2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၂၀ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၂၁ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၀၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၄၈၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 yrs - Translate

ငါးဖယ်၊ငါးဆုပ်ရခိုင်သုပ်ရှူးရှူးရှဲရှဲလေးစားကြပါဦးလား
ငရုပ်သီးစိမ်း၊အမှည့်ထောင့်ကြိုက်ရာထည့်ပါ
မျှင်ငါးပိ
ကြက်သွန်ဖြူ
ငရုပ်ကောင်း
မကျဉ်းသီး
ဆား၊အချိုမှုန့်ရောထောင်းပေးပါ
အနံ့မွှေးချင်ရင်သံပုရာသီးလေးညှစ်ထည့်လိုက်ပါ
ပြီးရင်နယ်လိုက်ရုံပါပဲ
နံနံပင်ကြိုက်ရင်အပေါ်ကအုပ်လိုက်ပါ
#cooking

image
2 yrs - Translate

မီးပြတ်ချိန် ထူးဆန်းစွာ မီးလာနေသဖြင့်
တာဝန်သိစွာ မီးလိုက်ပိတ်‌နေသူ တစ်ဦး 🤔

image
2 yrs - Youtube

2 yrs - Translate

မပြိုလဲမဲ့ ဆက်ဆံရေးတစ်ခုကို
ဖန်းတီးနိုင်မယ့် နည်းလမ်း 10 ခု 🖤


1 - တစ်ဦးနဲ့တစ်ဦး ပွင့်လင်းမှုရှိပါ။

2 - အလိမ်မညာပါနဲ့။

3 - အပြန်အလှန် ယုံကြည်မှုထားပါ။

4 - ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုပေးပါ။

5 - ကိုယ်ပိုင်စည်းမျဥ်းတွေကို လေးစားပါ။

6 - တိုးတက်မှုကို အတူတကွ ရှာဖွေပါ။

7 - အဖိုးတန် အမှတ်ရစရာ အချိန်လေးတွေ
အတူဖန်းတီးပါ။

8 - ပြဿနာတွေ အတူတူဖြေရှင်းပါ။

9 - တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

10 - "ချစ်တယ် | ကျေးဇူးပါ" လို့ နေတိုင်းပြော
ပေးပါ။

image

Yummy

Bedroom Idea

2 yrs - Translate

morning😍

image
2 yrs - Translate

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "
******************************
.
ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။

သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။

အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။

ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။

ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။

စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

#ℂ????? 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။

image
2 yrs - Translate

ငါငြိမ်ကျသွားတဲ့အခါ အရမ်းကြောက်ဖို့ ကောင်းတယ်။

သာမာန်ဆို ငါကစကား အရမ်းများတတ်တဲ့ကလေးမလေ။

ပြဿနာတစ်ခုခုဆို စကားတွေအများကြီး ပြောပြီး ငြင်းခုံပစ်တတ်တယ်။

ငါမ ကျေနပ်တဲ့အကြောင်းတွေကို တန်းစီပြီး ပြောနေတတ်တယ်။

ငါပင်ပန်းလာတဲ့အခါ အဆင်မပြေကြောင်းတွေမရပ်မနားပြော နေတတ်တာပဲ။

စကားတွေကိုမှိုလိုပေါက် အောင်ပြောနေတတ်လည်း ဘယ်တော့မှမ မောတတ်တဲ့ကောင်မလေးပဲ။

အဲ့ဒီလို ပေါ့ပါးနေတတ်တဲ့ကောင်မလေးက ဘာ အသံမှမထွက်တော့တဲ့အထိ ငြိမ်ကျသွား တဲ့အခါ အဲ့တာ ငါတကယ်ငြိမ်ကျသွားတာ ပဲ။

ငါ့ရဲ့ခံစားချက်တွေ အတိုင်းထက်အလွန် နာကျင်သွားလို့ပဲ။ အဲ့ဒီအချိန်တွေမှာ ငါ့ စိတ်ထဲဘာတွေတွေးနေမလဲ ဘယ်သူမှမ သိနိုင်တော့ဘူး။ ငါကိုယ်တိုင်လည်းမသိ တော့ဘူး။

just done 💯
#crd_to_owner

image