ဟာ အ့လိုရီးမကျိနဲ့လေ ဝုအနေခက်တာပေါ့

1 y - Translate

အစိမ်းသက်သက် ဒုက္ခတွေကြားမှာ
မင်းနဲ့အတူတူ မျှဝေခံစားပေးမယ့် လူတစ်ယောက်သာရှိနေမယ်ဆိုရင် ဘယ်အရာကမှ မခက်ခဲတော့ပါဘူး။
▪️မောင်မြင့်ကြွယ်
(မြန်မာပြည်မှနေ့ရက်များ စာအုပ်မှ…)

image
1 y - Translate

အင်္ဂလန်အတွက်ကတော့ အသင်းရဲ့တိုက်စစ်ကို ထမ်းပိုးပေးနိုင်မယ့် ဒေါက်တာလေးရက်ဖို့ဒ်ကတော့ ပြန်လာခဲ့ပါပြီ။ ဗီလာကို ရောက်ပြီးနောက်မှာ ပြန်လာခဲ့တာပါ။

ငယ်မွေးခြံပေါက်အသင်းကနေ ထွက်ခွာလာတဲ့ ဒေါက်တာလေးအတွက်တော့ အသင်းပြောင်းရတာ ခြေစွမ်းကောင်းပြန်ရလာတာအပြင် လက်ရွေးစင်ကိုလည်း ပြန်လာပြီဆိုတော့ အတော်လေးကို အကျိုးများတာပါ။

နည်းပြသစ်တူချယ်ရွေးချယ်တဲ့ စာရင်းထဲမှာ ရက်ဖို့ဒ်က အင်္ဂလန်အသင်းအတွက် ပထမဆုံးပြန်လည်ရွေးချယ်ခံရတာပါ၊ လက်ရွေးစင်အတွက် ပြန်လည်လုပ်ပြခွင့်ရတော့မယ့် ရက်ဖို့ဒ်အတွက် ဝမ်းသားစရာပါပဲ။

image
1 y - Translate

နရသူ-ခေတ်ရှေးညို
"ကျွန်တော် အစ်မကို
ဘဝဆက်တိုင်းဆက်တိုင်း ချစ်နေဦးမှာ
အဲ့ဒါ ကျွန်တော့်ကိုကျွန်တော်
ကျိန်လိုက်တဲ့ ကျိန်စာပဲ"
#နရသူ
#ခေတ်ရှေးညို
ကျိန်စာတစ်ခုကြောင့်ဘဝဆက်တိုင်းတွေ့ဆုံပြီး
ချစ်ခြင်းတွေ၊အမုန်းတရားတွေ၊နာကျဉ်းမှုတွေနဲ့လက်စားချေမှုတွေပြည့်နေတဲ့
ရင်နာစရာဇာတ်လမ်းတစ်ပုဒ်ပေါ့🥀
မင်းဆိုးမင်းညစ် နရသူကြောင့်
ယောင်္ကျားဖြစ်သူသေသွားလို့
ဘုရင်ကိုကျိန်စာတိုက်လိုက်တဲ့
နတ်ဆရာမ၊ထိုနတ်ဆရာမအား
ပြန်လည်ကျိန်စာတိုက်လိုက်တဲ့ နရသူ
ပန်းချီဆရာမတစ်ဦးဖြစ်တဲ့လင်းလင်းထွန်းဟာ
အသက်၃၀ပြည့်ပြီးတဲ့နေ့ကစပြီး
အိပ်မက်တစ်ခုတည်းကိုရက်ပေါင်း၃၀တိတိဆက်တိုက်မက်ပြီး
သူမဟာအိပ်မက်တွင်
အမြဲသူများရှေ့တွင်အသက်လှပြေးလွှားနေရပြီး ကျိန်စာလိုမျိုးဟာကိုအမြဲရွတ်ဆိုပြီး
အိပ်မက်က နိုးနိုးလာခဲ့ပါတယ်
အဲ့ဒီအိပ်မက်ကြောင့်ဘဲ ပုဂံမြေကိုခြေချဖို့
ဖြစ်လာခဲ့တယ်🧐
မိခင်ဝမ်းထဲမှာကတည်းက နရသူ ဝင်စားလို့ဆိုပြီး
ဖျက်ချခိုင်းပေမဲ့မိခင်ဖြစ်သူကမရရအောင်မွေးကာ လူတိုင်းက သူ့ကိုကြောက်ပြီး
ရှောင်ဖယ်ရှောင်ဖယ်လုပ်တာခံရတဲ့
ခေတ်သစ် နရသူ
လင်းလင်းထွန်းနဲ့ နရသူဟာ အဲ့ကျိန်စာကြောင့်ဘဲ
သူတို့တွေတွေ့ဆုံကြရတယ်
နရသူလေးဟာလည်း သူ့ကိုယ်သူ
အရင်က နရသူ နဲ့ အခု နရသူ နဲ့မတူဘူးဆိုတာ
အမြဲပြောတတ်ပေမဲ့လည်း
သူ့ကိုယ်တိုင် အရင်က နရသူပြန်ဖြစ်သွားမှာ
အရမ်းကြောက်နေခဲ့ပါတယ်
နရသူဟာလင်းလင်းထွန်းကို နဲနဲမှ အထိမခံ
လင်းလင်းထွန်းကိုထိခိုက်သူမှန်သမျှကို
ဓားနဲ့တောင်ရွယ်တဲ့အထိ
ကာကွယ်ပြီးချစ်ပေးခဲ့ပါတယ်
သို့သော်နှစ်ဘဝဆက်တိုက်မှာအမုန်းကျိန်စာကြောင့်သေကြေပျက်စီးခဲ့ရတဲ့သူတို့နှစ်ယောက်ဟာဒီဘဝမှာရောထိုကျိန်စာကို
ဖြေဖျက်နိုင်ပါ့မလားဆိုတာ
ဖတ်ကြည့်လိုက်ပါတော့နော်😩
ဆရာမဟာပုဂံဘုရားတွေရဲ့သမိုင်းတွေ၊ပုဂံမှာရှိတဲ့ကလေးတွေရဲ့ပညာရေးချို့တဲ့မှုတွေကိုပါရေးသားထားတာမလို့ဖတ်ကြည့်သင့်တဲ့
စာအုပ်ကောင်းတစ်အုပ်ပါဗျ🥰

image
1 y - Translate

Frenkie : " အခုနောက်ပိုင်း လူတွေက 10 ဂိုး သွင်းတဲ့ ကစားသမားကို မြင်ပြီး အကောင်းဆုံးလို့ ယူဆကြပြီး တခြား ကစားသမားက ဂိုးမသွင်းဘဲ သူ့ကို နှိမ့်ချကြတယ်၊ ဒါပေမယ့် ကျွန်တော် မဟုတ်ပါဘူး၊ ကျွန်တော်ကတော့ ဘောလုံးကို ကွဲပြားစွာ မြင်ပါတယ်။"

ဒီဂျောင်ပြောတာလည်း အဟုတ်ပဲ။ အခုလက်ရှိ ဘောလုံးကမ္ဘာမှာက ပရိတ်သတ်တွေက အင်တာနက် ရတိုင်း ကစားသမားတွေကို ထရိုးနေကြတာများ မြင်တောင်မကောင်းဘူး။ ဂိုးသွင်းရင်သွင်း မဟုတ်ရင် အဲ့ကစားသမား သေရအောင်ဘလိမ်းခံရမယ်ပဲ။

အရင်ခေတ်က ဂန္တဝင်ကြီးတွေသာ ဒီဘက်ခေတ်မှာ ကြီးပြင်းရရင်တော့ နစ္စတယ်ရွိုင်းလို ကစားသမား ကို ဂိုးပဲသွင်းတတ်လားဆိုပြီးတောင် မေးခွန်းထုတ်နေကြမှာပါ သေချာတယ်။ တကယ့်ကို ဘောလုံး ရဲ့ အနှစ်သာရကို မသိကြတဲ့ အင်တာနက်ခေတ်ဖြစ်နေတယ်ပဲဆိုရမယ်။

image
1 y - Translate

ကျွန်တော်..
စကားအများကြီး သိပ်ပြောလေ့မရှိဘူး!!
ဘောင်မဝင်ဘူးထင်ရင်
ဘေးထွက်နေခဲ့ပါတယ်..!!
#ရိုးတံ

image
1 y - Translate

ဖြည်းဖြည်းချင်းပြောင်းလဲလာတာကိုလည်း
ကျွန်တော်သတိထားမိပါတယ်
ဘယ်နေရာမှာမှ နေရာမရခဲ့တဲ့ ကောင်ကို
ဒီလူရင်ခွင်ဟာလည်း ထပ်မံအေးစက်ပြန်ပြီထင်တယ်
ဒီလိုပါပဲ
ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ ဘဝ။
#နေညိုရောင်ခြည်

image
1 y - Translate

ငှက်ကလေး-မင်းလူ
ကလေးရှိတဲ့မိဘတိုင်းဖတ်ထားသင့်တဲ့
စာအုပ်ကောင်းတစ်အုပ်ပါလို့ပြောပါရစေ💁
ဒီစာအုပ်ထဲမှာမိဘနှစ်ပါးအဆင်မပြေရာကနေ
စိတ်ဒဏ်ရာရလာတဲ့"ညီညီ"ဆိုတဲ့
ခြောက်တန်းကျောင်းသားလေးကိုတွေ့ရမှာပါ
မိဘမေတ္တာငတ်နေရှာတဲ့"ညီညီ"ကိုအဓိကဇာတ်ကောင်ထားပြီးခြောက်တန်းကလေးအရွယ်
နေရာကနေဆရာကြီးကဝင်ခံစားပြီး
ရေးထားပါတယ်🥀
တစ်အိမ်ထဲမှာနေနေပေမဲ့လည်းအမေနဲ့အဖေဟာ
တစ်ယောက်ကိုတစ်ယောက်စကားမပြောကြပါဘူး
ကလေးတိုင်းလိုချင်ကြတဲ့မိဘနှစ်ပါးရဲ့မေတ္တာလည်း"ညီညီ"အပြည့်အဝမရခဲ့ပါဘူး🥺
ငယ်စဉ်ကတည်းကမိဘတွေအကွဲအပြားနဲ့
ဆင်းဆင်းရဲရဲကြီးလာတဲ့အဖေဟာ
အေးစက်စက်နဲ့ဇနီးဖြစ်သူနဲ့သားရဲ့ခံစားချက်ကို
နားမလည်ပေးနိင်၊ငွေရှာဖို့ဘဲ
သူ့စိတ်ထဲမှာရှိနေတယ်
မိခင်ဖြစ်သူဟာလည်းကိုယ့်အပူနဲ့ကိုယ်ဆိုတော့
အချိန်တိုင်း သူမစိတ်အပန်းဖြေဖို့ရာ
တရားပွဲတွေသွားနေပြီး သားရဲ့ခံစားချက်ကို
မသိနားမလည်ခဲ့ပါဘူး
အသက်အရွယ်လေးနဲ့မလိုက်အောင်မိဘတွေရဲ့ဆက်ဆံရေးကိုနားမလည်နိုင်ဘဲအဖြေရှာနေမိတဲ့
"ညီညီ"တစ်ယောက်❤️‍🩹
ကျောင်းနေဖက်သူငယ်ချင်းတွေရဲ့မိဘတွေဆက်ဆံရေးကိုမြင်လာရပြန်ရင်လည်း"ညီညီ"တစ်ယောက်အားငယ်မိပြန်ပါသေးတယ်🥺
နောက်ပိုင်းရောမှန်စလို့အထိခိုက်မခံတဲ့
"ညီညီ"တို့မိသားစုလေးပြန်လည်
သင့်မြတ်သွားနိုင်မလားဆိုတာ
ဖတ်ကြည့်လိုက်ပါတော့နော်🥺❤️‍🩹
ကလေးတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေ၊မြိုသိပ်မှုတွေ၊သိလိုစိတ်တွေနဲ့ခံစားချက်တွေကို
ဖတ်ရင်းနားလည်ပေးနိုင်သွားတာမလို့
မိဘတိုင်းဖတ်ကြည့်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါဗျ💁📚

image

Thingyan mood

1 y - Translate

သတိရလာတဲ့အခါ
ညနေခင်းတွေကို နားကျပ်တပ်ပစ်တယ်၊
ဆေးလိပ်တွေကိုအကန့်သတ်မဲ့သောက်တယ်၊
မရင်းနှီးတဲ့သီချင်းတွေနဲ့အသိကျွမ်းဖွဲ့တယ်၊
အတိတ်ကနာမည်တစ်ခုကို တိုးတိုးလေးငြီးတယ်၊
ပြီးတော့ ကိုယ့်ဘဝကိုယ်တစ်စစီပြန်လိုက်ကောက်တယ်။
#ငြိမ်းကို

image