Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
"ကျွန်တော်စီးတီးကနေ ထွက်ခွာလာတာကတော့ စိန်ခေါ်မှုအသစ်တွေလိုချင်ခဲ့လို့ပါ။
စီးတီးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းကလည်း ကျွန်တော်အရံခုံထိုင်ခဲ့ရတယ်။ ဆီမီးဖိုင်နယ်တုန်းကလည်း လုံလောက်တဲ့ကစားခွင့်မရခဲ့ဘူး။ ဒီလိုပွဲတွေမှာ ကျွန်တော်ကစားချင်ခဲ့လို့ အသင်းပြောင်းခဲ့တာပါ။" 🔵
🗣️ဂျူလီယန်အဲလ်ဗာရက်စ်
ပြီးခဲ့တဲ့နှစ်လောက်ကသာ အဆန်စီယို နဲ့ ရက်ဖိုဒ့်တို့ အက်စတွန်ဗီလာ မှာ အတူတူကစားပြီး တယောက်အတွက်တယောက် ဂိုးတွေသွင်း ဂိုးတွေဖန်တီးမယ်ဆိုရင် ယုံမယ့်သူတောင်ရှိမှာမဟုတ်ပါဘူး။
ခုတော့ သူတို့နှစ်ယောက်တိုက်စစ်အတွဲဟာ သုံးပွဲကစားပြီးချိန်မှာ နှစ်ဦးပေါင်း လေးဂိုးသွင်း ၊ သုံးကြိမ်ထိ ဖန်တီးထားပါတယ်။