2 yrs - Translate

ဂရုမစိုက်နိုင်ခြင်းအတွက် တောင်းပန်ပါတယ်ဆိုတဲ့ ပန်းလေး Hygrandea (6လပန်း)

image
image
image
image
2 yrs - Translate

အသက် ၁၀ နှစ်မှာ ကောလိပ်တက်ပြီး အသက် ၁၇ မှာ ပါရဂူဘွဲ့ရယူခဲ့တဲ့ ဆယ်ကျော်သက်

ရှီကာဂိုမြို့က ဆယ်ကျော်သက်ကောင်မလေးဟာ အသက် ၁၇ နှစ်မှာပဲ ပါရဂူဘွဲ့ကို ရယူခဲ့ပါတယ်။ ။ ဒိုရိုသီ ဂျင်း တီလ်မန်းဆိုတဲ့ အဲ့ဒီဆယ်ကျော်သက်ကောင်မလေးက အသက် ၁၀ နှစ်အရွယ်မှာ ကောလိပ်မတတ်ခင် အစောပိုင်းနှစ်တွေမှာ အိမ်မှာပဲ စာသင်ယူခဲ့တာပါ။

၂၀၂၀ ခုနှစ်မှာ သူဟာ မဟာသိပ္ပံဘွဲ့ (Master of Science Degree) ကို ရရှိခဲ့ပြီး ၁ နှစ်အကြာ အသက် ၁၅ နှစ်မှာ Arizona State University မှာ ပါရဂူဘွဲ့ရယူဖို့ Behavioral Health Management ပရိုဂရမ်ကို လက်ခံခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ သူက ပါရဂူဘွဲ့ကို အောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။ မေလ ၆ ရက်နေ့မှာတော့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အဲ့ဒီပါရဂူဘွဲ့ကို ကိုယ်တိုင်တက်ရောက်ယူခဲ့ပါတယ်။

ဒိုရိုသီက Behavioral Health program မှာ ပါရဂူဘွဲ့ကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ သူ့ရဲ့စာသင်ယူလေ့လာမှုကို ချစ်မြတ်နိုးစိတ်နဲ့ လူတွေကို ဆက်လက်လှုံ့ဆော်ပေးဖို့ မျှော်လင့်ထားပါတယ်။ ဘွဲ့ယူပြီးနောက် သူ့ရဲ့အစီအစဉ်တွေကတော့ အခြားဆယ်ကျော်သက်တွေလိုပါပဲ။ သူ့ရဲ့တိကျတဲ့အိပ်မက်နဲ့ ပန်းတိုင်တွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

image
2 yrs - Translate

မန်စီးတီးအသင်းဟာ စပါးတို့ရဲ့အိမ်ကွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (ပရီးမီးယားလိဂ်) လေးပွဲစလုံးကို အရေးနိမ့်ထားခဲ့တာပါ။

သရေရလဒ်တော-င် မရခဲ့တဲ့အပြင် ဂိုးလည်း တစ်ဂိုးတော-င်မှ ပြန်လည်သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ရက်ပေါင်းအားဖြင့် စပါးကွင်းမှာ မန်စီးတီးတို့ အနိုင်မရတာဟာ ၂၀၂၃ ရက်အထိ ရှိသွားခဲ့ပါပြီ။ ဒီမှတ်တမ်းက မန်စီးတီးကို ထိ-တ်လန့်မှုတချို့ပေးနေမှာတော့ သေချာပါတယ်။

စပါးပရိသ-တ်တချို့ဟာ သူတို့ရဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ရမှာစိုးတာကြောင့် မန်စီးတီးကို အရှုံးကန်ခိုင်းနေကြပေမဲ့ စပါးနည်းပြအန်ဂီကတော့ အစွမ်းကုန်ထု-တ်သုံးပြီး အနိုင်ကစားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် စပါးအသင်းအနေနဲ့ လက်ကျန်နှစ်ပွဲကို အနိုင်ကစားနိုင်မယ်၊ အက်စ်တွန်ဗီလာကလည်း ခရစ်စတယ်ပဲလေ့စ်နဲ့ နောက်ဆုံးပွဲစဉ်မှာ ခြေချော်သွားခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သူတို့မှာ အခွင့်အရေး ရှိနေသေးတာပါ။

ဒါကြောင့် စပါးနဲ့ မန်စီးတီးတို့ရဲ့ဒီညတွေ့ဆုံမှုကတော့ပြိုင်ဆိုင်မှု ပြင်းထ-န်ဦးမဲ့အပြင် ဂန်းနားတို့ပါ ရင်တထိ-တ်ထိ-တ်နဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

image
2 yrs - Translate

တို့လဲ လွမ်းတယ်🥺🥴

image
2 yrs - Translate

The beautiful Switzerland fields 💚

image
2 yrs - Translate

ရုတ်တရက် ကြည့်လိုက်ရင် မြင်းကျားတွေကို မြင်ရမှာ မဟုတ်ပါဘူး။ အရိပ်မည်းတွေကိုပဲ အကောင်တွေလို့ ထင်ကြမှာပါ။ ပုံကို အနီးကပ်ကြည့်မှ မြင်းကျားတွေကို မြင်ရမှာ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ပုံကတော့ National Geographic ရုပ်သံရဲ့ တစ်နှစ်တာအကောင်းဆုံးဆု ရခဲ့တဲ့ ဓာတ်ပုံပါပဲ။

Ref: National Geographic

image

Yummy

အဲ့လို လိုက်တောင်းစားရမယ် ?

2 yrs - Translate

ကားအင်ဂျင် တုန်ခါမှုကို ဖြစ်ပေါ်စေတဲ့ အချက်(၈)ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားမောင်းတဲ့ သူတွေ တော်တော်များများ မကြာခဏတွေ့ကြုံနေရတဲ့ ကား အင်ဂျင် ပုံမှန်မဟုတ်ဘဲ တုန်ခါစေတဲ့ ပြသနာတွေကို တင်ပြပေးသွားပါ့မယ်။

🔸(1) လေတံခါး ( Throttle Body) နဲ့ ( ISC Valve) တွေ ချေးပိတ်တာ

ကားအင်ဂျင် တုန်ခါမှုရဲ့ 70% လောက်ကဒီနှစ်ခုမှာ ချေးပိတ်လို့ ဖြစ်တာများပါတယ်။
ဒီနှစ်ခုရဲ့ အလုပ်လုပ်ပုံကလည်း သဘောတရားအခြေခံ နီးစပ်ပြီး တချို့ကားတွေမှာ အတွဲလိုက်ရှိပြီး တချို့ကားတွေမှာတော့ သီးသန့်စီတည်ဆောက်ထားပါတယ်။

အားလုံးသိထားတဲ့အတိုင်းပဲ ကားအင်ဂျင်တုန်ခါတာနဲ့ လေတံခါးဖြုတ်ဆေးကြောတယ်ဆိုတာ အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ။

🔸(2) Spark Plugs တွေ မကောင်းတာ

ကားအင်ဂျင်မှာ အသုံးပြုထားတဲ့ Spark Plugsတွေ မကောင်းဘူးဆိုရင် ကားအင်ဂျင်လည်ပတ်ဖို့ ဆီတွေကို မီးလောက်ကျွမ်းပေးဖို့ လုံလောက်တဲ့ မီးပွင့်မှုတွေ ဖြစ်မလာနိုင်တော့ဘဲ ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်လာစေပါတယ်။

🔸(3) Fuel Filter တွေ ချေးပိတ်တာ

Fuel Filter တွေ ချေးပိတ်နေတယ်ဆိုရင် ဆီပန့်ကနေ လုံလောက်တဲ့ ဖိအားရှိတဲ့ ဆီတွေကို Injectorတွေ ဆီမပို့ဆောင်တော့ဘဲ အင်ဂျင်တုန်ခါမှု ဖြစ်ပေါ်လာစေပါတော့တယ်။

🔸(4) အင်ဂျင်အဝင်လေပိုက်တွေ ပေါက်တာ၊ ကွဲတာ

ကားအင်ဂျင်တစ်ခု လည်ပတ်ဖို့ အဓိက လိုအပ်တဲ့ အရာတွေထဲမှာ လေ လည်းပါဝင်တာမို့ ဒီလေပိုက်တွေ သေချာမတပ်ဆင်ထားလို့ ကားမောင်းရင်း ပြုတ်ထွက်သွားတာ၊ ဆွေးမြေ့နေတဲ့ လေပိုက်အက်ကြောင်းတွေကနေတဆင့် လေတွေဝင်နေတာကြောင့် အင်ဂျင်ရဲ့ ဆီနဲ့လေ အချိုးမမှန်မှုတွေ ဖြစ်ပေါ်လာစေပြီး ကားအင်ဂျင်တုန်ခါမှုကို ဖြစ်လာစေပါတယ်။

🔸(5) အင်ဂျင်မောင်းတိန်းတွေ မကောင်းတာ

ပုံမှန်အားဖြင့် ကားအင်ဂျင်တိုင်းမှာ အင်ဂျင်မောင်းတိန်း အနည်းဆုံး ၂ခု ကနေ ၃ ခု ၄ခုထိပါတတ်ပါတယ်။
ဒီကောင်တွေရဲ့ အဓိကလုပ်ဆောင်ချက်က အင်ဂျင်ကို ကားဘော်ဒီမှာ အသေတပ်ဆင်တာမျိုး မလုပ်ဘဲ လိုအပ်သလောက် အတိမ်းအစောင်း လှုပ်နိုင်ခါနိုင်အောင် ထိန်းထားပေးတာပါ။
အင်ဂျင်နဲ့ ဘောဒီကို တွဲဖက်ပေးထားတဲ့ ဒီကောင်တွေ တလုံးလုံး ပျက်ပြီဆိုရင်၊ မောင်းတိန်းဆွေ အားပျော့လာပြီး အင်ဂျင်ဟာ သိသိသာသာ တုန်ခါပါတယ်။

🔸(6) Mass Air Flow Sensor ( MAF) တွေ မကောင်းတာ

MAF Sensors တွေ ချေးကပ်ပြီး၊ ချို့ယွင်းပြီး အလုပ်လုပ်တာ မမှန်တော့ဘူးဆိုရင် ECMကိုပို့ပေးတဲ့ အချက်အလတ်တွေ မှားယွင်းကုန်ပြီး ဆီနဲ့လေ အချိုးတွေ မမှန်တော့ပါဘူး။
ဒီမှာ အင်ဂျင် တုန်ခါတွေ ဖြစ်ကုန်ပါတော့တယ်။

🔸(7) Injectors တွေ မကောင်းတာ

Fuel Injectors ( Petro Engine) နဲ့ Nozzle ( Diesel Engine) တွေ ချေးပိတ်ဆို့တာ ၊ ကာဗွန်ဂျိုးတက်တာတွေ ဖြစ်ပြီး ကားအင်ဂျင်လည်ပတ်မှု ဖြစ်စဉ်ကို အနှောက်အယှက်ပေးတာမို့ ကားအင်ဂျင် တုန်ခါမှုကို ဖြစ်စေတာပါ။

🔸(8) Timing Belt ကြိုးတွေ ချော်တာ၊ ပွန်းစားကုန်တာ

Timing Belt ကြိုးတွေ ပွန်းစားပြီး Timing အသွားအလာကျော်တာ၊ တိုင်ပင်ချော်တာတွေကြောင့် ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ကဲ သင်ရော ကားအင်ဂျင် တုန်ခါတဲ့ ပြသနာမျိုး ကြုံဖူးပြီလား။

သင့်ကားရော ဘယ်အချက်တွေနဲ့ ကားအင်ဂျင် တုန်ခါမှုတွေကို ကြုံတွေ့ဖူးကြသလဲ။

image
2 yrs - Youtube