အလွယ်ကူဆုံးသာကူပြင် သာကူလုံး လုပ်နည်း
သာကူ 400g
သကြား၊ 200g
အုန်းနို့250mlတဗူး
အုန်းသီး တခြမ်း(ခြစ်ထားပါ)
ဆားလက်ဖက်ရည်တဇွန်း
သာကူကိုရေဆေးပြီး ဆယ်မိနစ်လောက်စိမ်ထားပါ
ပြီးရင် သာကူကိုရေစစ်ပြီးသကြား ၊အုန်းနို့ ၊ဆား၊အုန်းသီးခြစ်ထားတာတွေကိုထည့်ပြီးသမအောင်သာသာလေးမွေပေးပါ။
ပြီးရင်ပေါင်းမဲ့ခွက်ကိုဆီသုပ်ပြီးသာကူတွေထည့်ပြီးရေနွေးငွေ့နဲ့နာရီဝက်နီးပါးလောက်ပေါင်းပြီးရင်ရပါပြီ
ပြီးရင်အအေးခံပြီးလိုသလိုလှီးပြီးအုန်းသီးခြစ်လေးဖြူးစားလို့ရပါပြီ

image
image
image
image
31 w - Translate

မေတ္တာတွေ အမျိုးမျိုးရှိတယ်
တချို့က ခန္ဓာကိုယ်ကို လိုချင်တယ်
တချို့ြက စိတ်ကို လိုချင်တယ်
ဒါပေမဲ့ ကိုယ့်မေတ္တာကကြ
သူပြုံးပျော်နေတာလဲ ပဲလိုချင်တယ်၊
နေခြည်နွေးလေးတွေပဲ
ကိုယ်ပေါ် ဖြာကျစေချင်တယ် ၊
အမြဲကျန်းမာစေချင်တယ်
သူဟာ ကိုယ်ပိုင်ရသည်ဖြစ်စေ
မပိုင်ရသည်ဖြစ်စေ ကိုယ်ဟာ
အကောင်းဆုံး ချစ်ပေးလိုက်ဖို့ ဆန္ဒရှိတယ်။
#စာတို

31 w - Translate

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ
မကြောက်နဲ့ ။ 🙅‍♂️

သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။

စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။

ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။

သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။

ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။

(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။

ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။

ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျနာ တတ်ပါတယ်။ 🌿🍀🍀

#စာပေ

image

သဘာဝအလှ

image

သဘာဝအလှ

image

သဘာဝအလှ

image

သဘာဝအလှ

image

သဘာဝအလှ

image

သဘာဝအလှ

image

သဘာဝအလှ

image