နီပေါနိုင်ငံတွင် ကျင်းပသည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ယနေ့နံနက်ပိုင်းတွင် အမိမြေသို့ ပြန်လည်ရောက်ရှိလာပြီး ကျပ် သိန်း ၆၉၀ ဖြင့် ဂုဏ်ပြုကြိုဆို

ဖေဖော်ဝါရီ ၂၈

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ ဒါရှာရတ်ကွင်းတွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ ရက်အထိ ကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အမိမြေသို့ ယနေ့နံနက်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။

အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို လေဆိပ်တွင်ပင် ကျပ်သိန်း ၆၉၀ ဖြင့် ဂုဏ်ပြုခဲ့သည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲသို့ အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ သင်း ပတ်လည်စနစ်ဖြင့် ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်အသင်းကို သုံးဂိုး တစ်ဂိုး၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်အသင်းကို ငါးဂိုး ဂိုးမရှိနှင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းကို ၂ ဂိုးစီသရေဖြင့် ယှဉ်ပြိုင် ကစားပြီးနောက် အမှတ်အများဆုံးရရှိသည့် မြန်မာနှင့် နီပေါ ထိပ်ဆုံးနှစ်သင်းမှာ ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။

ဗိုလ်လုပွဲ၏ ပထမပိုင်းတွင် မြန်မာအသင်းမှာ နီပေါအသင်း၏ အိမ်ရှင်ဖိအားအောက် ဂိုးမရှိသရေကျခဲ့သော်လည်း ဒုတိယပိုင်းစပြီးမကြာမီ ၆၁ မိနစ်တွင် ရူပါခိုင်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူခဲ့ပြီး နှစ်မိနစ်အကြာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူသည်ကို နီပေါနောက်ခံလူများ တားဆီးရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ ထိုဂိုးမှာ အငြင်းပွားဖွယ်ဖြစ်သော်လည်း အားကစားသတင်းဌာနများကမူ ဝင်းသိင်္ဂီထွန်း၏ သွင်းဂိုးအဖြစ် ဖော်ပြခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်လျက်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

#centralnewsnaypyitaw

imageimage
1 y - Translate

ကိုယ်ပိုင်တဲ့ အရာတွေမှာ
စည်းဆိုတာမထားရင်
သူများတွေရဲ့ ကျူးကျော်မှု
ခိုးယူမှု နှောက်ယှက်မှု ကိုခံရနိုင်တယ်
မိတ်ဆွေထားတဲ့နေရာမှာလဲ
စည်း ၃ စည်းနဲ့ ခွဲထားတယ်
အတွင်းစည်း - ကိုယ့်ရဲ့ အူမချေးခါးသိပြီး
မောင်နှမရင်းသဖွယ် ချစ်ရတဲ့ လူအနဲစု
အလယ်စည်း - လုပ်ဖော်ကိုင်ဖက် အတန်းဖော်
မုန့်စားဖက် အလည်သွားဖက်
အပြင်စည်း - မျက်မှန်းတန်း မေးထူးခေါ်ပြော
အဲ့အပြင်မှာရှိတဲ့သူတွေကတော့ - IDGAF
ဒီလိုထားတော့ဘာကောင်းလဲမေးရင်
စိတ်ပျက်မှုတွေကိုကာကွယ်ပြီးသားဖြစ်တယ်
Rules တစ်ခုပဲရှိရမှာက စည်းဖောက်ရင်
ပြန်ဝင်ခွင့်မပေးဖို့ပဲ
ယုံကြည်မှုက ပျက်သွားရင်
ပြန်တည်ဆောက်ရခက်တယ်လေ 🫰🏻
Not everyone is friend and
Not everyone need to be

image

ထရမ့်က ဝန်ထမ်းလျှော့မည်၊ အီလွန်မာ့စ်က ဘတ်ဂျက်လျှော့ချမည်ဟု ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖေဖော်ဝါရီ ၂၆ ရက်က ၎င်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဝန်ထမ်းအင်အား အများအပြား ကို လျှော့ချကြရန် အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် ၎င်း၏ မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ကို ပွဲထုတ်ခဲ့သည်။

ထို့နောက် အီလွန်မာ့စ်သည် ထိုအစည်းအဝေးတွင် ဘတ်ဂျက်လျှော့ချမည့် ၎င်း၏ ရည်မှန်းချက်များကို ဆွေးနွေးခဲ့သည်။

ထရမ့်၏ ညွှန်ကြားချက် အသစ်အရ အစိုးရအေဂျင်စီများ အနေဖြင့် ဝန်ထမ်းအင်အား လျှော့ချမည့် အစီအစဉ်များ ကို မတ်လ ၁၃ ရက်တွင် တင်သွင်းကြရန် ဖော်ပြထားသည်။

အစိုးရအေဂျင်စီများသည် ယခင်ကတည်းက အီလွန်မာ့စ် ဦးဆောင်သည့် အစိုးရအကျိုးဆောင်ဌာန (DOGE) ၏ အစီအစီဖြင့် ဝန်ထမ်းများလျှော့ချခြင်း၊ အစီအစဉ်များကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုညွှန်ကြားချက် အသစ်အရ အမေရိကန်အစိုးရ၏ ဝန်ထမ်းအင်အားကို အများအပြား လျှော့ချနေသည့် ထရမ့်နှင့် မာ့စ်တို့၏ အားထုတ်ကြိုးပမ်းမှုများသည် ပိုမိုအားမာန်ပါလာသော အရိပ်အခြေကို ပြသရာရောက်ခဲ့ သည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်က သဘောဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို ၎င်းအေဂျင်စီတွင်ရှိသည့် ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ အနက် ၆၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြောကြားခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် အီလွန်မာ့စ်ကို အလွန်ထောက်ခံသည့် လက္ခဏာကိုပြသခဲ့ပြီး အစိုးရအဖွဲ့ထဲမှ အချို့အကြီးအကဲများသည် မာ့စ်၏ အစီအစဉ်အချို့အား သဘောမတူကြောင်း ပြောကြားခဲ့ဖူးသူများဖြစ်သည်။

မာ့စ်သည် အစိုးရအဆင့်ရှိသည့် အရာရှိတစ်ဦး မဟုတ်သော်လည်း DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် အစိုးရ အဖွဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tesla နှင့် SpaceX စီအီးအိုဖြစ်သည့် မာ့စ်ကမူ ၂၀၂၅ ခုနှစ်အတွင်း အစိုးရ အသုံးစရိတ်ကို ဒေါ်လာ ၆ ဒသမ ၇ ထရီလျံထဲမှ ၁ ထရီလျံ လျှော့ချသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဘတ်ဂျက် အများအပြား လျှော့ချခြင်းသည် အမေရိကန်အစိုးရ၏ အရေးကြီးသည့် အချို့ အစီအစဉ် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ထရမ့်အစိုးရအဖွဲ့ အစည်းအဝေးမှာ အီလွန်မာ့စ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ပန်းတောင်းမြိုနယ်တွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ ဖမ်းမိ
**********************
(မှုခင်း) ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်လာသူ (၆)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၈)ရက် နေ့ခင်း (၁)နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရပ်သာအုပ်စု၊ ဘူးဘက်ကျေးရွာအဝင် ဘူးဘတ်ကျေးရွာ သုသာန်အနီး ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် ၂၁/၁ အနီး လမ်းမပေါ်တွင် ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဥသျှစ်ပင်မြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ရှာဖွေစစ်ဆေးရာ BGO-11 2R2073 SOJEN အဖြူရောင်ယာဉ် နောက်ခန်းပေါ်မှ အဝါရောင် ပီနံအိတ်ဖြင့် ထည့်ထားသော စက္ကူဖာအတွင်းမှ အကြည်ရောင် မှိုင်းခံပလပ်စတစ်ဖြင့်ပတ်ထားပြီး စက္ကူဖြင့် ထုပ်ထားသော အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ် (၁)အိတ်လျှင် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော (၂၀၀)ပြားစီပါ (၁၀)ထုပ်စီး (၅)စီး (ဆေးပြား-ဆေးပြား (၁၀၀၀၀) ပြားစီပါ အထုပ်ကြီး(၁၇)ထုပ်၊ စုစုပေါင်းဆေးပြား (၁၇၀၀၀၀)ပြားစီပါ စက္ကူဂျပ်ဖာ(၆)ဖာ အတွင်းမှ စုစုပေါင်း ဆေးပြား (၁၀၀၀၀)ပြားစီပါ အထုပ်ကြီး(၁၀၂)ထုပ်၊ စုစုပေါင်း ဆေးပြား(၁၀၂၀၀၀၀)ပြား အလေးချိန် (၁၀၂)ကီလိုဂရမ်၊ (၁)ပြားလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး (၂၀၄၀၀၀၀၀၀၀ိ/-)စာဖြင့်) (သိန်းပေါင်းနှစ်သောင်းလေးရာ) အား ကုလားအုတ်တံဆိပ်ပါ ဂျုံခေါက်ဆွဲအထုပ်(၅၀)ပါ ကတ်ထူစက္ကူဖာ (၁)ဖာ၊ သရဖူတံဆိပ်ပါ ဆန်ကြာဇံအထုပ် သေး(၃၀)ထုပ်ပါ ပီနံအိတ်(၅)အိတ်၊ အလေးချိန်(၅၀) ကီလိုဂရမ်ပါ၊ သကြားအိတ်(၃)အိတ်၊ MSG စာတမ်းပါ၂၅ ကီလိုဂရမ်ခန့်ရှိ အချိုမှုန့်အိတ်(၃)အိတ်၊ အဖြူရောင် ပီနံအိတ်ဖြင့် ထည့်လျက် အလေးချိန်(၁၅)ပိဿာခန့်ရှိ ကွမ်းစားဆေးရွက်ကြီး(၃)အိတ်၊ အဝါရောင်ကတ်ထူဗူးတွင် ရွှေမင်းသား တံဆိပ်ပါ ရွှေဝါဆပ်ပြာတောင့်(၄၀)တောင့်၊ အဝါရောင် ပီနံအိတ်ဖြင့် ထုတ်ထားသော ကတ်ထူဖာ(၂၆)ဖာ အတွင်းမှ ပင်မတံဆိပ် ကွမ်းစားနှပ်ဆေးရည်ဗူးများပါ (၁၃)အိတ်တို့နှင့်အတူ ရောနှောသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် သက်သေခံပစ္စည်းများနှင့်အတူ မကြည်ကြည်ခိုင်(ခ)မဟန်ကြည် ကိုင်ဆောင် အသုံးပြုသည့် Redmi Note 11 pro အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ကျော်ဆန်းမင်း ကိုင်ဆောင်သော HUAWEI အမျိုးအစား ခဲရောင်ဖုန်း(၁)လုံး၊ သန်းအောင်ဆွေ(ခ)ဦးဆွေ ကိုင်ဆောင်အသုံးပြုသည့် Redmi 10C အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ခင်မောင်မြင့်ရွှေ ကိုင်ဆောင်သည့် OPPO အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ Redmi Note 13 အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် ရေးသွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ(ခ)ဦးဆွေ၊ ခင်မောင်မြင့်ရွှေ၊ မကြည်ကြည်ခိုင် (ခ) မဟန်ကြည်၊ ကျော်ဝင်းထွန်း (ခ) ကပ်ပလီ၊ ကျော်ဇင်လတ်၊ ကျော်ဆန်းမင်းတို့ (၆)ဦးအား မူးယစ်ဆေးဝါး ဉပဒေများနှင့်အညီ အမှုဖွင့်လှစ်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image
U Hla Soe changed his profile picture
1 y

image
U Hla Soe changed his profile cover
1 y

image

M1တုန်းက Aceရဲ့ Hayabusa playstyle

1 y - Translate

ခွန်ထိုင်း အထာ 🥹
တစ်ခါတစ်လေ REVO နဲ့ ဟင်းရွက်ကန်စွန်းရောင်းနေတာတွေ တွေ့ရတာလည်း သိပ်တော့အဆင်ပြေမနေဘူးဗျ

image
1 y - Translate

သာဓု - အတာ
အေး မင်း လိမ္မာသလောက်
မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ။
အဲ့တာ ဘာဖြစ်လို့လဲ သိသလား။
မင်းအမေဟာ စာမတတ်ဘူးကွ။
ဒါကြောင့် ဒီလောက်ဆိုးနေတာ။
မေမေဟာ စာမတတ်လို့ ဆိုးတာ
မိုက်တာ ဆိုတော့ ဒေါသကြီးတာလည်း
စာမတတ်လို့ပေါ့နော်။
အေးပေါ့ကွ။
ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော
စာမတတ်လို့ဘဲလားဟင်....။
* အတာ *
မိဘကသားသမီးကို ချစ်မြတ်နိုးမေတ္တာထားတဲ့
စာအုပ်တွေ ၊ သားသမီးဘယ်လောက်ဆိုးဆိုး
အပြစ်မမြင်ရှာတဲ့ မိဘတွေအကြောင်း
သိမြင်တွေ့မြင်ထားပြီး အတာ စာအုပ်လေး
ဖတ်လိုက်ရတော့ တကယ့်ကို တုန်လှုပ်ဝမ်းနည်းသွားခဲ့ရတယ်။
ဒီဝတ္ထုဟာ အတာ ဆိုတဲ့ ကောင်ကလေး
တစ်ယောက်ရဲ့ဘဝအကြောင်းပေါ့ ။
အတာ ဆိုတဲ့ ကလေးလေး လူမှန်းသိတတ်စ
သုံးနှစ်သားအရွယ်ကတည်းက သိခဲ့တဲ့ စကားက
သူ့မွေးမိခင်ရဲ့ " ဒီ မသာလေးကလဲ
သေ မသေနိုင်ဘူး" ဆိုတဲ့ ညည်းညူတဲ့ စကားသံ။
ကျောင်းသိပ်တတ်ချင်လွန်းတဲ့ အတာ ။
ပညာတွေသင်ချင်လှတဲ့ အတာလေး ။
အတာ့ ကို ကျောင်းအပ်ဖို့အတွက် သူ့အမေရဲ့
နောက်ယောကျ်ားစုပေးထားတဲ့ ပိုက်ဆံတွေကို
မြင်းပွဲလောင်းပစ်ခဲ့တဲ့ အတာ့ရဲ့ မွေးမိခင်
မသိန်းမေ ။ ပတ်ဝန်းကျင်ကတောင် ပထွေးကမှ
အမေရင်းထက် သားအပေါ် ဂရုစိုက်သေးတယ်လို့ အပြောခံရတဲ့ မသိန်းမေ ။
မုန့်ဖိုး မပြောနဲ့ ထမင်းစားဖို့ ပိုက်ဆံတောင်မှ
သူ့အမေဆီက ရဲရဲမတောင်းရဲတဲ့ အတာ ။
သူ့အမေ ရဲ့ မျက်နှာအခြေအနေကြည့်ပြီး
ဒေါသထွက်နေတဲ့ နေ့တွေဆို မပြောရဲလို့
ထမင်း မစားဘဲ ရေတဝကြီးသောက်ပြီး
အိပ်လိုက်ရတဲ့ ခုနှစ်သားအရွယ် ကောင်လေး။
ဝတ်စရာ အင်္ကျီဆိုလို့ နှစ်ထည်သုံးထည်ပဲရှိတဲ့
အတာ ။
အတာ့ လောက် စိတ်သဘောထားပြည့်ဝတဲ့
ကလေးလေးကို ခုမှပဲတွေ့မြင်ရပြီး
သနားလိုက်တာ ။ သူ့အမေ သူ့ကို မချစ်ပေမဲ့ စေတနာ မရှိပေမဲ့ သူကတော့ သူ့အမေ ကို ချစ်ပါတယ်တဲ့။ တနေ့ သူဖြစ်ချင်တဲ့ ဝတ်လုံဖြစ်လာရင် သူ့အမေကို လုပ်ကျွေးမယ်တဲ့လေ ။
စိတ်သဘောထားပြည့်ဝတဲ့ အတာ
သွက်လက်ချက်ချာတဲ့ အတာ
ရိုးသားကူညီတတ်တဲ့ အတာ ကို သူ့အမေ
မချစ်သလောက် သူစိမ်းတွေကတော့ ချစ်လိုက် သနားလိုက်ရတာ ။ ဒါဟာ သူ့နောက်အဖေ ​
ကိုထွန်းအောင် ပြောတဲ့ မင်းစေတနာ
အကျိုးပေးပါလိမ့်မယ်ဆိုတာပေါ့ ။
ကျောင်းက ဆရာမတွေ ၊ မုန့်စျေးသည်တွေရဲ့
အချစ်တော်လေး အတာ ။ အတာ့ကို ချစ်မဲ့
ဂရုစိုက်မဲ့သူတွေ ပေါ်လာတိုင်း စာအုပ်ဖတ်ရင်းနဲ့ကို ဝမ်းသာလာမိတော့တာ ။ ပျော်လာမိတာ ။
ချစ်လို့ ပေးတိုင်းလည်း မယူ ကျွေးတိုင်းလည်း
မစားတဲ့ မွန်မြတ်တဲ့ အတာ ။
အတာလေး ဝမ်းနည်းရတိုင်း အရိုက်ခံရတိုင်း
စာအုပ်ဖတ်နေရင်းနဲ့ကို ဝမ်းနည်းစိတ်မကောင်းလာတာ ။ သူ့ကို ချစ်တဲ့ ဆရာမက ကျောင်းထွက်သွားပြီး နောက် အသစ်ဆရာမတစ်ယောက် ထပ်ရောက်လာပါရော ။ အဲဒီဆရာမ ရဲ့ မောင်လေးနဲ့ အတာ ကစားရင်း ဆရာမမောင်လေး မတော်တဆ နဖူးကွဲသွားတော့ အတာလေး ကို အမြင်မကြည်တော့ဘူး ။
မွေးမိခင်ရဲ့ အချစ်မခံရရှာတဲ့ အတာလေး
သူ့ဆရာကပါ သူ့ကို အမြင်မကြည်တော့
တစ်ပတ်လုံး ကျောင်းဖွင့်စေချင်တဲ့ ကလေးလေးဟာ ကျောင်းမတက်ချင်တဲ့ စိတ်တွေပါ ပေါက်ခဲ့တာ။ ကျောင်းလခကလည်း သူ့အမေက မပေး ။
ဆရာမကလည်း တောင်း ။ ပြီးတော့
" ကျောင်းလခမပေးနိုင်ရင် ကျောင်းမလာနဲ့ " တဲ့။
ဆယ်ကျော်သက်အရွယ် ကလေးလေး ဘယ်လောက် ဝမ်းနည်းထိခိုက်သွားမလဲဆိုတာ
ပြောမပြတတ်အောင်ပဲ ။ ကျောင်းမထွက်ချင်လို့
ငိုနေရတဲ့ အတာ့ပုံရိပ်ကိုမြင်ပြီး နှလုံးသားကပါ
ဝမ်းနည်းနာကျင်လာရတာ ။
သူ့အမေကို ကျောင်းမသွားချင်တော့ဘူး
ပြောတော့ " အေး ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့။
တချို့စာမျက်နှာတွေဆို ဆက်လှန်ပြီး ဖတ်ဖို့
ခွန်အားတောင် မရှိတော့သလိုပဲ ။ တကယ်တော့
အတာရဲ့ ဘဝကို ဆက်မမြင်ရက်နိုင်တော့တာ ။
မခံစားနိုင်တော့တာ ။
တစ်နေ့မှ ရတဲ့ မုန့်ဖိုးနည်းနည်းကို အငတ်ခံစုပြီး
ကျောင်းပစ္စည်းတွေ ၊ ဝတ်စရာ အင်္ကျီတွေ ဝယ်ခဲ့ရတာ ။ သူ့မုန့်ဖိုး နဲ့သူ ဝယ်တာတောင် သူ့အမေသိရင် အရိုက်ခံရမှာဆိုးလို့ တခြားသူကို ဝယ်ပေးလိုက်ပြီး " သားအတွက် ဝယ်ပေးတာလို့ " ပြောပြီး ပေးပါ လို့ လုပ်ခဲ့ရတဲ့ အတာ ။
သူ စုထားတဲ့ ပိုက်ဆံတွေကို သူ့အမေယူပြီး
လောင်းကစားလုပ်ပစ်တာ ၊ သူ့ကို တခြားသူ
ဝယ်ပေးထားတဲ့ ပိုးလုံချည်ကလေးကို ယူပေါင်ပြီး အပေါင်ဆုံးသွားတာ ၊ သူ့ရခဲ့တဲ့ စွပ်ကျယ်တွေကို သူ့အမေယူရောင်းပစ်လို့ ဝမ်းနည်းစိတ်ဆိုးပြီး မေမေ မတရားဘူးလို့ ပြောမိလို့
ပါးအတွင်းသား ကွဲပြီး သွေးထွက်ခဲ့တဲ့အထိ ပါးချခံခဲ့ရတဲ့ အတာလေး ။
ဒီ စာအုပ်ဟာ စာရေးသူ ဆရာသာဓု ရဲ့အကြောင်း
၉၀ % တောင်ပါသတဲ့ ။ အတာ ဆိုတဲ့ ကောင်ကလေးဟာ ဆရာသာဓုပေါ့ ။
အမေအရင်းက သားအပေါ် ဒါလောက်တောင် မေတ္တာမဲ့ ရသလားမေးတော့ ဆရာက
" ဒီထက်ဆိုးတာတွေတောင် ရှိသေးတယ် ၊
ရေးမကောင်းလို့တဲ့ ။ အမေရင်းက ကိုယ့်သားသမီးအပေါ်မှာ ဒါလောက်တောင် ဆိုးရ
သလားဆိုတာက ဒီသားသမီးရဲ့ အကုသိုလ်က ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ ၊ ဝဋ်ခံရတာပါ ၊ သဘောကတော့ အဲ့ဒါပါပဲလို့ " ဆရာက ဖြေခဲ့ပါတယ် ။
ဆရာ သာဓု ဒီဝတ္ထုကိုရေးခဲ့တာဟာ
သူ့အမေအပေါ် နာကြည်းစိတ်နဲ့ ရေးခဲ့တာမဟုတ်ဘဲ ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့ ကျေပါဆိုတော့ဆိုတဲ့
ခွင့်လွှတ်စိတ်နဲ့ ရေးခဲ့ခြင်းပါတဲ့ ။ ဟုတ်တာပေါ့
အတာ ဟာ သူ့အမေ ဘယ်လောက်ဆိုးဆိုး
သူ့အမေအပေါ် ဘယ်တော့မှ မမုန်းခဲ့ဘူး ။
အချစ်မပျက်ခဲ့ဘူး ။
ဒီ ဝတ္ထုကို လူငယ်တွေ ကလေးတွေလည်း
ဖတ်သင့်တယ် ။ မိဘတွေလည်း ဖတ်သင့်တယ် ။
ဆရာ ဆရာမတွေလည်း ဖတ်သင့်တဲ့ ဝတ္ထုတစ်အုပ်ပါ ။ ဝတ္ထုတစ်အုပ်ထက် ပိုတဲ့ ခံစားချက်နဲ့
အတွေးအမြင်တွေပါ ရမဲ့ စာအုပ်လို့ ပြောရင်
လွန်မယ်လို့ မထင်ပါဘူး ။ ပြီးတော့ ဒီစာအုပ်လေးက နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ စာအုပ်စာရင်းဝင် စာအုပ်လည်းဖြစ်ပါတယ် ။
အတာလို ကလေးမျိုးတွေရဲ့ အဖြစ်တွေ
ထပ်မရှိပါစေနဲ့တော့ ၊ ပါလာခဲ့သမျှ
ဝဋ်ကြွေးဆိုတာလည်း ကျေပါစေတော့ဟုသာ ။

image
1 y - Translate

Samsung ရဲ့ Monster series အသစ်တွေဖြစ်တဲ့ Galaxy M16 နဲ့ M06 တို့ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။
Specs တွေကတော့ Galaxy M16 5G မှာ -
- 6.7 inches Full HD+ Amoled
- MediaTek Dimensity 6300
- 50+5+2 MP & 13MP camera
- 5000 mAh + 25W
- Side Fingerprint
- 6 years OS update
- Starting from 130$
Galaxy M06 5G မှာ -
- 6.7 inches HD+ Amoled
- MediaTek Dimensity 6300
- 50+2 MP & 8MP camera
- 5000 mAh + 25W
- Side Fingerprint
- 4 years OS update
- Starting from 110$

image