2 yrs - Translate

ကိုယ့်ကို တကယ်ချစ်တဲ့သူကလေ နာကျင်အောင်မလုပ်ဘူး။
အဲ့ဒါ ဘယ်သူ့ကိုမှ သွားမကြည့်နဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်။ ငါတို့ တကယ်ချစ်တဲ့သူအပေါ် နာကျင်စေချင်လို့လား။ သူတို့ မျက်နှာလေးပဲ အရိပ်တကြည့်ကြည့် ကြည့်လို့ သူတို့ ပျော်ရွှင်မှုကိုပဲ အမြဲ လိုလားခဲ့တာမလား။

ငါချစ်တဲ့သူကတော့ ဘာလေးဆို ကြိုက်တယ်၊ ဘယ်အကျီလေးဆို သူနဲ့လိုက်မှာကအစ အကုန် တွေးပေးတတ်တယ်မလား။ ကိုယ်ချစ်တဲ့သူအတွက် စိတ်လုံခြုံမှုဆိုတဲ့ အရာကိုပေးဖို့ လူမှုရေးအရ မလုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေကို တောင်းဆိုစရာတောင် မလိုဘဲနဲ့ ငါတို့ စောင့်ထိန်းခဲ့ကြတာမဟုတ်လား။ အေး အဲ့ဒါတွေ အားလုံးဟာ ငါတို့ တကယ် ချစ်ခဲ့ကြလို့ပေါ့။ ချစ်လို့ ကိုယ်ချစ်တဲ့သူ စိတ်ထိခိုက်မဲ့ အရာတွေကအစ ရှောင်ကြဉ်ခဲ့ကြတာပေါ့။

အကယ်၍သာ ကိုယ့်ရဲ့ relationshipမှာ အမြဲတစေ နာကျင်နေရရင် သေချာပြန်စဉ်းစား။ relationshipတိုင်းမှာ challengingဖြစ်တဲ့အရာတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပတ်မှာ ရှစ်ရက်လောက်က မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရရင် မဟုတ်သေးဘူး။ ခဏခဏကိုယ့်ကို နာကျင်စေတဲ့သူဟာ ကိုယ့်ကို မချစ်လို့၊ တန်ဖိုးမထားလို့။ တကယ်ချစ်ရင် မျက်ရည်တောင် အကျမခံဘူး။

တကယ်ချစ်တဲ့လူကလေ သူ့ကြောင့် နာကျင်စေခဲ့ဖူးရင်တောင် အဲ့ဒီအမှားအတွက် တာဝန်ယူ၊ တာဝန်ခံတဲ့စိတ်ရှိတယ်။ မျက်ရည်တွေကို သုတ်ပေးတယ်။
ဘဝအတွက် လုံခြုံမှု၊ စိတ်လုံခြုံမှုဆိုတဲ့အရာကို ပေးတယ်။

အဲဒါတွေ ဘာတစ်ခုမှ မရဘဲ ပါးစပ်က ချစ်တယ်ဆိုတဲ့ စကားဟာ အလကား။ Actionမပါတဲ့ စကားလုံးတွေဟာ လူတိုင်းပြောတတ်တယ်။ ကိုယ့်ရဲ့ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းအတွက် တာဝန်ယူ၊ တာဝန်ခံတတ်ကြတာကတော့ လူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်ကြတဲ့အရာပါ။

အဲ့ဒါကြောင့်လေ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ချောတာ၊ မချောတာတွေထက် လူစိတ်ရှိတဲ့ လူကိုပဲ ရွေး၊ ကိုယ့်ကို မျက်ရည်မကျစေတဲ့ လူကိုပဲ ရွေးချယ်ပါ။

လောကကြီးမှာ အရေးကြီးဆုံးအရာဟာ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ မဟုတ်လား။ အေး အဲ့လောက် တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အပေါစားဆန်တဲ့ လူတွေလက်ထဲ လျှောက်မအပ်မိစေနဲ့။

#စူးရှမေ

image
2 yrs - Translate

ပိတောက်ပန်းလေးတွေက
သစ္စာ မရှိတာ မဟုတ်ပါဘူး ။
လူတွေက ထင်ယောင်ထင်မှားဖြစ်နေတာပါ …
တကယ်ဆို ပိတောက်ဖူးလေးတွေက
မိုး ကို မျှော်နေတာ
သင်္ကြန်ကိုမျှော်နေခဲ့တာမှ မဟုတ်ပဲ ….

Cool ❥

image

Yummy

2 yrs - Translate

ဖိနပ်နဲ့ နားကပ်တွေတော့
ဝယ်မပေးနိုင်ဘူး ခင်ရယ်
ကိုယ့်မှာ ပေးစရာဆိုလို့
အသဲပြီး အသက်ပဲရှိတယ် ။

-မြတ်ငြိမ်းချမ်းဝင်း
#january_x

image

Cute ?

2 yrs - Translate

လောကမှာ
သနားစရာအကောင်းဆုံး လူနှစ်ဦးပဲရှိတယ်
သံယောဇဉ် ကြီးတဲ့သူရယ်/အချစ် ကြီးတဲ့သူရယ်ပဲ

သူတို့နှစ်ဦးက အရှုံ:ဖက်မှာအမြဲရှိတယ်။

image
2 yrs - Translate

https://www.facebook.com/share..../v/mDjJcj9D9C3cVDRw/

Update Your Browser | Facebook

2 yrs - Translate

#crd ဘာတွေပြောနာလဲဗျ

image
2 yrs - Translate

သခွားသီးရခိုင်သုပ်လေးစားကြမယ်
အရင်ဆုံးသခွားသီးကိုသခွားဂျစ်နဲ့ခြစ်ထားပါ
မျှင်ငါးပိမီးဖုတ်ထားပေးပါ
ငရုပ်သီးစိမ်းကိုအပိုင်းလေးတွေညှပ်ထားပေးပါ
မကျဉ်းမှဉ့်အနှစ်အရည်ကျဲကျဲလုပ်ထားပေးပါ
ဆား၊အချိုမှုန့်
အိမ်မှာငါးဟင်းချက်ထားရင်ငါးအသားနွင်ထားပေးပါ
ပုဇွန်ခြောက်ကြိုက်ရင်ပုဇွန်ခြောက်မှုန့်
သုပ်မယ့်ဇလုံထဲကို
မျှင်ငါးပိမီးဖုတ်ထားတာထည့်၊ငရုပ်သီးစိမ်းညှပ်ထားတာထည့်၊ဆားထည့်၊အချို့မှုန့်ထည့်၊မကျဉ်းနှစ်အရည်ကျဲကျဲလေးထည့်၊ငါးအသားနွင်ထားတာထည့်(ပုဇွန်ခြောက်မှုန့်ထည့်)ပြီး မျှင်ငါးပိပျော်သွားတဲ့အထိဖျော်ပေးပါ။အကုန်လုံးသမအောင်လုပ်ပြီးရင်သခွားသီးခြစ်ထားတာထည့်ပြီးသုပ်လိုက်ပါ။အရည်ကြိုက်ရင်ရေနည်းနည်းထပ်ထည့်ပြီးအပေါ့အငန်လိုသလိုထပ်ထည့်ပါထမင်းမြိန်စေတဲ့သခွားသီးရခိုင်သုပ်လေးရပါပြီဗျ။
#cooking

image
2 yrs - Translate

My Fri :စာတွေဖတ်ထားတော့ အချစ်ရေးမှာ ဆရာကြီးဖြစ်နေမှာပေါ့

မိမိအခြေအနေ 👇🏽👇🏽

#photocredit
#a2b3

image