image
2 yrs - Translate

ကမ္ဘာ့ရွှေစျေးကတော့ 24 နာရီအတွင်း ဆက်တိုက်အကျနဲ့ ခရီးဆက်နေပြီး ဒေါ်လာစျေးကသာ ၄ ထောင်အောက်ကို ပြန်ဆင်းသွားရင် သေချာပေါက် မြန်မာ့ရွှေစျေး ကျဆင်းသွားမှာပါ ။

ဒီတပတ်အတွင်း တခုခုတော့ ထူးခြားမှာပါ

#ရွှေစျေး

image
2 yrs - Translate

(၁၅.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၁၀၀ ကျပ်
ပြင်ပပေါက်စျေး- ၄,၉၄၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၃၉၁၀ ကျပ်(ဝယ်)၊ ၃၉၇၀ ကျပ်(ရောင်း)

👉စက်သုံးဆီ
Octane 92 - ၂၆၆၀ ကျပ်
Octane 95 - ၂၇၆၅ ကျပ်
Premium Diesel - ၂၃၇၀ ကျပ်
Diesel - ၂၃၂၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
2 yrs - Translate

အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်

■ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၁၁ ကျပ် အထိ စံချိန်တင်ရောက်ရှိ

ရန်ကုန်၊ မေ ၁၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၁၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉ သိန်းခွဲသို့ စံချိန်တင် စျေးနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ ၈ ရက်နေ့မှစတင်ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းအထိ မြင့်တက်လာကြောင်း၊ ယင်းနောက် နေ့စဉ် ရွှေစျေးနှုန်းမြင့်တက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၄၉ သိန်းခွဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၀ တစ်ပတ်ချာလည်ပဲ။ ကျလည်း နည်းနည်း ၊ တက်လည်း နည်းနည်းပဲ။ မြန်မာ့ရွှေစျေးထိုးတက်နေတာက ဒေါ်လာစျေးထိုးတက်နေလို့။ ဘာကြောင့် ဒေါ်လာတန်ဖိုးတက်လဲမေးရင်တော့ ဒေါ်လာရှားပါးလာတာ၊ နိုင်ငံရေးမကောင်းတာ၊ ထိုင်း၊ တရုတ်နယ်စပ်တွေ ကုန်သွယ်ရေးရပ်နေတာ၊ အများကြီးပေါ့။ ဒီမှာလည်း စီးပွားရေးက ချွတ်ခြုံကျဖြစ်နေပြီ။ အဲဒါတွေကြောင့်။ ဗဟိုဘဏ်က ဝင်ဟန့်ရင် ခဏ ကျတယ်။ ပြီးရင်ပြန်တက်ပေါ့။ လိုအပ်ချက်က များတယ်။ စီးပွားရေးကလည်း ပြိုနေတာလေ" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ၄၀၃၀ ကျပ်နှင့် ၄၁၀၀ ကျပ်အကြား ရောင်းသူ၊ ဝယ်သူညှိနှိုင်း၍ ရောင်းချနေကြကြောင်း၊ ထိုင်းဘတ်ငွေမှာ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၁ ကျပ် ရှိနေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးမှာ ထိုးကျနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

image
2 yrs - Translate

မေ ၁၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ပြင်ပ ဆန်ဈေး

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၂၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၄၀၀၀ ကျပ်
ပေါ်ကျွဲဆန် ၁ အိတ် ၁၀၈၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၁၀၀၀၀ ကျပ်ကျော် မှ ၁၂၂၀၀၀ ကျပ်အထိ
ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိ
ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်
မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်

ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် အမြင့်ဈေးတွင်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၂၀ ကျပ်

ယင်းဈေးမှာ မေလ ၁၃ ရက်မှ ၁၉ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၆၆၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၇၆၅ ကျပ်
ဒီဇယ် ၁ လီတာ ၂၃၂၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၇၀ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၁၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၉၉၉၁၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၅၈ ဒေါ်လာ
ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၄၉၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ
ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၄၇၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၁၅ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၇၃ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၉၅၅၀၀၀ ကျပ်
ဝယ်ဈေး ၄၉၁၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၇၅၅၀၀၀ ကျပ်
ဝယ်ဈေး ၄၇၁၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
Andrew Bacalao changed his profile picture
2 yrs

image
2 yrs - Translate

အဲ့လောက်ကြီးကျ 😒

image
2 yrs - Translate

ရွှေဖိနပ်စု နှစ်ကြိမ်ရ တော့မယ့် ဟာလန်း

ဟုတ်ပါတယ် မနေ့ညက စပါး အသင်းကို နှစ်ဂိုးသွင်းပြီးနောက် ဟာလန်းက ၂၇ ဂိုးနဲ့ ပရီးမီးယားလိဒ်ရဲ့ ရွှေဖိနပ်ရဖို့ အတွက် ဦးဆောင်နေပါတယ်။ မနှစ်ကလည်း ရခဲ့သလို ဒီနှစ်လည်း ရဖို့ သေချာနေပါပြီး။ ဟာလန်းကို ခေါ်ယူခဲ့တယ့် မန်ချက်စတာ စီးတီး အတွက်‌ကတော့ ရှယ်ပါပဲ။

image

You gotta try ❤