမှုများတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများတွင် အမေရိကန်ဒေါ်လာ၂၅၈ ဘီလီယံ၊ လူကုန်ကူးမှုများတွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတို့ဖြစ်သည်ကို ဖော်ပြထားချက်များအရ သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
48 ပတ် - ဘာသာပြန်ပါ။

အစ္စတန်ဘူလ် ဒါဘီပွဲအပြီး မှတ်ချက်ကြောင့် မော်ရင်ဟို ၄ ပွဲပယ်ခံရ

ဖေဖော်ဝါရီ ၂၈

ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုဟာ ဂါလာတာစာရေးအသင်းနဲ့ အစ္စတန်ဘူလ် ဒါဘီပွဲအပြီးမှာ ပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က ၄ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ပေါင် ၃၅,၁၉၄ ချမှတ်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဂိုးမရှိ သရေကျခဲ့တဲ့ ဒီပွဲအပြီးမှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် ပြုလုပ်ခဲ့တယ်လို့ ဂါလာတာစာရေး အသင်းရဲ့ စွပ်စွဲမှုကိုခံထားရတာပါ။

ပေါ်တူဂီလူမျိုးနည်းပြဟာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဆလိုဗေးနီးယားလူမျိုး ဗင်ဆင့်ကို ချီးကျူးခဲ့ပြီး တူရကီဒိုင်လူကြီး တွေကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အစ္စတန်ဘူလ် ဒါဘီပွဲအပြီးမှာ ဒိုင်လူကြီး အဝတ်လဲခန်းထဲကို သွားရောက်ကာ ခင်ဗျားသာ ဒီပွဲကို ကိုင်တွယ်ရင် အလွန်ဆိုးရွား သွားလိမ့်မယ်ဆိုပြီး စတုတ္ထဒိုင်လူကြီးကို ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ မော်ရင်ဟိုကို အရေးယူမှုပြုလုပ်ခဲ့တာပါ။

မော်ရင်ဟိုဟာ တူရကီဒိုင်လူကြီးတွေကို စော်ကားတဲ့ ပြောစကားတွေကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ၊ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အားကစားကို ဆန့်ကျင်တဲ့ လုပ်ရပ်ကြောင့် ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းကတော့ တူရကီဘောလုံးအဖွဲ့ချုပ်က နည်းပြမော်ရင်ဟိုကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို အယူခံ ဝင်သွားမယ်လို့ BBC ကို အတည်ပြုထားတာပါ။

ဂါလာတာစာရေးအသင်းဟာ မော်ရင်ဟိုကို လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်ကြောင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ဖို့ လုပ်ဆောင်နေပြီး FIFA နဲ့ UEFA ကိုလည်း တရားဝင် တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းကလည်း ဂါလာတာစာရေးအသင်းရဲ့ စွပ်စွဲမှုတွေအတွက် ဥပဒေအရ အရေးယူဖို့ စီစဉ် သွားမယ်လို့ ပြောထားတာပါ။

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်ပြီး ကတည်းက တူရကီဒိုင်လူကြီးတွေကို ပြောခဲ့တဲ့ မှတ်ချက်တွေ ကြောင့် ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။

ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေပေမယ့် တူရကီဖလားပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိထားသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source: BBC

ပုံ - မော်ရင်ဟိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
48 ပတ် - ဘာသာပြန်ပါ။

မြန်မာတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများမှတဆင့် ရောက်လာခြင်းဖြစ်ကြောင်း ဂျပန်သံရုံးဆို

ဖေဖော်ဝါရီ ၂၈

မြန်မာတွင် ကျားဖြန့်လုပ်ရန် စေခိုင်းခံရသူများသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများမှတဆင့် အလုပ်လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ဂျပန်နိုင်ငံ၌ အွန်လိုင်းဂိမ်း၊ လူမှုကွန်ယက်စသည်တို့မှ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်း မရှိသော အသိမိတ်ဆွေမှတဆင့် ထိုင်း၊ ကမ္ဘောဒီးယားအစရှိသည့် ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် မိတ်ဆက်ပေးသည့်အတွက် ၎င်းနိုင်ငံများသို့ထွက်ခွာလာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ အွန်လိုင်း ငွေလိမ်လည်ရေးစခန်းများသို့ ခေါ်ဆောင်လာခြင်းခံရကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်ရန်စေခိုင်းခံရသော ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအွန်လိုင်းငွေလိမ်လည်ရေးစခန်းများ၌ ငွေလိမ်လည်မှုကို လုပ်ဆောင်ခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် စခန်းများတွင်မူ မျက်ခြည်မပျက်စောင့်ကြည့်ခံရသော အနေအထားဖြင့် လိမ်လည်မှုများကို အတင်းအကြပ် စေခိုင်းခံရပြီး သတ်မှတ်ခွဲတမ်းမပြည့်မီပါက ညှဉ်းပန်းနှိပ်စက်ခံရသည့်အဖြစ်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုပြင် ဂျပန်လူမျိုးများကို သွေးဆောင်လှည့်ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ဂျပန်လူမျိုးများကို ပစ်မှတ်ထား၍ လိမ်လည်မှုများကို ကျူးလွန်လျက်ရှိပြီး ကျူးလွန်ရန်အတွက်လည်း ဂျပန်နိုင်ငံသားများသာမက ဂျပန်ဘာသာစကားတတ်ကျွမ်းသော မြန်မာလူမျိုးများကို အသုံးချရန် ရည်ရွယ်လာနိုင်ခြေလည်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဆိုသည်။

ထို့ကြောင့် အွန်လိုင်းဂိမ်းများနှင့်အင်တာနက်‌အစရှိသည်တို့တွင် သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတဆင့် ဂျပန်ဘာသာစကားကို အသုံးပြုရမည့်အလုပ်လုပ်ကိုင်ရန် ဆွဲဆောင်ခြင်းခံရပါက စူးစမ်းဆင်ခြင်မဲ့ယုံကြည်ခြင်းမျိုးမပြုလုပ်ဘဲ မိသားစုနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသို့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image

သရေခေတ္တရာမြို့ဟောင်းတစ်ခုလုံး ကြည့်ရှုနိုင်မည့် မျှော်စင် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်း တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် မျှော်စင်တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနမှ သိရသည်။

ယင်းရှုခင်းကြည့်မျှော်စင်ကို ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက် ကြက်တူရွေးတောင် နေရာတွင် အမြင့် ၄၂ ပေရှိ ရှုခင်းကြည့်မျှော်စင်ဖြစ်အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌ တာဝန်ယူကာ အကောင်အထည်ဖော်တည်ဆောက်နေပြီး လက်ရှိမှာ RC လုပ်ငန်းပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“တည်ဆောက်နေတဲ့ ရှုခင်းကြည့်မျှော်စင်က စုစုပေါင်း အဆင့် ၃ ဆင့်ပါဝင်ပြီး ၁၂ ပေအမြင့်ရှိ အဆင့် ၂ ဆင့်နှင့် ၁၀ ပေအမြင့်ရှိ တစ်ဆင့်တို့ပါဝင်ပါတယ်။ မျှော်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ကျန်တဲ့ မြန်မာမှု အမွှန်းပန်းလက်ရာတွေ တပ်ဆင်ဖို့ပဲ ကျန်ပါတယ် ” ဟု ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်း မျှော်စင်သည် အဆိုပါဒေသအတွင်း အမြင့်ဆုံးနေရာအဖြစ်သတ်မှတ်နိုင်ပြီး သရေခေတ္တရာမြို့ဟောင်း တစ်ခုလုံးကို မြင်ရနိုင်သည့်အပြင် မြို့ဟောင်းအတွင်းရှိ အထင်ကရ စေတီပုထိုးများကိုပါ လှမ်းမြင်ရနိုင်မှာဖြစ်ကြောင်း၊ တောင်၏အနောက်ဘက်ခြမ်းရှိ ပြည်မြို့၊ မင်းကြီးတောင်၊ ဧရာဝတီမြစ်ကမ်းအထိ မြင်ရနိုင်ကြောင်း၊ ထို့ကြောင့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

လက်ရှိကာလတွင် မျှော်စင်တစ်ခုသာတည်ဆောက်နိုင်သော်လည်း နောက်ပိုင်းအစီအစဉ်များအနေဖြင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့ဖြင့် ညှိနှိုင်း၍ တောင်ခြေမှ မျှော်စင်အထိ တက်နိုင်မည့်လမ်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဖောက်သွားရန်ရှိကြောင်း၊ ကားဖြင့်လာရောက်သူများအတွက် ကားထားနိုင်မည့် ရပ်နားစခန်းများ၊ နားနေရန် ဈေးဆိုင်ခန်းများ စသည်တို့ကို ဖော်ဆောင်သွားရန်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

image
48 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍒🍒🍒

#gems

imageimage
48 ပတ် - ဘာသာပြန်ပါ။

The House GOP is considering significant cuts to Medicaid, potentially slashing billions.
Here's who could be affected:

Who could be impacted if GOP makes cuts to Medicaid funding? - ABC News
abcnews.go.com

Who could be impacted if GOP makes cuts to Medicaid funding? - ABC News

The House GOP is considering significant cuts to Medicaid, potentially slashing billions. Health policy experts say Medicaid provides vital services to many Americans