2 yrs - Translate

My friend :ဘီယာခါးလို့မသောက်ဘူး
Me:

image
2 yrs - Translate

Coffee တခွက် အရမ်းခါးတယ် ။
ကြိုက်တဲ့လူက သောက်မှာပဲ--"

ခါးတယ်ဆိုတာ Coffee ရဲ့ဖြစ်တည်မှု ၊
အပြစ်မဟုတ်ဘူး သောက်တဲ့လူနဲ့ အံမ၀င်နေရုံပဲ
လူတွေအတွက်လဲ Same as it ... သိလား--"

ကိုယ့် Personality ချိုချို ၊ ခါးခါး
ဘယ်သူ့အတွက်မှ ပြင်ပေးစရာမလိုဘူး
ခါးလို့မကြိုက်ရင် မသောက်နဲ့
ရတယ် ၊ အဲ့ဒီလူတွေကို လွတ်ပေးလိုက်--"

အချိန်တန်ရင် ၊
ခါးတာမှ သိပ်ကြိုက်ပါတယ်ဆိုတဲ့လူ
ထပ်ရောက်လာလိမ့်မယ်
အဲ့ဒီလူက Life Partner ပဲ ၊ ဒါပဲ--"

#haru

image
2 yrs - Translate

လူတစ်ယောက်က
သူ့အမှားလုပ်ခဲ့ရင်
ပထမဆုံးအကြိမ် တောင်းပန်မယ်
ကျွန်တော့်ကို ကတိတခုပေးတယ်
သူကြောက်သွားတယ်
ကျွန်တော်လည်း ယုံသွားတယ်
ဒုတိယတခါ ထပ်အမှားလုပ်ခဲ့ရင်
ကျွနိတော်သိသွားတဲ့အခါ
ခွင့်မလွှတ်တော့ဘူးလို့
တွေးပြီး သူငိုမယ်
တတိယကြိမ် သူအမှားလုပ်မိတဲ့အခါ
သူရဲရင့်လာ တယ်
ငါတောင်းပန်လိုက်ရင်
ရတာပဲလို့တွေးတယ်
ကျွန်တော်သိသွားတဲ့အခါ
ဝတ်ကျေတန်းကျေ
တောင်းပန်လိုက်တယ်
ကျွန်တော်က သံယောဇဉ်ကြောင့်
ခွင့်လွှတ်ပေးလိုက်ပြန်တယ်
နောက်တခါ နောက်တခါနဲ့
သူ့အမှားတွေများလာတယ်..
သူ့ကိုယ်သူလဲ အမှားလုပ်မိတယ်လို့
မသတ်မှတ်တော့ဘူး
ဒါဟာ …
သူ့လွတ်လပ်ခွင့်လို့ ထင်လာတယ်
ကျွန်တော်စိတ်ဆိုးသွားလဲ
သူမဖြုံတော့ဘူး
ဘာလို့လဲဆိုတော့
ကျွန်တော်က ခွင့်လွှတ်မယ်ဆိုတာ
သူ သိနေပြီးသားမို့လေ
ဒါပေမယ့်………..

image
2 yrs - Translate

မြေကိုဝယ်မယ်ဆိုရင် မူရင်းခြမ်းကိုသာဝယ်🪭

🪭တကယ်တမ်းတော့ မြေဝယ်မယ်ဆိုရင် ပါမစ်ဆိုလဲ ပါမစ်တစ်ကွက်လုံး၊
ဂရန်ဆိုလဲ ဂရန်တစ်ကွက်လုံးပေါ့။
ဘာလဲ မူရင်းခြမ်း၊ မိတ္တူခြမ်း ။

🪭အိမ်ဝယ်သူတွေက မြေကွက်တစ်ကွက်လုံးကို ဝယ်ဖို့ စျေးမနိုင်တဲ့ အခါ ကိုယ်ဝယ်နိုင်တဲ့စျေးနဲ့ ခြမ်းရောင်းတဲ့အပိုင်းကိုသာ ဝယ်ယူကြတယ်။ အဲ့အခါမှာ မူရင်းခြမ်းရယ် မိတ္တူခြမ်းရယ်ဆိုပြီး ကွဲထွက်တော့တာပါဘဲ ။ ဒီမြေကွက်ဘဲ ဆိုပေမဲ့လို့လဲ မူရင်းခြမ်းနဲ့ မိတ္တူခြမ်းက စျေးမတူဘူးရယ်။

🪭ဘာလ်ို့မူရင်းခြမ်းကိုဝယ်ခိုင်းသလဲဆိုရင်
ကိုယ့်ရဲ့ Client တစ်ယောက်ရဲ့ ဖြစ်စဉ်လေးကို ဗဟုသုတအဖြစ်ပြောပြချင်တယ်။

🪭သူဝယ်ထားတာက ဂရန်မြေ ပေ( ၄၀*၆၀ )ထဲက ပေ (၂၀*၆၀ )မိတ္တူခြမ်းကိုဝယ်ထားတာ။ ဝယ်ပြီးသွားမကြည့်ဖြစ်ဘူး။
မူရင်းခြမ်း ဘက်က နောက်ဆုံးပိုင်ရှင်ဖြစ်သူကအဆက်ဆက်စာချုပ်တွေနဲ့ ဝယ်ထားပြီး ဂရန်အမည်ပေါက်သူစီက မြေကွက်တစ်ကွက်လုံးစာ Power ယူထားလ်ိုက်တယ်။
မိတ္တူခြမ်းသမားကတော့ မသိဘူးပေါ့။

🪭မူလဂရန် အမည်ပေါက်သူက ဦးမြ (အမည်လွှဲ) …
မိတ္တူသမားက ဦးမြ ဆီက ပေ (၂၀*၆၀ )ကို အဆက်ဆက်စာချုပ်တွေနဲ့ဝယ်ထားခဲ့တော့ သူ့မြေကွက်အမည်ပေါက်ကို ဦးမြလ်ို့သာ သိထားပါတယ်။ သူ့လက်ဝယ်ဂရန်မိတ္တူ ကလဲ ဦးမြနာမည်နဲ့ ဂရန်ဘဲရှိတယ်။

🪭
ဒါနဲ့တစ်ရက် သူ့မြေကွက်ပြန်ရောင်းဖြစ်တော့ ဝယ်သူက စည်ပင်မှာမြေရာဇဝင် စစ်လိုက်တော့ ဦးအောင် (အမည်လွှဲ) နာမည်ပြောင်းသွားပါပြီ။
အဲ့တော့မှ မူရင်းခြမ်းဘက်ကို သွားမေးတော့ နောက်ဆုံးဝယ်ထားတဲ့ပိုင်ရှင်က ဒီမြေကွက်တစ်ကွက်လုံး ပေ (၄၀*၆၀ )ကို အခွန်ဆောင်ပြီးအမည်ပြောင်းသွားတာပါ။
မိတ္တူခြမ်းကိုလဲ အသိမပေးပါ။

🪭မိတ္တူခြမ်းသမားက အမည်ပြောင်းစဉ်ကတည်းကသာသိခဲ့ရင် ကန့်ကွက်ထားခဲ့လို့ရပါတယ်။ ခုကနာမည်ပေါက်သွားပြီးမှ ကန့်ကွက်တင်လို့မရတော့ဘဲ မူရင်းသမားနဲ့ အရောင်းအဝယ်စာချုပ်ပြန်ချုပ်ပြီး သူ့နာမည်ပေါက် ဂရန်ကိုမိတ္တူ ပြန်တောင်းထားရတော့တယ်
🪭
တချို့(တချို့)မူရင်းသမားတွေက မူရင်းကိုင်ထားပြီး လုပ်ချင်သလိုလုပ်နေတာတွေလဲရှိတယ်။ ပါမစ်မြေကွက်ဆိုရင်လဲ မိတ္တူခြမ်းဘက်က လူမနေတော့ မူရင်းသမားကသူ့ဘာသာဂရန်လျှောက်သွားတာတွေရှိတတ်တယ် ။ မြေကွက်မှာလူမနေတာတို့၊ မြေကွက်ကိုလက်ရောက်ရယူထားတဲ့ပုံစံ တွေမရှိတာကြောင့် သက်ဆိုင်ရာက ကွင်းဆင်းတဲ့အခါမှာ ပိုင်ရှင်တစ်ယောက်တည်းလို့ယူဆပြီး ဂရန်ထုတ်ပေးလိုက်တွေလဲရှိပါတယ် ။
❌အဲ့တော့မိတ္တူခြမ်းသမားက ရောင်းတော့မှသူ့ပါမစ်က ဂရန်ထွက်နေတာသိရတာတွေရှိတတ်ပါတယ်။❌

🪭ဒါကြောင့် ဖြစ်နိုင်ရင် မူရင်းခြမ်းသာဝယ်ပါ။
မိတ္တူခြမ်းကိုဝယ်မယ်ဆိုရင်လဲ
( မူရင်းကိုမဖြစ်မနေတောင်းကြည့်ပါ။)
မြေကွက်ကိုလက်ရောက်ယူပြီး ကိုယ့်မြေကွက်ကိုအမြဲလေ့လာနေပါလို့အကြံပြုချင်ပါတယ်။

image
2 yrs - Translate

အိမ်ပြန်ခရီးဟာ ဝေးရပါအုံးမည်
နေထွက်ချိန်တွေ မရူမြင်ရ နေဝင်ချိန် ကိုယ်မသိတော့ပါ
မီးရောင်အောက်မှာ လှုပ်ရင်း ရှားရင်း

ပျော်စရာလို့ ငါယုံခဲ့ဖူးတဲ့ တိုင်းတစ်ပါးမှာ
ငါဟာ အသပြာရဲ့ ကျေးကျွန်ဖြစ်ခဲ့ရ
မာနတွေ ခွာကျတတ်လာတယ် သည်းခံတတ်လာတယ်

ချမ်းသာချင်စိတ်တွေ တစ်ခါခါ လျှော့ကျလာလို့
ရောင့်ရဲချင်စိတ်တွေနဲ့ ရောင့်ရဲတတ်လာတယ်
ရင့်ကျက်လာ ခဲ့ပေါ့ လူလဲ ပြောင်း လဲ လာ ခဲ့ပေါ့။

image
2 yrs - Translate

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအုပ်စု၊ပိတ်ချင်းမြှောင်လိုဏ်ဂူ အနီး တောင်ပုလ တောင်တော်ပေါ်တွင် ဘုရားဖူးလာရောက်သူများကို မေလ ၂၅ ရက် နံနက်၉နာရီ ခန့်တွင် ဒူးရင်းသီး အလုံး ၄၀၀၀ ကျော်ကို ဒူရင်းသီးစတုဒီသာ ဒါနပြုမည်ဟု တောင်ပုလသာသနာ ပြုဆရာတော် အရှင်ပညာဘောဂ မှ မိန့်ကြားသည်။

အဆိုပါ တောင်ပုလတောင်တော်ကို ပြင်ဦးလွင်မြို့၏ ပုပ္ပားတောင်ကလပ်အဖြစ် လူသိများလာပြီး တောင်ထိပ်၌ ရန်အောင်မြင် ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ထားသည်။

"အခု လက်ရှိ အလုံးရေ ၃၀၀၀ မှာထားတယ် နောက်ထပ် ထပ်တိုး အလုံး ၁၅၀၀ လောက် စီစဉ်ထားတုန်း နောက်ထပ်၁၅၀၀ က ချိတ်ဆက်နေတယ် အစီအစဉ်က မနစ်က အလုံးလိုက်မဟုတ်ပဲ စားလို့ရတဲ့ အဆင့်ဖြစ်အောင် ခွဲခြမ်းပြီး ထုပ်ပိုးထားပေးမယ် တောင်အောက်ကနေ ​တောင်ပေါ်ကိုကားဖြင့် တက်ကြမှာစိုးတော့ ကားစီးတဲ့ ဉီးရေအလိုက် တိုကင် လက်မှတ်ပေးလိုက်မယ် တောင်ပေါ်ရောက်ရင် ဒူရင်းသီးဗူးထုပ်ယူလို့ရမယ့်နေရာ၆ နေရာ လောက်မှာ အသင့်စားလို့ရတဲ့ ဒူးရင်းသီး ဗူးလေးကို လက်မှတ်ပြ ထုတ်ယူ စားသုံးလို့ရပါတယ် တနေရာတည်း ဆိုရင် ထုတ်ရတာ လူများနေမှာမို့ထုတ်ယူရမည့်နေရာများ ကို ခြောက်နေရာကျော် စီစဉ်ထားပါတယ် လက်မှတ်ပြ ထုတ်ယူရပါမယ် ကျွေးချင်လို့ ကုသိုလ် လုပ်တာမို့ လာရောက်ဘုရားဖူးဧည့်သည်တိုင်း ကို ကျွေးနိူင်အောင် လက်မှတ်ပြထုတ်ယူတဲ့ အစီအစဉ် ထည့်လိုက်တာပါ လက်မှတ်မရတဲ့ သူတွေကို ကျွေးနိူင် ကုသိုလ် ပြုသွားမှာပါ ဒူးရင်းသီး ပွဲတော်နဲ့အတူ ဒီနစ် ဖျော်ဖြေရေး ပါလာတယ် အဆိုတော် ဖြိုးမြတ်အောင် မေလသံစဉ် အိအိချွန် ဇွဲနိုင်ဝင်း စသဖြင့် နိူင်ငံသိ အနူပညာရှင်တွေ ပါလာပါမယ် လာဖျော်ဖြေတဲ့သူတွေကလည် ကုသိုလ် ဖြစ်အခမဲ့နဲ့ လာရောက်ဖျော်ဖြေကြတာပါ မေလ၂၅ ရက်မှ မနက်၉နာရီကနေ ဒူးရင်းသီး စတုဒီသာ ကို စတင်ပြီးဖျော်ဖြေကြမယ် မေလ၂၆ ရက်နေ့မှာ မင်းသား စွမ်းဇာနည် တို.ကလည်ပါရမီဖြည့်ပြီး လာရောက် ဖျော်ဖြေ ကြမယ် ဒူးရင်းသီး ပွဲတော်နဲ့အတူ သစ်ပင်စိုက်ပျိုးပွဲ ပါ။ ဒါပေမယ့် ဒီနေ့အထိ မိုးအခြေအနေက သစ်ပင်စိုက်ဖို့ လုံလောက်တဲ့ ပါမာဏအထိ ရွာသွန်းတာ မရှိတာကြောင့် သစ်ပင်ပွဲတော် အတွက် လှူထားကြတဲ့ သစ်ပင်တွေကို တကယ်စိုက်ပျိူးလို့ရတဲ့ အချိန်ကြမှ စိုက်ပျိူး သွားပါမယ်"

တောင်ပုလတောင်တော်တွင် ရဟန်းရှင်လူအပေါင်းအားအာဟာရ ဒါန နေ့စဉ်မပြတ်ကျွေးမွေးလှူဒါန်းလျက်ရှိပြီး ဘုရားဖူးအပြီး အနားယူအပန်းဖြေနိုင်ရန်အတွက်လည်း သာယာလှပသောရှု့ခင်းများနောက်ခံထား၍ နားနေစရာများစွာဖေါ်ဆောင် ထားရှိကြောင်း တောင်ပေါ်တွင် ရှုခင်းကြည့်စရာ View Point များ ဖန်တီးထားသောကြောင့် ပြည်တွင်းဘုရားဖူးနှင့်ခရီးသည်များလည်း နေ့စဉ်လာရောက်မှုရှိ​ကာအခါကြီးရက်ကြီးများ၌ ပိုမိုစည်ကားသည်။

၂၀၂၃ ခုနှစ်ကလည်းတောင်ပုလ တောင်တော်ပေါ်တွင် ဘုရားဖူးလာရောက်သူများကို ဒူးရင်းသီး အလုံး ၇၀၀ ကျော်ဖြင့် ဒူးရင်းသီး စတုဒီသာ ကျွေးခဲ့ကြောင်း သိရသည်။

image
2 yrs - Translate

ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့💕

ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ်
အစကတော့ အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လိုက်ရင်
ကိုယ့်ရဲ့ life partner ရွေးချယ်တဲ့ နေရာမှာ
ဒါက အရေးကြီးဆုံး ဖြစ်လိမ့်မယ်
ပိုက်ဆံချမ်းသာဖို့ ထက်
စိတ်ချမ်းသာဖို့က အရေးကြီးတယ်မဟုတ်လား
ကိစ္စသေးသေးလေးက အစ ကိုယ့်ဘက် ငှဲ့ကြည့်တတ်တဲ့ သူမျိုး , ကိုယ်ငိုမှာကို ကြောက်တဲ့သူမျိုး , ဝမ်းနည်းသွားမှာ စိုးလို့ လေသံတောင် မမာတဲ့သူမျိုး ဒီအချက် တွေ အကုန်လုံးက ညှာတယ် ဆိုတဲ့ စကားလုံး တစ်လုံးအောက်မှာ အကုန် ပါ နေတာမဟုတ်လား
တစ်ချို့သော သူတွေက ချစ်သာချစ်တာ မညှာတတ်ကြဘူး
အနိုင်လိုချင်တဲ့စိတ်က တစ်ခါတစ်ရံ ပိုတတ်ကြတယ်

ဘဝမှာ စိတ်ချမ်းသာချင်တဲ့အခါ
တကယ်ချစ်ပြီး ကိုယ့်အပေါ်ညှာတဲ့ သူကို ရွေးချယ်ပါ ❤️

image
2 yrs - Translate

အရင်ကနဲ့ မတူတော့တဲ့အခါ
ပြောင်းလဲသွားတယ်ဆိုပြီး မပြောပါနဲ့။

အမြဲတမ်း သည်းခံပေးခဲ့ပြီးပြီးမလို့
ဥပေက္ခာပြုတက်လာတဲ့အခါ အပြစ်မတင်ပါနဲ့။

အဆုံးထိ နားလည်ခဲ့ပြီးပြီးမလို့
ရှင်းပြခွင့်မပေးတော့ရင် မကျေမနပ်မဖြစ်ပါနဲ့။

အတတ်နိုင်ဆုံး ကြိုးစားပြီးပြီးမလို့
လက်လျှော့လိုက်တဲ့အခါ ဝေဖန်ကဲ့ရဲ့တာမျိုးမလုပ်ပါနဲ့။

အားလုံးကို အတိုင်းအတာတစ်ခုအထိ ဖြတ်ကျော်ပြီးသွားခဲ့ ပါပြီး၊ တခြားဘာမှ မမျှော်လင့်ချင်ပါဘူး။

နောက်ထပ်ဆိုတာမျိုး ထပ်ပြီး မရှိစေချင်တော့တာလေး တစ်ခုတည်းပါပဲ။

image
2 yrs - Translate

ကိုယ်ခံအား ကောင်းစေဖို့ နည်းလမ်း ၆ သွယ်

၁။ နေ့စဉ် မိနစ် ၃၀ လောက် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

၂။ အကြိုက်နှစ်သက်ဆုံးသီချင်းကို နားထောင်ပါ။

၃။ အစားအသောက်ဆင်ခြင်ပါ။

၄။ အခင်မင် အရင်းနှီးဆုံးသူငယ်ချင်းကို ဖုန်းခေါ်ပါ။

၅။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

၆။ အိပ်ရေးဝဝအိပ်ပါ။

image
2 yrs - Translate

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ စျေးမြင့်တက်

ကမ္ဘာ့ရွှေစျေးစံချိန်တင် မြင့်တက်နေမှုကြောင့် မြန်မာ့ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ မြင့်တက်လာကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ကမ္ဘာ့ရွှေစျေးနှုန်းသည် ယနေ့ မေလ ၁၉ ရက်နေ့ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၁၉ အထိ စံချိန်ချိုးမြင့်တက်သွားပြီး မြန်မာ့ရွှေစျေးနှုန်းများလည်း ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။

"မနေ့က စျေးပိတ်တာ မီးလင်းရွှေက သိန်း ၅၀ နဲ့ ၇ သောင်း ပိတ်တယ်။ ဒီနေ့လည်း ထပ်တက်ဖို့ပဲရှိတယ်။ ကမ္ဘာ့ရွှေစျေးကလည်း အရမ်းကိုတက်တာ။ အမေရိကန်ဒေါ်လာ ၂၄၁၉ အထိရှိတယ်။ အဓိက ကမ္ဘာ့ရွှေစျေးက စံချိန်တင် တက်နေတာရယ် အရွက်(အမေရိကန်ဒေါ်လာ) စျေးမာနေတာရယ်ကြောင့် ပြည်တွင်းရွှေစျေး ကျဖို့ မမြင်ဘူး" ဟု လမ်းမတော်မှ ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်တွင် မိုးဦးကျကာလ နီးကပ်လာသည့်အတွက် ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစု စတင်ရပ်နားနေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် ရွှေထုတ်လုပ်မှုနှင့် ရွှေအဝင်နည်းလာသဖြင့် ရွှေစျေး ပိုမိုမြင့်တက်ရန်သာရှိကြောင်း ၎င်းက ရှင်းပြသည်။

"မိုးဦးကျဆိုတော့ ရွှေထုတ်လုပ်ရေးတွေ စနားကြပြီ။ မိုးကုန်နှောင်းပိုင်းလောက်မှ ပြန်ပြီးတော့ ရွှေထုတ်လုပ်ရေး တွေစကြမှာ။ အဲဒါကြောင့် ရွှေအဝင်ကတော့ နည်းသွားပြီ။ ရှိနေတဲ့ ရွှေကိုပဲ လည်ပတ်သုံးစွဲရမှာ။ အဝင်နည်းတော့ ရွှေလိုအပ်ချက်နဲ့ ဝယ်လိုအားက မြင့်နေဦးမှာမို့ ရွှေစျေးက အမြင့်ပိုင်းမှာပဲရှိနေမယ်" ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ရန်ကုန်မှ ရွှေကုန်သည် ၅ ဦးက လက်ရှိ မြန်မာ့ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် အနိမ့်ဆုံး ၄၉ သိန်းနှင့် အမြင့်ဆုံး ၅၂ သိန်းအထိ ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဖမ်းအဆီးများရှိလာလျှင် ရွှေစျေးကွက်ရပ်ဆိုင်းမှုများရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၂၀ ကျပ်နှင့် ၄၀၅၀ ကျပ်အကြား စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

image