Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Luis and the Aliens (2018)
Luis and his friends from outer space ဆိုတဲ့ 2018 ထွက် ကာတွန်းကားလေးကတော့ IMDB Rating 6 ထိရရှိထားပြီး မိသားစုကြည့်ပျော်တဲ့ကားလေးဖြစ်မှာပါ။
Animation, Adventure, Comedy အမျိုးအစားဖြစ်ပြီး ကြည်နူးစရာ တွေးစရာလေးတွေပါရလာမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်သားတွေကိုပဲ စိတ်ဝင်တစားနဲ့ တစ်ဘဝလုံးရင်းနှီးမြုပ်နှံထားတဲ့ အဖေကြောင့် ကျောင်းမှာ အပေါင်းအသင်းမရှိဘဲ အိမ်မှာလည်း အထီးကျန်ဖြစ်နေရတဲ့ကောင်လေးရဲ့ အကြောင်းကစထားပါတယ်။
ကောင်လေးက တစ်ကိုယ်တည်းနေရသလိုဖြစ်ပြီး အဖေကိုပါ ပြန်ဂရုစိုက်နေရတဲ့အတွက် ပင်ပန်းနေရပါတယ်။
တစ်နေ့မှာတော့ အိမ်နီးချင်းတွေက ကျောင်းကိုတိုင်စာပို့တဲ့အတွက် သူ့ကိုမိဘမဲ့ကျောင်းကိုပို့ဖို့ စီစဉ်ကြပါတော့တယ်။
အဲဒီမှာ ကမ္ဘာမြေကို အလည်ရောက်လာရင်း ယာဉ်ပျက်ကျသွားတဲ့ ဂြိုလ်သားလေး သုံးကောင်နဲ့ သူငယ်ချင်းဖြစ်ပြီး အဲဒီအစီအစဉ်ကိုဘယ်လိုတားဆီးကြမလဲဆိုတာ ရယ်မောဖွယ်တွေ့ရမှာပါ။
ပြီးတော့ နောက်ဆုံးမှာ Luis တစ်ယောက် မိဘနဲ့သားသမီး၊
သူငယ်ချင်းအချင်းချင်း၊ ချစ်ရသူနဲ့ ဘယ်လို နားလည်မှုတွေရသွားတယ်ဆိုတာ တွေ့ရမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/174
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ကိုယ်နှစ်သက်ရာပဲကို ရေမြှုပ်အောင်ထည့် ကြက်သွန်နီ တစ်ဥပါးပါးလှီးထည့်
ကြက်သွန်အဖြူထောင်းထည့်
နနွင်းထည့်ပါ
(ငြုပ်အရောင်လိုချင်ရင် ငြုပ်အရောင်မှုန့်နဲနဲထည့်ပါ)
ခရမ်းချဉ်သီးတလုံးလေးစိတ်ခြမ်းထည့်ပြီးချက်ပါ
ရေခန်းခါနီးမှပဲမနပ်သေးရင် ရေနွေးထပ်ထပ်ထည့်သွားပါ
မမွှေပါနဲ့နော်
ပဲနပ်ခါနီးရင်တော့
ဆား အရသာမှုန့်နဲ့ ဆီကိုယ့်စိတ်ကြိုက်ထည့်ပါ အရသာနှံ့အောင်အသာလေး မွှေပေးပါ
ပဲလဲနပ်ပြီ ရေလဲခန်းပြီ အရသာလဲကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုရပါပြီ(ထည့်ထားတဲ့ကြက်သွန်နဲ့ခရမ်းချဉ်သီးတွေလဲ အနှစ်လေးဖြစ်သွားလို့ စိုစို အိအိလေးပေါ့
#crd
“ လူသူမရှိတဲ့ ကန္တာရတစ်ခုကို ရောက်သွားတဲ့ မိသားစုတစ်စုကို စိတ္တဇအဖွဲ့တစ်ခုက လိုက်လံသတ်ဖြတ်ကြတဲ့အခါ ”
The Hills Have Eyes ( 2006 )
ဒီ Horror ရုပ်ရှင်ကတော့ ၁၉၇၇ ကတည်းက နာမည်ကြီးခဲ့တဲ့ ဂန္ဓာဝင်ကားတစ်ခုကို ပြန်လည်ရိုက်ကူးထားတာပါ။
မူလရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရခဲ့ပါတယ်။
လူသူမရှိတဲ့ ကန္တာရလိုနယ်မြေတစ်ခုထဲကို ရောက်ရှိသွားမိတဲ့ မိသားစုတစ်စုဟာ လူသားပုံပျက်နေတဲ့ စိတ္တဇအဖွဲ့တစ်ခုရဲ့ လိုက်လံသတ်ဖြတ်ခြင်းလက်ကနေ အလွတ်ရုန်းဖို့ ကြိုးစားရတဲ့ဇာတ်လမ်းပါ။
ဇာတ်လမ်း၊ ရိုက်ကူးချက်၊ သရုပ်ဆောင် အားလုံးကောင်းမွန်ပါတယ်။
ဟော်ရာကြိုက်သူတွေ နှစ်ခြိုက်မှာဖြစ်ပေမယ့် အသည်းငယ်သူတွေနဲ့သွေးသံရဲရဲ မကြည့်ရဲသူတွေ အတွက်တော့ မသင့်တော်ပါဘူး။
ပိုစတာမှာ ပြောထားတဲ့ ” ကံကောင်းတဲ့သူတွေ အရင်သေခွင့်ရသွားတယ် ” ဆိုတာနဲ့ ညီအောင်ကို ကြောက်စရာအချိန်ကာလကြီးကို မြင်ရပါလိမ့်မယ်။ခံစားကြည့်ကြပါ။
James Bond ကို မူလပုံစံအတိုင်း ရှေးမူမပျက်ဖန်တီးသွားမယ်
မတ် ၁၈၊ ၂၀၂၅
James Bond ရုပ်ရှင်တွေရဲ့ ထုတ်လုပ်သူ Barbara Broccoli က "Bond ဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး" လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ထုတ်လုပ်သူ Barbara Broccoli ရဲ့ ပြောကြားချက်အရ James Bond ဇာတ်ကောင်ဟာ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ လူမှုရေးစံနှုန်းတွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ ဆိုလိုပါတယ်။ Bond ဇာတ်ကောင်ကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်၊ Broccoli ကတော့ Bond ရဲ့ မူလပုံစံကိုပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။
"ကျွန်မတို့က Bond ကို ယောက်ျားတစ်ယောက်အဖြစ် ဖန်တီးခဲ့တာပါ။ သူ့ကို ယောက်ျားတစ်ယောက်အဖြစ်ပဲ ဆက်ထားမှာပါ။" လို့ Broccoli က ဆိုပါတယ်။
Bond ဇာတ်ကောင်ကို အမျိုးသမီးအဖြစ် ပြောင်းလဲဖို့ ဒါမှမဟုတ် လူမျိုးရေးအရ ကွဲပြားတဲ့ သရုပ်ဆောင်တစ်ဦးနဲ့ အစားထိုးဖို့ အကြံပြုချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်၊ Broccoli ကတော့ ဒီအဆိုပြုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။