2 yrs - Translate

ဒူးရင်းသီး ကြိုက်လို့ ဒါမျိုး မိမိနှင့် သက်ဆိုင် 😝😝

image
2 yrs - Translate

ဒူးရင်းသီး ကြိုက်လို့ ဒါမျိုး မိမိနှင့် သက်ဆိုင် 😝😝

image
image
image
image
2 yrs - Translate

ပြည် ပလာတာ (၁၀ယောက်စာ)
ပလာတာ ၁၅ချပ်
ကြက်သား ၅၀ကျပ်သား
အာလူး ၃၅ကျပ်သား
ကုလားပဲ ၂၀ကျပ်သား
ငရုတ်ပွခြောက် ၆တောင့်
ကြက်သွန်နီ ၄လုံး
ချင်း လက်တစ်ဆစ်
ကရဝေးရွက် ၂ခု
ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း၂ဇွန်း
မဆလာ အနည်းငယ်
ဆီ စားပွဲတင်ဇွန်း၁၀ဇွန်း
ဂေါ်ဖီထုပ် တစ်စိတ်(ခြစ်ထားပါ)
ကြက်သွန်နီ ၅လုံး(ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း အနည်းငယ်
သံပုရာသီး ၅လုံး
ပူစီနံ ၂စည်း
~ကုလားပဲများကို(၃)နာရီခန့်ရေစိမ်ပီးနူးအောင်ပြုတ်ထားပါ။ပဲနူးလျှင်အအေးခံ၍ကြိတ်စက်(Blender)ထဲသို့ထည့်ကြိတ်ကာအိုးအကြီးတစ်လုံးထဲသို့ပြောင်းထည့်ထားပါ
~ကြက်သားများကိုအရွယ်တော်အတုံးများတုံး၍ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာရေခဲသေတ္တာထဲတွင်(၂)နာရီခန့်နှပ်ထားပါ
~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ပီးကြက်သွန်နီ ချင်းတို့နှင့်ရောကာညက်အောင်ထောင်းထားပါ
~အာလူးများကိုအခွံခွာ၍လေးစိတ်စိတ်ကာရေစင်အောင်ဆေးပါ။ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာဆီပူပူတွင်(၃)မိနစ်ခန့်ဟိုဘက်ဒီဘက်လှန်ကာကြော်ပီးဆယ်ထားပါ
~ထိုဆီထဲသို့ကရဝေးရွက်နှင့်ပဲနံ့သာစေ့တို့ကိုထည့်မွှေပီးအနံ့မွှေးလာလျှင်ထောင်းထားသောအနှစ်များကိုထည့်၍ဆီသတ်ပါ
~အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပီးရေနွေးကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ
~ကြက်သားနှင့်အာလူးများနူးလာလျှင်ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ
~ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး၍အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်ပေးလို့ရပါပီ..
#cooking

image
2 yrs - Translate

ဘာကြောင့်နဲ့မှ ကိုယ့်ဘဝကို မရပ်တန့်လိုက်နဲ့ ။

လူတစ်ယောက်ကို ချစ်လို့ရတယ် … ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေတာတွေကို ရပ်တန့်စရာမလိုပဲ ချစ်ပါ ။ ကိုယ့်တက်လမ်းတွေမှာ သူ့ကို ဝင်မရှုပ်စေနဲ့ .. သူ့တက်လမ်းတွေအတွက် အနှောင့်ယှက်ပေးတဲ့သူမျိုးလည်း မဖြစ်စေနဲ့ ။

ဘာကြောင့်ဖြစ်ဖြစ် … နာကျင်လို့ရတယ် ။ ဒါပေမဲ့ ကိုယ့်ဘဝကို ရပ်တန့်ပြီး .. အချိန်ပေးပြီးတော့ မနာကျင်နဲ့ ။ နာကျင်နေလည်း လုပ်စရာရှိတာကိုတော့ ဆက်လုပ်သွားရမှာပဲ ဖြစ်တယ် ။ ဘယ်လို ဝမ်းနည်းစရာ ၊ စိတ်ထိခိုက်စရာပဲရှိရှိ အကောင်းဆုံးကုစားပြီး ရှေ့ဆက်နိုင်ဖို့လိုတယ် ။ အကြာကြီး ပိတ်မိမနေဖို့ အရေးကြီးတယ် ။

ကိုယ်ရှိစေချင်သူက ကိုယ့်အနား မရှိနိုင်တော့တိုင်း ဘဝက ရပ်ပစ်လိုက်ရမှာမှမဟုတ်ပဲ ။ ဒီတိုင်း ဆက်သွားနေရင်းက အခြားလူသစ်တွေနဲ့ ထပ်တွေ့ပြီး ထပ်အဆင်ပြေလာရတာကိုက ဘဝပဲ မဟုတ်လား ။ အဲဒီလိုမှ မဟုတ်ပဲ တစ်ခုခုကြောင့် ကိုယ့်ဘဝကို ရပ်တန့်လိုက်မယ် ၊ အိပ်မက်တွေကို လက်လျော့လိုက်မယ်ဆိုရင် စိတ်ခံစားချက်တွေ အသားကျလာတဲ့အခါ … အချိန်ကြောင့် ဒဏ်ရာတွေအနာကျက်လာတဲ့အခါ ဘဝက သုည ဖြစ်နေတော့မှာပဲ ။

အဲအချိန်မှာကျရင် တစ်ချိန်က ကိုယ် Serious ဖြစ်ခဲ့တဲ့ ကိစ္စတွေက ဘာမှအရေးမကြီးမှန်းသိပြီး … နောင်တရလိမ့်မယ် ။ ဒါကြောင့် ဘာအကြောင်းနဲ့မှ ကိုယ့်ဘဝကို မရပ်တန့်လိုက်နဲ့ ။

ဘယ်လိုအကြောင်းကိစ္စပဲကြုံကြုံ ရှေ့ဆက်သွားနေရမှာကိုက ဘဝပဲဖြစ်တယ် ။

image
2 yrs - Translate

ဇနီးသည်ကို ဦးစားပေးတတ်တဲ့ ယောက်ကျားနဲ့ ဦးစား မပေးတတ်တဲ့ ယောက်ကျား

ဒီဓာတ်ပုံလေးက အဓိပ္ပာယ်အများကြီးရှိပါတယ်။

ဇနီးသည်ကို ဦးစားပေးအလျော့ပေးတာ
ဇနီးသည်အတွက် စဉ်းစားပေးတာ
ဇနီးသည်အတွက် လုပ်သားတစ်ယောက်လိုဖြည့်ဆည်းပေးတာတွေဟာ သိမ်ငယ်သွားတာမဟုတ်ဘူး ထိုယောက်ကျားတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုပိုမြင့်တက်သွားတာပါ။

ယောက်ကျားကောင်းတစ်ယောက်မှန်ရင်
ဇနီးသည်ကို ဘုရင်မတစ်ပါးလိုထားပေလိမ့်မယ်။

ဇနီးသည်ကိုအနိုင်ယူ ဂုဏ်ဆာတတ်တဲ့သူတွေဟာ ယောက်ကျားမဆန်သလို သူ့ဘဝတစ်လျှောက်လုံးမှာလဲ အမှားများစွာနောင်တများစွာနဲ့အဆုံးသတ်သွားနိုင်ပါတယ်

image
2 yrs - Translate

other : စာလည်း မပြန်ဘူး
ချေလိုက်တာ
me :

image
2 yrs - Translate

🚨📰 : အာဆင်နယ်ပရိသတ်အချို့ဟာ မနေ့ညက မန်စီးတီးအသင်းနေထိုင်ရာ ဟိုတယ်ဝန်းကျင်အနားကိုသွားပြီး၊ မနက် ၂ နာရီလောက်ကြီးမှာ မီးရှု-းမီးပ-န်းတွေ အများအပြား ပ-စ်ဖော-က်ခဲ့တယ်လို့ သိရပါတယ်။

စပါးနဲ့ကစားဖို့ရှိနေတဲ့ မန်စီးတီးကစားသမားတွေကို
ညဘက် ကောင်းကောင်း အိပ်စက်အနားမယူနိုင်အောင် နှော-င့်ယှက်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း သူတို့မသိခဲ့ကြတာကတော့ မန်စီးတီး
အသင်းဟာ အဲ့ဒီမှာ ရှိမနေခဲ့ပဲ ဒီနေ့မနက်မှာမှ လန်ဒန်ကို ရောက်လာခဲ့တယ်ဆိုတာပါပဲ။

Source- ( BBC's Simon Stone 🏅)

image
2 yrs - Translate

ကိုယ့်ကို သိပ်ချစ်တဲ့ လူတစ်ယောက်ကို မတွေ့ခဲ့ရင်တော့ လက်ကျန်ဘဝကို တစ်ကိုယ်တည်းပဲ ဖြတ်သန်းဖို့ ပိုသေချာပါတယ်

ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေ ဆန္ဒတွေ အချိန်တွေ အခွင့်အရေးတွေ တချို့တဝက်ကို လက်လွတ်ခံပြီး နှစ်ယောက် တစ်ဘဝကို ဖြတ်သန်းရမယ်ဆိုရင် ကိုယ့်ကို အဆုံးရှုံး မခံနိုင်လောက်အောင် ချစ်တဲ့သူပဲ ဖြစ်သင့်တာပေါ့

အထူးသဖြင့် ကိုယ့်ရဲ့ အရာရာတိုင်းကို မြတ်နိုးတာ

ဘာမှမပြင်ဆင် မခြယ်သထားတဲ့ ကိုယ့်ရဲ့ မျက်နှာပြောင်ရှင်းရှင်းလေးက သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းနေမယ်

ကိုယ့် ခန္ဓာကိုယ်ပေါ်က အမာရွတ်လေးတွေ မလှပတဲ့ အစိတ်အပိုင်းတွေ မွေးကတည်းက ဖြစ်တည်လာတဲ့ အသားအရေက အစ ဝက်ခြံဖု သေးသေးလေးတွေ အဆုံး သူနှစ်သက်နေမယ်

ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ဖြူစင်တဲ့ စိတ်ထားလေးတွေကို ချစ်တတ်ရင် တခါတလေ စိတ်တို ဒေါသထွက် ရစ်တတ်တာလေးတွေကိုပါ နားလည်ပေးနိုင်လိမ့်မယ်

ကိုယ့်ရဲ့ Bright side ရော Dark side ရော နှစ်ခု ပေါင်းစပ်ပြီးမှ ကိုယ်ဟာ သူ့အတွက် သီးသန့်ဖြစ်တည်လာတဲ့ ဒြပ်ပေါင်းတစ်ခုလို တန်ဖိုးထားတာမျိုးပေါ့

ကောင်းမွန်တဲ့အရာတွေပဲ ရှိမယ်လို့ မျှော်လင့်တာမျိုးထက် ကောင်းတဲ့အရာတွေကို တန်ဖိုးထားပြီး ဆိုးတဲ့အချက်တွေ ရှိခဲ့ရင်လည်း ဘယ်တော့မှ စိတ်မပျက်ဘူးဆိုတဲ့ ချစ်ခြင်းမျိုးနဲ့ပဲ ဘဝထဲကို လာစေချင်တယ်

ကိုယ့်ကို ပိုင်ဆိုင်ထားရလို့ ပျော်ရွှင်နေတဲ့သူရဲ့ ရင်ခွင်ထဲမှာပဲ အချိန်တွေ ကုန်ဆုံးချင်ပါတယ်...။

image

Nutella Iced Latte

2 yrs - Translate

Hobbiton, New Zealand 💚💚💚💚

image