2 yrs - Translate

စကားပြောလိုက်ရရင်
စိတ်သက်သာရာရတဲ့
လူတစ်ယောက်ကိုယ့်မှာရှိရင်
ဘဝဟာ သိပ်ကံကောင်းတယ်။

image
2 yrs - Translate

UID ကတ်ရှိသူများသာ တံတားဖြတ်သန်းခွင့်ရသည့်အတွက် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ခရီးသွားလာသူအရေအတွက် ထောင်နှင့်ချီလျော့ကျ

မြန်မာ-ထိုင်းနယ်စပ် မြဝတီ -မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တရားဝင် သွားရောက်ရာတွင် မေ ၁ ရက်မှစ၍ UID ကတ် ရှိသူများကိုသာ နယ်စပ်ဖြတ်သန်းခွင့် လက် မှတ်ပြုလုပ်ပေးသည့်အတွက် ခရီးသွားလာသူ ထောင်နှင့်ချီ၍ လျော့ကျခဲ့ကြောင်း သတင်း ရရှိသည်။

Unique Identification Number- (UID) ကတ် အသုံးမပြုခင်က မြဝတီအမှတ် (၁)တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ ဝင်/ထွက် သွားလာသူ ဒေသခံပြည်သူ တစ်နေ့လျှင် လူဦးရေ ၃၀၀၀ ကျော် ၄၀၀၀ ခန့် ရှိခဲ့ပြီး ယခုအခါ တစ်နေ့လျှင်လူဦးရေ ၉၀၀ ခန့်သာ အသွားအလာရှိကြောင်း ချစ်ကြည် ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ် ဦးက ပြောကြားသည်။

“UID ကတ်ပါမှသာ တံတားဖြတ်သန်း ခွင့်ရှိတာဆိုတော့ မေ ၁ရက်နေ့ကစလို့ တံ တားမှာ ဖြတ်သန်းသွားလာသူ အရမ်းလျော့ နည်းသွားတယ်။ မနေ့ကဆိုရင် ၉၀၀ ကျော် ကျော်လေးပဲရှိတယ်။ တံတားမှာ ခြောက်ကပ် သွားတာပေါ့”ဟု ၎င်းက ဆိုသည်။

UID ကတ်ပြုလုပ်ရာတွင် တုံကင်ယူပြီး နောက် တစ်ပတ်ကျော်အထိ ရက်ကြန့်ကြာ ခြင်းကြောင့် မဲဆောက်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်သူများလည်း လုပ်ငန်းခွင်သို့ ခွင့်ရက်အတွင်း ပြန်မဝင်နိုင်ဘဲ အခက်ကြုံ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်မှတ်ပုံတင်များ၌ မြန်မာ မွေးသက္ကရာဇ်ကို အင်္ဂလိပ်သက္ကရာဇ် ပြန် လည်ထည့်သွင်းရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရခြင်း၊ အမှားပြင်ဆင်ရသူများပြား ခြင်းကြောင့်လည်း ရက်ပေါင်းများစွာ ကြန့်ကြာ နေရသည်ဟု ဆိုသည်။

ချစ်ကြည်ရေးတံတားမှ ခရီးသွားလာမှု နည်းပါးရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက် တွင် နေထိုင်ပြီး အလုပ်သမားအရေးဆောင် ရွက်နေသူ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုး ကြိုးက “ဒါက ပြဿနာရဲ့အဖြေကို ရှာရမယ့် လုပ်ထုံးလုပ်နည်း လျော့ပေါ့ရမယ်ဆိုတဲ့အနေ အထားကို ရှင်းရှင်းလင်းလင်းပြသနေတာပဲ ဗျ။ လုပ်ထုံးလုပ်နည်းတွေ အလွန်အမင်းတင်း ကျပ်လာတယ်။ လိုတာထက်ပိုပြီး မလူးသာမ လွန့်သာ နေပူပြင်းတဲ့အချိန် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ UID ကတ်လုပ်ရတယ်။ တတ် နိုင်သူတွေလို ပွဲစားတွေနဲ့ ငွေပေးပြီး လုပ်ရ အောင်လည်း မတတ်နိုင်သူ အများအပြားရှိ တယ်။ဒီ UID ကတ်ရှိမှ တစ်ဆွဲတစ်ပိုးသမားတွေ မြဝတီကနေ မဲဆောက်ကို လာလို့ရမယ်။ မဲဆောက်က နိုင်သလောက်လေးဝယ်ပြီး မြဝ တီမှာ ပြန်ရောင်းကြတယ်။ တစ်နေ့စာ၊ သုံး ရက်စာ တစ်ပတ်စာစသည်အားဖြင့် အသက် မွေးဝမ်းကျောင်းအလုပ်တွေရတယ်။ တခြား သောကားတွေနဲ့ သယ်ယူကြတဲ့ ကုန်သည် အလတ်စား၊ အကြီးစားသမားတွေလည်းရှိမှာ ပေါ့။ ပုံမှန်ဆိုရင် လူ ၃၀၀၀၊ ၄၀၀၀ လောက် အမှတ် (၁) ချစ်ကြည်ရေးတံတားက သွားလာ နေကြတဲ့အနေအထားကနေ လူ ၁၀၀၀ ဝန်း ကျင်သာ သွားလာနေတယ်ဆိုတော့ လူသူသွား လာမှုနည်းပါးသွားတာပေါ့။ ဒါကို ထိုင်းဘက် ကလည်း အခြေအနေအရပ်ရပ်ကို သုံးသပ် နေတယ်လို့ သိရတယ်။ နှစ်နိုင်ငံပြန်လည်ညှိ နှိုင်းတိုက်ဆိုင်တဲ့အခါမျိုးမှာ မြန်မာဘက်က တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေကို လျော့ပေါ့သက်သာအောင် လို့ ထိုင်းဘက်က တိုက်တွန်းမှုတွေရှိလာမယ် လို့သုံးသပ်ပါတယ်”ဟု ပြောကြားသည်။

2 yrs - Translate

Relax your eyes 👀✨✨✨

image
2 yrs - Translate

Relax your eyes 👀✨✨✨

image
2 yrs - Translate

Relax your eyes 👀✨✨✨

image
2 yrs - Translate

Relax your eyes 👀✨✨✨

image
2 yrs - Translate

Relax your eyes 👀✨✨✨

image
image
image
image
2 yrs - Translate

အမျိုးသားတွေကြား အဝတ်နည်းတဲ့ Overalls ဟာ တကယ်တော့ ၈၀ရော ၉၀ပြည့်နှစ်တွေမှာပါ
အမျိုးသားတွေ တော်တော်လေးရွေးချယ်ဆင်မြန်းခဲ့ကြတဲ့
အရာပေါ့။
အနုပညာရှင်တော်တော်များများလည်း Overalls အတွဲအစပ်ကို
စိတ်ဝင်တစားတွဲဝတ်ခဲ့သေးတာ။
ဒီမှာကတော့ music festival နဲ့
ပွဲတစ်ခုခုရှိမှသာ
ဒီလိုတွဲဝတ်တတ်ကြပေမယ့်
ထသွားထလာတော့
အဝတ်နည်းပါတယ်...😎

image
2 yrs - Translate

အခုပဲ အားကစား တစ်ခုခု လုပ်လိုက်ပါ

“အခုပဲ အားကစား တစ်ခုခုလုပ်လိုက်ပါ “ လို့ တိုက်တွန်းလာရင် ဒါဟာ လက်တွေ့မဆန်တဲ့ အကြံပြုချက်ပဲ လို့ တချို့က သုံးသပ်ကြပါလိမ့်မယ်။

ဒီဘက်ခေတ်ကြီးက အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ခေတ်ကြီးဆိုတော့ ကျွန်တော်တို့ဟာ ခေတ်ကို အမီလိုက်နေရတယ်။ တခြားသူတွေထက် နောက်မကျရအောင် ပညာရပ်အသစ်တွေ၊ စီးပွားရေးအခွင့်အလမ်းအသစ်တွေ နောက်ကို မလွတ်တမ်းလိုက်နေရတယ်။ အဲဒါတွေ နောက်ပိုင်း အပန်းဖြေမှုအနေနဲ့ကျတော့ရော ဘာလုပ်ဖြစ်သလဲ။ အရသာ ရှိသလောက် ကျန်းမာရေးအတွပ် မကောင်းတဲ့ အစားအသောက်တွေကို စားကြတယ်။ တီဗီရှေ့ မှာ ထိုင်ရင်း ၊ လဲလျောင်းရင်း ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေကို နာရီပေါင်းများစွာ ကြည့်ကြတယ်။ အိပ်ယာထဲမှာ ဖုန်းကို အကြာကြီး ထိုင်ပွတ်ရင်း အိပ်ချိန်နည်းပါးလာရတယ်။

ကျန်းမာရေးနဲ့ ဆေးလောက ပညာရှင်တွေကတော့ “ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း “ကို “အသံတိတ် လူသတ်သမား (silent killer) “ လို့ ခေါ်ကြတယ်။ အကြောင်းရင်းကတော့ အဲဒီကနေ ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေ အများအပြား ရှိလို့ပဲ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေ၊ အားကစားတွေ ပြုလုပ်တာဟာ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအရ လုပ်တယ်ဆိုတဲ့ အပြင် မလှုပ်မရှားနဲ့ ကုန်ဆုံးနေရတဲ့ အချိန်တွေအတွက် ပြန်လည်ဟန်ချက်ထိန်းညှိပေးရာ ရောက်ပါတယ်။

ဆေးဘက်ဆိုင်ရာ သုတေသနတွေအရ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ အရိုးအဆစ်ရောင်ရမ်းမှု ဖြစ်ပွားနိုင်ချေကို ၈၃ % အထက်၊ တင်ပါးဆုံရိုး ကျိုးကြေမှု ဖြစ်နိုင်ချေကို ၆၈ % အထက်၊ ဆီးချိုရောဂါ (type-2) ဖြစ်ပွားနိုင်ချေကို ၅၀ % အထက် လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ စောစီးစွာ သေဆုံးမှုကို ၃၀ % အထက်၊ စိတ်ကျရောဂါကို ၃၀% အထက် ကာကွယ်ပေးနိုင်ချေ ရှိပါသတဲ့။ ရင်သားကင်ဆာ၊ နှလုံးရောဂါစတာတွေကိုလည်း ထိရောက်စွာကာကွယ်ပေးနိုင်ပါသတဲ့။

ပညာရေး၊ စီးပွားရေးတွေ နောက်ကို လိုက်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါတွေက ရတဲ့ အသီးအပွင့်တွေကို ခံစားနိုင်ဖို့ဆိုတာ ကျန်းမာရေးကောင်းနေဖို့ကလည်း လိုသေးတယ် မဟုတ်လား။ ဒါကြောင့် အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ဖြစ်ဖို့ အတွက် အချိန်အနည်းအကျဉ်းဖယ်ထားပြီး ကိုယ့် ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးသင့်တဲ့အကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ် ။

image
2 yrs - Translate

အင်တာနက်မလိုတဲ့ စပိုင် AI များကို Microsoft ဖန်တီး

Microsoft မှ အမေရိကန်စပိုင်အေဂျင်စီများအတွက် အထောက်အကူပြုနိုင်မယ့် လျှို့ဝှက် AI မော်ဒယ်အသစ်တစ်ခုကို အင်တာနက်မလိုပဲ အသုံးပြုနိုင်အောင် အထူးဖန်တီးပေးခဲ့ပါတယ်။

Microsoft အနေနဲ့ ဒီ AI မော်ဒယ်ကို ၁၈လ ကြာအောင် ဖန်တီးခဲ့တာဖြစ်ပြီး လျှို့ဝှက်ထိပ်တန်းသတင်းတွေကို လုံခြုံစွာထားရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါလို့ ပြောကြားခဲ့ပါတယ်။ လူအပါအဝင် အခြားသော အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေထက်စာရင် ဒီ AI မော်ဒယ်ဟာ လျှို့ဝှက်သတင်းတွေ ပေါက်ကြားနိုင်မယ့် အခွင့်အရေးနည်းပါးသွားစေဖို့အတွက်လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။

Open AI ရဲ့ GPT4 ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဒီမော်ဒယ်ကတော့ “air-gapped” ဖြစ်တာကြောင့် US အစိုးရမှသာ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ US အစိုးရအဖွဲ့ထဲမှာမှ အထူးခွင့်ပြုချက်ရရှိသူများသာ သုံးနိုင်တဲ့အထိ လုံခြုံရေးကန့်သတ်ထားတာကြောင့်လည်း အင်တာနက်သာမက အခြားသော source များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိပဲ ဖန်တီးပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ US အစိုးရအဖွဲ့ထဲမှ လူဦးရေ ၁ သောင်းဝန်းကျင်လောက်က စတင်အသုံးပြုနေကြပါပြီ။

ထောက်လှမ်းရေးအေဂျင်စီအချို့ကလည်း လုံခြုံရေးအချက်အလက်များကို အရင်ထက်ပိုပြီး ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ရာ AI ကို အသုံးပြုချင်နေချိန်မှာပဲ ဒီ AI မော်ဒယ်ကို ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးအေဂျင်စီတွေဘက်က ဒီ AI မော်ဒယ်ကို စမ်းသပ်ခြင်းလည်း မရှိသေးသလို အသိအမှတ်ပြုထားခြင်းတော့ လောလောဆယ်မရှိသေးပါဘူး။

image