Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စူပါမားကတ် ဆိုင်းဘုတ်ထဲမှာ တစ်နှစ်ကြာ နေထိုင်ခဲ့သူ
မစ်ချီဂန်ပြည်နယ်မှ အိမ်ရာမဲ့ အမျိုးသမီးတစ်ဦးဟာ စူပါမားကတ် ခေါင်မိုးပေါ်မှ ဆိုင်းဘုတ်ထဲမှာ ဘယ်သူမှမသိအောင် တစ်နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အမည်မဖော်လိုတဲ့ အမျိုးသမီးဟာ မစ်လန်းမြို့မှာရှိတဲ့ Family Fare စူပါမားကတ် ခေါင်မိုးပေါ်မှ ဆိုင်းဘုတ်ထဲမှာ နေထိုင်ခဲ့တာပါ။
စူးစမ်းတတ်သူတစ်စုက ခေါင်မိုးပေါ် သွယ်တန်းထားတဲ့ ဝါယာကြိုးခွေကို လိုက်ကြည့်ရင်း စူပါမားကတ် ဆိုင်းဘုတ်ထဲ ရောက်သွားတဲ့အခါ ကွန်ပျူတာ၊ ကော်ဖီဖျော်စက်တွေနဲ့ ရှုပ်ပွနေတဲ့ အခန်းငယ်ထဲကနေ အဲဒီအမျိုးသမီးကို တွေ့ခဲ့တာပါ။ အဲဒီနောက် ရဲတွေ ရောက်လာပြီး မေးမြန်းစစ်ဆေးချိန်မှာတော့ အဲဒီအမျိုးသမီးက ဒီနေရာမှာ နေပြီး အလုပ်လုပ်နေတာ တစ်နှစ်ရှိပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီဆိုင်းဘုတ်ထဲမှာ နေလို့ရတယ်ဆိုတာ ဘယ်လို တွေ့သွားတာလဲဆိုတာကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ စူပါမားကတ်က အဲဒီအမျိုးသမီးကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး အမျိုးသမီးကလည်း အခုလို လျှို့ဝှက်နေထိုင်ခဲ့တဲ့အပေါ် ပြန်တောင်းပန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အမျိုးသမီးကို စွဲချက်တင်ခဲ့ခြင်း မရှိပါဘူး။
Ref: Woman Lives in Supermarket Rooftop Sign for a Year without Anyone Noticing
❝ ပရီးမီးယားလိဂ်က ပျင်းဖို့ကောင်းလာပြီ၊ ပိုက်ဆံသုံးလို့ ဖလားရတယ် ဟုတ်လား?
အဲ့လိုသာဆိုရင်တော့ ပထမဆုံးအနေနဲ့ မန်ယူနိုက်တက်၊ ဒုတိယအနေနဲ့ ချယ်လ်ဆီး၊ တတိယအနေနဲ့ အာဆင်နယ်အသင်းတို့က ဆုဖလားတွေ အားလုံးကို ရနေသင့်တာပေါ့ဗျ။
သူတို့ဆိုရင် နောက်ဆုံး ၅ နှစ်၊ ၆ နှစ်အတွင်းမှာ မန်စီးတီးထက်ပိုပြီး ငွေသုံးထားကြတာပါ၊ သူတို့လည်း ဆုဖလားတွေကို ရနေသင့်ပါတယ်။ ❞
~ပပ်ဂွာဒီယိုလာ (မန်စီးတီးနည်းပြ)