2 yrs - Translate

အဲ့လောက်ကြီးကျ 😒

image
2 yrs - Translate

ရွှေဖိနပ်စု နှစ်ကြိမ်ရ တော့မယ့် ဟာလန်း

ဟုတ်ပါတယ် မနေ့ညက စပါး အသင်းကို နှစ်ဂိုးသွင်းပြီးနောက် ဟာလန်းက ၂၇ ဂိုးနဲ့ ပရီးမီးယားလိဒ်ရဲ့ ရွှေဖိနပ်ရဖို့ အတွက် ဦးဆောင်နေပါတယ်။ မနှစ်ကလည်း ရခဲ့သလို ဒီနှစ်လည်း ရဖို့ သေချာနေပါပြီး။ ဟာလန်းကို ခေါ်ယူခဲ့တယ့် မန်ချက်စတာ စီးတီး အတွက်‌ကတော့ ရှယ်ပါပဲ။

image

You gotta try ❤

2 yrs - Translate

အရှုပ်ထွေးဆုံး Apple Pencil Lineup

Apple Pencil Pro က M4 iPad Pro နဲ့ M2 iPad Air တွေမှာဘဲရတာက Apple က landscape camera ပြောင်းလိုက်တော့ magnet alignment တွေပါပြောင်းလိုက်တဲ့အတွက် pencil 2nd gen ကမရတော့တာပါ။

Apple Pencil(USB-C) က wireless charging မရပါ။

image

like me xD

စားချင်စရာလေး ❤

lisa Agramonte changed her profile picture
2 yrs

image
2 yrs - Translate

🌸 ပုဇွန်ချဉ် ပြုလုပ်နည်း 🌸

ယမ်းစိမ်းထည့်ဖို့မလိုပါ။
ထမင်း+ဆား+ပုဇွန် ထည့်ရုံပါပဲနော်။

ပုဇွန် တစ်ကီလို (၆၀ သားလောက်) ကို
ဆန်တစ်ဗူးစာ ချက်ထားတဲ့ ထမင်းနဲ့
ဆား စတီးဇွန်း ၂ ဇွန်းခွဲလောက်နဲ့
ရောနယ်တာပါပဲ။

ထမင်းကအပူလား၊ အအေးလားဆိုတော့
အရမ်းအပူကြီးနဲ့ မလုပ်ပါဘူး။
ကိုင်သာရုံ ခပ်နွေးနွေးနဲ့လဲ ရပါတယ်။
ထမင်းကြမ်း၊ ထမင်းအေးနဲ့လဲ လုပ်လို့ရပါတယ်။

ကြိုက်ရာ ငါးကြီး ငါးသေး ငါးဖယ် ပုဇွန်ထုတ် ပုဇွန်ကျော့ အချဉ်တည်နည်းက လုပ်နည်းတူတူပဲ။
ငါးကြီးရင် သင့်လျှော်အောင်တုံးပေးရန် လိုပါတယ်။
ရာသီဥတု အပူအအေးပေါ်မူတည်ပြီး
ရက်အတိုးအလျှော့ရှိပါတယ်။

သန့်သန့်ရှင်းရှင်း မကိုင်တွယ်ရင်..
အသုံးပြုတဲ့ ပစ္စည်းတွေ မသန့်ရင်..
အချဉ်မပေါက်ဘဲ မှိုတက်သွားတာ၊
ပုတ်သွားတာမျိုးဖြစ်တတ်ပါတယ်။
iodine ပါတဲ့ ဆားကို မသုံး/သုံးသုံး တူတူပါပဲ။
ပုဇွန် အကောင်သေးလေးတွေက အခွံက မည်းပါတယ်။ အချဉ်ပေါက်သွားတာတောင်မှ အခွံက နီမသွားဘဲ မည်းမည်းကြီးနဲ့ စားချင်စဖွယ် မရှိပါဘူး။
ပုဇွန်ချဉ် ပန်းဆီရောင်အနီရောင် ရချင်ရင်
အကောင်ကြီးကြီးကို အခွံချွှတ်ပီး သုံးပါရှင်။
◾◾◾◾◾◾◾◾◾◾◾◾◾

ပုဇွန်ချဉ်သုပ်နည်း

ပုဇွန်ချဉ် ကြက်သွန်နီ နံနံပင် သို့ ပင်စိမ်း ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။ ငံပြာရည် အချိုမှုန့် ထည့်သုပ်ပါ။ ငရုတ်သီးမှုန့်ထည့်ပါ။ ပုဇွန်ချဉ် မချဉ်ရင် သံပုရာရည်ညှစ်သုပ်ပါ။
#cooking

image
2 yrs - Translate

ရှယ်ကြမ်းတဲ့ AI မော်ဒယ်ကို Free ထုတ်ပေးလိုက်တဲ့ OpenAI

OpenAI က ChatGPT-4o ဆိုတဲ့ AI မော်ဒယ်အသစ်ကို မနေ့ညတုန်းက မိတ်ဆက်သွားတယ်။ ဘာတွေထူးခြားလဲဆိုရင် ဉာဏ်ပိုကောင်းလာတယ်။ Text, Vision နဲ့ Audio အပိုင်းတွေမှာ လုပ်ဆောင်နိုင်စွမ်းတွေ ပိုမြင့်လာပါတယ်။

သတင်းကောင်းကတော့ ChatGPT-4o ကို Paid User တွေအတွက်တင် မဟုတ်ဘဲ Free User တွေအတွက်ပါ ထုတ်ပေးလိုက်တာပါ။ Free User တွေကတော့ Usage နဲ့ Demand အပေါ်မူတည်ပြီး ChatGPT-4o ကို Limit နဲ့ အသုံးပြုခွင့်ရမှာပါ။ ဘာပဲဖြစ်ဖြစ် OpenAI အနေနဲ့ ဒီ AI မော်ဒယ်ကို Free သုံးခွင့်ပေးလိုက်တာကတော့ တော်တော်မိုက်တယ်။

အခုဆိုရင် Free User တွေလည်း ChatGPT ကို Google Search လိုမျိူး သုံးလို့ရပြီ။ အရင်တုန်းကလိုမျိူး ဘယ်ခုနှစ်နောက်ပိုင်း အချက်အလက်တွေကို သူမသိပါဘူးလို့ မပြောတော့ဘဲ အင်တာနက်ပေါ်က အချက်အလက်တွေကို ရှာပြောပေးတယ်။ မြန်မာစကားကိုလည်း အရင်တုန်းကထက် ပိုနားလည်လာပြီ။ English စာ အခက်အခဲရှိသူများ မြန်မာလို စမ်းမေးကြည့်ကြပါ။

Vision အပိုင်းမှာဆိုရင် ဓာတ်ပုံတွေပြပြီး ကိုယ်သိချင်တာမေးတာပဲဖြစ်ဖြစ်၊ ဆွေးနွေးတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ AI က နားလည်နိုင်စွမ်း ပိုမြင့်လာတယ်။ OpenAI ကတော့ ဒီနေရာမှာ ChatGPT-4o ဟာ လက်ရှိ AI မော်ဒယ်အားလုံးထက် အများကြီးသာတယ်လို့ ပြောထားတယ်။ နောက်ပိုင်းကျရင်တော့ Real-time ဗီဒီယိုတွေပြပြီး ကိုယ်သိချင်တာမေးရင်း AI နဲ့ Chatting ပါ လုပ်နိုင်မယ်လို့ သိရပါတယ်။

Chatting လုပ်တဲ့အခါမှာလည်း သူတို့ပြသွားတဲ့ Demo Video တွေအရ Response Time အရမ်းမြန်သလို လေယူ၊ လေသိမ်းတွေကိုလည်း လူတစ်ယောက်နဲ့ စကားပြောနေရသလိုမျိူး ခံစားရအောင်လုပ်ပေးထားတာ တွေ့ရတယ်။ OpenAI ကတော့ ရှယ်ကြမ်းနေပါပြီ 🫨

လောလောဆယ်မှာ ChatGPT Plus User တွေအတွက် MacOS Desktop App ဗားရှင်းထုတ်ပေးထားပါတယ်။ နောက်ပိုင်းကျရင် Windows ဗားရှင်းပါ ထုတ်ပေးမယ်လို့ OpenAI က ပြောပါတယ်။

- AI တွေက ကျွန်တော်တို့ နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်လာပါတော့မယ်။ ဒီလိုဖြစ်အောင်လည်း နည်းပညာကုမ္ပဏီကြီးတွေက လုပ်နေကြတာပါ။ ဒါကြောင့် နည်းပညာခေတ်မှာ မကျန်ရစ်ဖို့ AI ကို အသုံးချတတ်အောင်၊ AI နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားသင့်နေပါပြီ။

Ref: OpenAI, The Verge

image
2 yrs - Translate

ဂရုမစိုက်နိုင်ခြင်းအတွက် တောင်းပန်ပါတယ်ဆိုတဲ့ ပန်းလေး Hygrandea (6လပန်း)

image