1 y - Translate

Infested (2023)

IMDB - 6.4/10

ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက် ဖြစ်ပြီး သူတိုလိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အတိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။

ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်းဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါတွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ် အဆိပ်ပြင်း ပင့်ကူတစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊ အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။

အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို ကယ်လတ်ဘ်နဲ့ သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures feature ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

https://t.me/horrormoviesmmsubb/607
——————————
#rl

image
1 y - Translate

Anime အဖြစ်လာဖိုကြေညာသွားခဲ့တဲ့ Ninja Vs. Gokudo

image
1 y - Translate

သဘာဝကျလွန်းတဲ့ ပြင်ဆင်မှုကြောင့် မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့ အေးမြတ်သူ🥰
သူမရဲ့ ပြင်ဆင်မှု ဇာတ်ရုပ်အပေါ်မှာ ပရိသတ်တွေက မှတ်ချက်ပေးထားကြတာပါ။ ဇာတ်ဝင်ခန်းတစ်ခုအတွက် ရိုက်ကူးနေတဲ့ သူမရဲ့ ဈေးသည်အဖြစ်ပြင်ဆင်မှု ပုံရိပ်ဟာ ပြင်ပက ဘဝနေထိုင်မှုပုံစံတွေနဲ့ ထပ်တူကျခဲ့ပြီး မင်းသမီးတစ်ယောက်ပါလားဆိုတဲ့ ရုပ်ကို မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့ရတာပါ။ အေးမြတ်သူပါဝင်တဲ့ ဇာတ်ကားတွေမှာ သူမဟာ သဘာဝကျစွာ အပိုအလိုမရှိသရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အကောင်းဆုံးသရုပ်ဆောင် ဇာတ်ပို့ဆု ကိုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
image
image
image
image
1 y - Translate

MMQR သုံးပြီး ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်မည်ဟု နစကခေါင်းဆောင်ပြော
- အွန်လိုင်းလိမ်လည်မှုမဖြစ်အောင် စောင့်ကြည့်ထိန်းကျောင်းရန် လိုအပ်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်အဆင့် ကျူအာကုတ်စနစ်၊ မြန်မာကျူအာ (MMQR) ကို အသုံးပြုပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မယ်လို့ နစကခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ မှာ ပြုလုပ်ခဲ့တဲ့ MMQR စတင်အသုံးပြုခြင်း အခမ်းအနားမှာ အထက်ပါအတိုင်း ပြောခဲ့တာပါ။
MMQR ကို အသုံးပြုခြင်းကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း မရှိသေးသူတွေသာမက ရှိပြီးသားသူတွေကိုပါ ငွေရေးကြေးရေးစနစ်မှာ ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုရယူဖို့ အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတူညီတဲ့ ဘဏ်စာရင်းတွေ၊ မတူညီတဲ့ ဒီဂျစ်တယ်မိုဘိုင်းပိုက်ဆံအိတ်တွေ၊ မတူညီတဲ့ ငွေပေးချေမှုစနစ်တွေကို ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်လို့ ကုန်သည်တွေနဲ့ အသုံးပြုသူတွေအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာတွေမှာ လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်မယ်လို့ ဆက်ပြောပါတယ်။
MMQR ကို အသုံးပြုပြီး ငွေပေးချေမှုနဲ့ အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်းရောင်းချခြင်း စတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းတွေ စုံစုံလင်လင် ပါဝင်လာနိုင်မှာဖြစ်တဲ့အတွက် လွယ်ကူထိရောက်မြန်ဆန်ပြီး စွမ်းဆောင်ရည်ပြည့်တဲ့ ငွေပေးချေမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မယ်လို့ နစကခေါင်းဆောင်က ပြောထားပါတယ်။
တဖက်မှာလည်း အွန်လိုင်းလိမ်လည်မှုတွေ မဖြစ်အောင် စနစ်တကျ စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ဖို့ လိုအပ်မယ်လို့လည်း ဆိုထားပါတယ်။
MMQR ကို ကနဦးစတင်တဲ့အစီအစဉ်မှာ ပထမအဆင့်အနေနဲ့ AYA Pay ၊ KBZ Pay ၊ Wave Money ၊ OK $ ၊ CB Pay ၊ uabpay ၊ A+ Wallet ၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesan တို့ ပါဝင်လာပါတယ်။

image