2 yrs - Translate

မပြိုလဲမဲ့ ဆက်ဆံရေးတစ်ခုကို
ဖန်းတီးနိုင်မယ့် နည်းလမ်း 10 ခု 🖤


1 - တစ်ဦးနဲ့တစ်ဦး ပွင့်လင်းမှုရှိပါ။

2 - အလိမ်မညာပါနဲ့။

3 - အပြန်အလှန် ယုံကြည်မှုထားပါ။

4 - ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုပေးပါ။

5 - ကိုယ်ပိုင်စည်းမျဥ်းတွေကို လေးစားပါ။

6 - တိုးတက်မှုကို အတူတကွ ရှာဖွေပါ။

7 - အဖိုးတန် အမှတ်ရစရာ အချိန်လေးတွေ
အတူဖန်းတီးပါ။

8 - ပြဿနာတွေ အတူတူဖြေရှင်းပါ။

9 - တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

10 - "ချစ်တယ် | ကျေးဇူးပါ" လို့ နေတိုင်းပြော
ပေးပါ။

image

Yummy

Bedroom Idea

2 yrs - Translate

morning😍

image
2 yrs - Translate

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "
******************************
.
ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။

သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။

အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။

ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။

ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။

စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

#ℂ????? 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။

image
2 yrs - Translate

ငါငြိမ်ကျသွားတဲ့အခါ အရမ်းကြောက်ဖို့ ကောင်းတယ်။

သာမာန်ဆို ငါကစကား အရမ်းများတတ်တဲ့ကလေးမလေ။

ပြဿနာတစ်ခုခုဆို စကားတွေအများကြီး ပြောပြီး ငြင်းခုံပစ်တတ်တယ်။

ငါမ ကျေနပ်တဲ့အကြောင်းတွေကို တန်းစီပြီး ပြောနေတတ်တယ်။

ငါပင်ပန်းလာတဲ့အခါ အဆင်မပြေကြောင်းတွေမရပ်မနားပြော နေတတ်တာပဲ။

စကားတွေကိုမှိုလိုပေါက် အောင်ပြောနေတတ်လည်း ဘယ်တော့မှမ မောတတ်တဲ့ကောင်မလေးပဲ။

အဲ့ဒီလို ပေါ့ပါးနေတတ်တဲ့ကောင်မလေးက ဘာ အသံမှမထွက်တော့တဲ့အထိ ငြိမ်ကျသွား တဲ့အခါ အဲ့တာ ငါတကယ်ငြိမ်ကျသွားတာ ပဲ။

ငါ့ရဲ့ခံစားချက်တွေ အတိုင်းထက်အလွန် နာကျင်သွားလို့ပဲ။ အဲ့ဒီအချိန်တွေမှာ ငါ့ စိတ်ထဲဘာတွေတွေးနေမလဲ ဘယ်သူမှမ သိနိုင်တော့ဘူး။ ငါကိုယ်တိုင်လည်းမသိ တော့ဘူး။

just done 💯
#crd_to_owner

image
2 yrs - Translate

ထပ်မချစ်ဖြစ်အောင် နေနေရင်းကနေ...
ထပ်ချစ်ဖြစ်အောင် ချစ်မိလိုက်သေးတယ်

အရင်လူတွေနဲ့လွဲချော်ခဲ့ရသလိုမျိုး - ဒီလူနဲ့လည်း ထပ်ပြီးလွဲချော်သွားမှာကို ကြောက်နေမိတယ်

ချစ်မိပြီးဆိုတာနဲ့ - ပိုင်ဆိုင်ချင်တဲ့ စိတ်
ဆုံးရှုံးရမှာကြောက်တဲ့ စိတ်
သဝန်တိုတဲ့ စိတ်တွေက
တကယ့် ငရဲပါပဲဟာ...။

#ဟေမာန်
14. 5. 2024

image
2 yrs - Translate

ချစ်ခြင်းမေတ္တာမှာ
ဘယ်သူကပိုတယ်
ဘယ်သူကလိုတယ် မယှဉ်ပါနဲ့
ဘယ်သူမှမငိုအောင် လက်တွဲဖို့သာ
အရေးကြီးဆုံး မဟုတ်လားကွယ်။

ဆန်းကျော်စွာဝင်း

image

jeans and white T-shirt

2 yrs - Translate

မအားသေးဘူးဆိုလည်းစောင့်လိုက်တာပဲ
ခဏလေးနော်လို့ပြောတော့လည်း
နေပေးလိုက်တာပဲ
ဒီဟာလေးကို နားလည်မှုမပေးဘူးလားလို့
စကားနာထိုးတော့လည်း
ငြိမ်ပေးလိုက်တာပဲ
ဒီလိုနဲ့ပဲတစ်ယောက်ထဲလိုလိုဖြစ်သွားတာပါပဲ
အစွန့်ပစ်ခံရခြင်း နည်းပညာတစ်မျိုးပေါ့....

crd

image