ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပြည် ပလာတာ (၁၀ယောက်စာ)
ပလာတာ ၁၅ချပ်
ကြက်သား ၅၀ကျပ်သား
အာလူး ၃၅ကျပ်သား
ကုလားပဲ ၂၀ကျပ်သား
ငရုတ်ပွခြောက် ၆တောင့်
ကြက်သွန်နီ ၄လုံး
ချင်း လက်တစ်ဆစ်
ကရဝေးရွက် ၂ခု
ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း၂ဇွန်း
မဆလာ အနည်းငယ်
ဆီ စားပွဲတင်ဇွန်း၁၀ဇွန်း
ဂေါ်ဖီထုပ် တစ်စိတ်(ခြစ်ထားပါ)
ကြက်သွန်နီ ၅လုံး(ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း အနည်းငယ်
သံပုရာသီး ၅လုံး
ပူစီနံ ၂စည်း
~ကုလားပဲများကို(၃)နာရီခန့်ရေစိမ်ပီးနူးအောင်ပြုတ်ထားပါ။ပဲနူးလျှင်အအေးခံ၍ကြိတ်စက်(Blender)ထဲသို့ထည့်ကြိတ်ကာအိုးအကြီးတစ်လုံးထဲသို့ပြောင်းထည့်ထားပါ
~ကြက်သားများကိုအရွယ်တော်အတုံးများတုံး၍ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာရေခဲသေတ္တာထဲတွင်(၂)နာရီခန့်နှပ်ထားပါ
~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ပီးကြက်သွန်နီ ချင်းတို့နှင့်ရောကာညက်အောင်ထောင်းထားပါ
~အာလူးများကိုအခွံခွာ၍လေးစိတ်စိတ်ကာရေစင်အောင်ဆေးပါ။ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာဆီပူပူတွင်(၃)မိနစ်ခန့်ဟိုဘက်ဒီဘက်လှန်ကာကြော်ပီးဆယ်ထားပါ
~ထိုဆီထဲသို့ကရဝေးရွက်နှင့်ပဲနံ့သာစေ့တို့ကိုထည့်မွှေပီးအနံ့မွှေးလာလျှင်ထောင်းထားသောအနှစ်များကိုထည့်၍ဆီသတ်ပါ
~အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပီးရေနွေးကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ
~ကြက်သားနှင့်အာလူးများနူးလာလျှင်ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ
~ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး၍အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်ပေးလို့ရပါပီ..
#cooking