Khaing OoHlaing changed his profile picture
1 y

image
1 y - Translate

အလုပ်ခွင်မှာ သင့်ရဲ့မျက်လုံးကျန်းမာရေးအတွက် ဂရုစိုက်ရမယ့် အကြံပြုချက်တွေ

ကျွန်တော်တို့အများစုက အိမ်မှာအလုပ်လုပ်ရင်ပဲဖြစ်ဖြစ် ရုံးမှာ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် လက်တော့ပ် (သို့) ဖုန်းနဲ့ အများဆုံး အချိန်ကုန်ဖြစ်ကြပါတယ်။ လက်တော့ပ်နဲ့ဖုန်းမျက်နှာပြင်တို့ကို တစ်နေ့လုံး ကြည့်ပြီး အလုပ်လုပ်ရတဲ့ အချိန်ကများတဲ့အတွက် မျက်စိထိခိုက်နိုင်ပါတယ်။ ဖုန်းနဲ့ လက်တော့ပ်သုံးရတဲ့ အချိန်များလာတာကြောင့် သင့်မျက်စိကို ပုံမှန်ထက် ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ သင့်မျက်စိကျန်းမာရေးအတွက် ဘယ်လိုတွေ ဂရုစိုက်လုပ်ဆောင်ရမလဲဆိုတဲ့ အကြုံပြုချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

လက်တော့ပ်/ ကွန်ပျူတာကို သင့်တင့်တဲ့အကွာအဝေးမှာ ထားပါ

လူတော်တော်များများက ဖုန်း၊ လက်တော့ပ်တွေကို သူတို့ရဲ့မျက်လုံးနားကပ်ပြီး သုံးတတ်ကြပါတယ်။ အဲဒီလိုလူတွေက အလုပ်ခွင်မှာ အချိန်အကြာကြီးအလုပ်လုပ်ရတဲ့အခါမှာ မကြာခဏ မျက်စိပြဿနာဖြစ်နိုင်ခြေများပါတယ်။ သင့်လက်တော့ပ်ကို လက်တစ်ကမ်းအကွာမှာ အမြဲတမ်းထားတာအကောင်းဆုံးပါပဲ။ လက်တော့ပ်မျက်နှာပြင်က သင့်မျက်စိနဲ့ သင့်တင့်တဲ့အကွာအဝေးမှာ ရှိနေသင့်ပါတယ်။ လက်တော့ပ်မျက်နှာပြင်က အနည်းဆုံး ၂၅ လက်မအကွာမှာ ရှိသင့်ပြီး eye level ထက် နည်းနည်းနိမ့်နေသင့်ပါတယ်။ ဒါက သင့်မျက်စိညောင်းတာတွေကို လျော့နည်းစေပြီး အလင်းစူးရှမှုကိုလည်း လျော့ချပေးပါတယ်။

မျက်နှာပြင် Brightness ကို ချိန်ညှိပေးပါ

လက်တော့ပ်မျက်နှာပြင်က အချိန်အကြာကြီးအလုပ်လုပ်ပြီးနောက် သင့်မျက်စိအပေါ် သက်ရောက်မှုများစေတဲ့အရာပါပဲ။ မျက်နှာပြင် Brightness ကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ချိန်ညှိထားပါ။ ဒါမှ သင့်မျက်စိကို မျက်နှာပြင်အလင်းကြောင့် ထိခိုက်တာကို လျော့ချပေးရာရောက်ပါတယ်။ သင့်မျက်စိ အရမ်းအားနည်းတယ်ဆိုရင် မျက်စိဆရာဝန်ကို ပြကြည့်သင့်ပါတယ်။

သဘာဝအလင်းရောင်နဲ့ အလုပ်လုပ်ကြည့်ပါ

LED မီးတွေအသုံးပြုတာထက် သဘာဝအလင်းရောင်နဲ့ အလုပ်လုပ်ဖို့ အမြဲကြိုးစားကြည့်ပါ။ နေရောင်ခြည်က ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကတဆင့် အခန်းထဲ ဝင်လာတဲ့အခါ သင့်မျက်စိကို သက်တောင့်သက်သာဖြစ်စေပါတယ်။ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့လည်း ကူညီပေးပါတယ်။

ပုံမှန်နားနားပေးပါ

အလုပ်လုပ်နေတဲ့အခါ သတိရနေရမယ့် အရေးကြီးဆုံးအရာတွေထဲကတစ်ခုက ဆက်တိုက်အလုပ်လုပ်မလုပ်ဘဲ နားနားပေးဖို့ပါပဲ။ (၁) နာရီတိုင်း အနည်းဆုံး ၅ မိနစ်လောက် လက်တော့ပ်မျက်နှာပြင်မကြည့်ဘဲ ခဏနားပေးပါ။ သင့်မျက်စိကို မထိခိုက်အောင် မျက်စိအနားပေးရာရောက်ပါတယ်။ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်းအားကိုလည်း တိုးတက်စေပါတယ်။

မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

ပုံမှန်မျက်စိလေ့ကျင့်ခန်းတချို့ လုပ်ပေးဖို့ အချိန်အနည်းငယ်ပေးသင့်ပါတယ်။ အခြားကြွက်သားတွေလို သင့်မျက်စိက သန်မာပြီး ကျန်းမာနေစေဖို့ ပုံမှန်လေ့ကျင့်ခန်းလိုအပ်ပါတယ်။ ၂၀-၂၀-၂၀ စည်းမျဉ်းက အလုပ်လုပ်နေရင်း လုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့လေ့ကျင့်ခန်းပါပဲ။ မိနစ် ၂၀ တိုင်း လက်တော့ပ်မျက်နှာပြင်ကို ၂၀ စက္ကန့်လောက် မကြည့်တော့ဘဲ ပေ ၂၀ အဝေးမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်လိုက်ပါ။ အဲဒီလိုလုပ်ပေးတာက ရိုးရှင်းတဲ့မျက်စိလေ့ကျင့်ခန်းပါပဲ။

မျက်တောင်ခတ်ပေးဖို့ မမေ့ပါနဲ့

ယေဘုယျအားဖြင့် ကျွန်တော်တို့တွေက ၄ စက္ကန့်တိုင်း မျက်တောင့်ခတ်တတ်ပေးမယ့် ဒီဂျစ်တယ်မျက်နှာပြင်တွေနဲ့ အလုပ်လုပ်တဲ့အခါ အဲဒီပမာဏထက် တစ်ဝက်ကျော်လျော့နည်းသွားတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ သင့်မျက်စိခြောက်သွေ့၊ ယားယံတာတွေမဖြစ်ဖို့အတွက် တတ်နိုင်သလောက် မကြာခဏ မျက်တောင်ခတ်ပေးကြည့်ပါ။

ပိုကြီးတဲ့ဖောင့်အရွယ်အစားကို သုံးပါ

သင့်လက်တော့ပ်က ဖောင့်အရွယ်အစားက သင့်မျက်စိအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဖောင့်အရွယ်အစားသေးလေလေ သင့်မျက်လုံးညောင်းလေလေပါပဲ။ ဖောင့်သေးရင် ပိုပြီးအာရုံစိုက်ကြည့်ရတဲ့အတွက် သင့်မျက်စိကို ညောင်စေပါတယ်။ ဒါကြောင့် စာရွက်စာတမ်းအရှည်ကြီးကဖတ်ရင်း ဖောင့်အရွယ်အစားကို ချိန်ညှိပေးပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေဓာတ်လုံလောက်တာကလည်း သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် သင့်မျက်စိခြောက်သွေ့ပြီး ယားယံတာတွေဖြစ်မလာအောင် ကူညီပေးနိုင်ပါတယ်။

ပုံမှန်မျက်စိစစ်ဆေးမှုခံယူပါ

ပုံမှန်မျက်စိစစ်ဆေးတာက အလုပ်မှာ မျက်စိကျန်းမာရေးကောင်းဖို့အတွက် အရေးကြီးပါတယ်။ သင့်မျက်စိမထိခိုက်ခင် မျက်စိပြဿနာတွေကို မျက်စိဆရာဝန်တွေကပဲ ရှာဖွေပေးနိုင်ပါတယ်။ မျက်စိဆရာဝန်တွေနဲ့ ပုံမှန်ရက်ချိန်းယူပြီး သင့်မျက်စိကို ပြကြည့်သင့်ပါတယ်။

image
1 y - Translate

ဒီတစ်ရာသီလုံး ပွဲစဥ် ၅၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ လေဗာကူဆင်ဟာ ဒဗ္ဗလင်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အတ္တလန္တာကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ပါပြီ။
အတ္တလန္တာအတွက် နိုင်ဂျီးရီးယားတောင်ပံကစားသမား လွတ်ခ်မန်းက ဟက်ထရစ် သွင်းပေးခဲ့တာဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
အတ္တလန္တာဟာ အသင်းသမိုင်းမှာ ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၆၁ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကိုလည်း
အဆုံးသတ်နိုင်ခဲ့ပါပြီ။

image
1 y - Translate

Amsterdam, Netherlands 🧡🧡🧡🧡

image

cold coffee time

1 y - Translate

ဘာစီလိုနာ နဲ့ ဟန်စီ ဖလစ် နူတ်အားဖြင့် သဘောတူညီ!!!!

ဘာစီလိုနာ အသင်းကတော့ အစက ဇာဗီကို အသင်းမှာ ဆက်ထားဖို့ စဉ်စားထားခဲ့ပေမယ့် အခုတော့ ထုတ်ပယ်ပြီး ဖလစ် ကို ခန့်အပ် ဖို့ သဘောတူညီ ချက်ရရှိခဲ့ပြီးဖြစ်တယ်လို့ ပလက်တီ ဂိုးကဖော်ပြလာပါတယ်။ နှစ်နှစ် သဘောညီချက်ရရှိခဲ့တယ်လို့ သတင်းတွေ ဖော်ပြလာပါတယ်။

image
1 y - Translate

ယနေ့ ရွှေဈေး ငွေဈေး ဆီစျေး
======================
( မေ ၊ ၂၃ ရက် ၊ ၂၀၂၄ ခုနှစ် )
၁။ ရွှေ - ၅၂ သိန်း
၂။ ဒေါ်လာ - ၄၁၀၀
၃။ ဓာတ်ဆီ - ၉၂-၂၆၂၅ ၊ ၉၅-၂၇၅၀
၄။ ဒီဇယ် - ၂၃၄၅
၅။ တရုတ် (၁၀၀) = ၅၅၆၀၀ ကျပ် (မူဆယ်)
မှတ်ချက်။ အချိန်နှင့်နေရာဒေသအပေါ် မူတည်ပြီး ဈေးနှုန်းများ ကွာခြားမှုနှင့် အပြောင်းအလဲများရှိနိုင်ပါသည်။
#ရွှေဈေးငွေဈေးဆီစျေး

image
1 y - Translate

USD -4120 ထိ ရောက်ရှိ

image
1 y - Translate

#ရွှေစျေး

Update price 5,160,000 MMK

ကမ္ဘာ့ရွှေစျေး ကျနေပါတယ် 2,356.32 USD per Oz

မန္တလေး ရွှေစျေးကွက် ခဏ ပိတ်မယ်ကြားပါတယ် အဲ့ဒါကြောင့်ဖြစ်မလား လက်ကျန် မပိတ်ခင် အတက်နဲ့ ရောင်းကြတာလားဗျာ။#နဲနဲပြန်ကျ

မြန်မာ့ရွှေ ကျသင့်ပေမဲ့ ပိုတောင် တက်လာပါသေးတယ်ခင်ဗျာ။##နဲနဲပြန်ကျ

#goldpricereview

1 y - Translate

မန္တလေး ကုန်စည်ဒိုင် ၂၃- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
ဂျုံစေ့အမျိုးမျိုး
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 155000/160000/
ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (ကလေး) - ၆၀ ပိဿာ - 125000/ 130000
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (AUS) - ၁ ပိဿာ - 3300 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1300/

ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 247000
V7 - ၅၇.၂၅ ပိဿာ - 257000
TW - ၅၆.၂၅ ပိဿာ -(ကောင်း) 228000/ 229000/
TW (ကလေး) - ၅၆.၂၅ ပိဿာ - 218000/
929 - ၅၆.၂၅ ပိဿာ - 237000/ 238000

ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 5500/ 5550
V7ခြမ်း -5500

ပဲစင်းငုံအမျိုးမျိုး
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ - 410000
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ - 385000/ 390000

ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ 145000/ 148000
ပဲယင်းသေး - ၆၀ ပိဿာ - 142000/ 145000
ပဲယင်းနီ - ၆၀ ပိဿာ - 185000/ 188000/ 190000/192000/ 193000

ပဲတီစိမ်းအမျိုးမျိုး
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -213000/ 214000(ယခင်)
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်)- 185000/188000/ 190000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 130000/ 135000/ 140000

ပဲလွန်း
ပဲလွန်းဖြူ - ၆၀ ပိဿာ - 195000/ 200000/
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ - 170000/ 175000/
ပဲလွန်းဝါ - ၅၄.၂၅ ပိဿာ - 160000/ 165000(ယခင်)

ပဲကြီးအမျိုးမျိုး
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 260000/ 265000/ 270000
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 230000/ 240000/245000/
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 210000/ 220000/
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ - 340000
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ - 285000

ပဲရာဇာ
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ - 7500/(ယခင်)

ပဲနီပြား - ၅၅.၂၅ ပိဿာ -300000/ 330000/

ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ - 420000
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ - 410000/ 415000
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ - 380000/ 400000
ပဲထောပတ် (သ) - ၅၆.၂၅- ပိဿာ -(ယောထော) 370000

ပဲကြား - ၅၆.၂၅ ပိဿာ -140000/142000

ပဲဇီးကွက်
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 150000 / 155000

စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 152000/ 153000
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 148000/

ပဲပုတ်
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 170000/ 175000/ 178000/ 180000
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 180000/

နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ - 300000/

မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 290000/ 310000/ 320000/ 330000
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ - 350000(ယခင်)

မတ်ပဲ
မတ်ပဲ (ကောင်း) - ၆၀ ပိဿာ -295000/ 303000/ 305000

စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ -( ကောင်း) 298000/ 300000
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 220000/ 230000/ 255000

ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -400000/ 410000

ပဲချဉ်ပေါင် - ၆၀ ပိဿာ - 170000/ 172000

ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 56000/57000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 58500/ 59000
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 58500/ 59000

နံနံစေ့ - ၁တင်း=၈ ပိဿာ - 32000/ 35000/
မုန်ညှင်းစေ့ - ၁ ပိဿာ - 30000/ 32000

ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ - 115000/ 116000

နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ - 375000/ 380000/ (ဟ)410000/
နှမ်းဖြူ (JP) - ၄၅ ပိဿာ -415000/ 420000/
နှမ်းဖြူ (ရိုးရိုး) - ၄၅ ပိဿာ - 375000/ 385000
နှမ်းဖြူ (ခြုံကျော်) - ၄၅ ပိဿာ -400000/ 4100000
နှမ်းညို - ၄၅ ပိဿာ - (ဟောင်း) 305000/ (သစ်)320000
နှမ်းဝါ - ၄၅ ပိဿာ -315000(ယခင်)
ဆောင်းနှမ်း - ၄၅ ပိဿာ - 310000/ 315000

ပန်းနှမ်း - ၄၅ ပိဿာ - 207000

နေကြာ
ဆီနေကြာ - ၂၇ ပိဿာ - 100000/ 105000(ယခင်)

မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ - 6800/7200/
S1ဆီဆံ - 6300/ 6600
S1 ရွေးဆံ - 6800/ 6800(တစ်ပေါက်ကျ)
Mတွဲလုံးဆံ - 6500/ 6600
Mတွဲဆီဆံ - 6300/ 6400
အနီလုံးဆံ - - (သစ်) (ရှည်)6300/ 6400/ (ဝိုင်း) 6500/6600/ 6800/
အနီလုံး(ရွေးဆံ) - 6100/ 6200(ယခင်)

ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ -11500/ 13000/ 13500/ 14000
ပဲဖတ် - ၁ ပိဿာ- 3100/ 3150/
နှမ်းဆီ - ၁ ပိဿာ- 15000/ 16000
နှမ်းဖတ် - ၁ ပိဿာ- 2750
မုန့်ညှင်းဖတ် - ၁ ပိဿာ -1750/ 1770,
နေကြာဆီ - ၁ ပိဿာ-12000
နေကြာဖတ် - ၁ ပိဿာ- 1870/ 1900
ပဲပုတ်ဆီ - ၁ ပိဿာ 6500
ပဲပုတ်ဖတ် - ၁ ပိဿာ- 3100/ 3150

မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

image