30 w - Translate

အခက်အခဲတွေကြားမှ အလှပဆုံးရှင်သန်ခြင်း...🍀💐💜

#flowers

image
image
image
image

Creatine အကြောင်း

Best Exervises to get Juicy Arms

30 w - Translate

ရွှေတောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်

(မှုခင်း) မတ် ၁၉
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရွှေတောင်မြို့ ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းတွင် ဆိုင်ကယ်အား ဆိုက်ကားပုံစံပြုလုပ်ထားတဲ့ ဘေးတွဲယာဉ်ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်တွင် မတ်လ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်ဘေးတွဲပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်
ဘေးတွဲမောင်းနှင်သူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဘေးတွဲမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဆိုက်တွဲမောင်းနှင်သည့် သန်းထိုက် ဆိုသူအား ရွှေတောင်ဆေးရုံးတွင် ဆေးဝါးကုသနေကြောင်း သိရသည်။

ဒေသခံများ၏ပြောဆိုချက်အရ သန်းထိုက် ဆိုသူမှာ (၂၀၂၁) ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး NLD ပါတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင်ပတ်သက်သည့် တရားခံများနှင့် ဆက်စပ်တရားခံများကိုဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#ရွှေတောင် #ဗုံးပေါက်ကွဲမှုဖြစ် #ဘေးတွဲ

image
30 w - Translate

Real-life spies say their world is nothing like that of James Bond, but in one way truth may soon follow fiction: MI6 could soon get its first woman leader.

https://abcnews.go.com/Interna....tional/wireStory/mi6

image

သင် အခုမြင်နေရတဲ့ မြင်ကွင်းဟာ အင်္ဂါဂြိုဟ်သွား ယာဉ်ကနေ ပေးပို့လိုက်တဲ့အင်္ဂါဂြိုဟ်ရဲ့ တကယ့် မျက်နှာပြင်အနေအထား အစစ်အမှန်ပဲ ဖြစ်ပါတယ်။ <br>အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးဆုံး အချိန်မှာ ကီလိုမီတာ ၅၄

30 w - Translate

Monster Hunter Legends of the Guild (2021)

အေဒင်ဆိုတဲ့ကောင်လေးဟာ လူသားတွေနဲ့ Monstersတွေ ယှဉ်တွဲနေထိုင်တဲ့ ကမ္ဘာကြီးက
သူ့ရွာလေးကို စောင့်ရှောက်နေသူတစ်ယောက်ပါ တစ်နေ့မှာတော့ monster အမဲလိုက်မုဆိုးတစ်ယောက်
သူ့ရွာကိုရောက်လာခဲ့ပါတယ် Monsterတွေထဲမှာ အန္တရာယ်အများဆုံး ရှေးအကျဆုံးနဂါးကြီးဟာ အသိုက်ပြောင်းဖို့
သူတို့ရွာကိုဖြတ်တော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရွာသားတွေ လွတ်ရာပြေးဖို့ အချိန်လည်းမရှိခဲ့ပါဘူး
အေဒင်ကတော့ ဒီနဂါးကြီးနဲ့ရင်ဆိုင်ဖို့ပြောခဲ့ပါတယ်နောက်ဆုံးရွေးချယ်စရာမရှိတော့တဲ့အခါအမဲလိုက်မုဆိုးတွေနဲ့အေဒင်ပေါင်းစည်းပြီး
ဒီနဂါးကြီးကို ဘယ်လိုတားဆီးမလဲဆိုတာကြည့်ရူရမဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်ကားကောင်းဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/173

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
30 w - Translate

Beddua: The Curse 2018
**
အထက်တန်းကျောင်းတုန်းက သူငယ်ချင်းမလေး
လေးယောက်သား ကျောင်းပြီးသွားပြီး
နှစ်ပေါင်းများစွာအကြာမှာ ဘဝကိုယ်စီနဲ့
တစ်ယောက်တစ်နေရာစီ ရောက်နေကြတာပေါ့။

ဒါပေမယ့် အတိတ်က အိပ်မက်ဆိုးကြီးတစ်ခုက
သူတို့ကို အတူတူပြန်တွေ့ကြဖို့ အကြောင်းဖန်
လာပါတယ်။

အဲဒါကတော့ သူတို့လေးယောက်ထဲက
အထက်တန်းတုန်းက အကြောသေသွားခဲ့တယ့်
"မယ်လက်ခ်" ဆိုတဲ့ကောင်မလေးနဲ့
သက်ဆိုင်နေပါတယ်။

မယ်လက်ခ် တစ်ယောက် ဒီလိုအကြောသေသွားတာနဲ့ပတ်သက်ပြီး သူတို့ရွာကစုန်းမကြီးတစ်ယောက်ကြောင့်ဆိုတာကလွဲပြီး ကျန်တဲ့အကြောင်းအကျိုးတွေကို
တော့ ဘယ်သူမှမသိကြပါဘူး။

မယ်လက်ခ်တစ်ယောက် ဘာကြောင့်အဲဒီလို
ဆိုးဝါးတဲ့ဝေဒနာတွေကို ခံစားနေရရှာတာလဲ၊
အဲဒီအဖြစ်ဆိုးကြီးက ကျန်တဲ့သူငယ်ချင်းသုံးယောက်အပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ
ဆက်ရှိလာမလဲ

စတာတွေကို ခြောက်ခြားဖွယ်ရာ ရှုစားရမယ့်
ဇာတ်ကားလေးမို့ အားလုံးကြိုက်ကြမယ်လို့
ထင်ပါတယ်။

image
30 w - Translate

Lost in Thailand [2012]
MDb Rating 6.2 ရရှိထားတဲ့ ဟာသ စွန့်စားခန်း တရုတ်ဇာတ်ကားလေးပါ ဟာသ သရုပ်ဆောင်တွေနဲ့ အဓိကပုံဖော်ရိုက်ကူးထားပြီး မင်းသမီး ဖန်ပင်းပင်းလဲ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်.....
ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ လိုချင်တာ လာရှာကြတဲ့ တရုတ်နှစ်ကောင်ရဲ့ လွဲချက်က ကမ်းကုန်တဲ့ရွာလည်မှု ဇာတ်လမ်းဖြစ်ပါတယ်
ဘတ်ဂျက် US$4.6 Million ပဲကုန်ကျခဲ့ပေမယ့် တရုတ် Box Office မှာ US$208 Million ဝင်ငွေပြန်ရခဲ့တာမိုအကျိုးအမြတ်အများဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်....

image
30 w - Translate

“ကိုက်လံစိုက်ပျိုးနည်း”

. စိုက်ပျိုးနည်းစနစ်များ
မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်း မှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့မရတဲ့အချက်ဟာ စျေးပိုရစေတာဖြစ်ပါတယ်။

ကိုက်လန်ပင်မှာ အာဟာရဓာတ်ပေါင်းစုံပါဝင်ပြီး အဲဒီထဲကမှ ဗိုက်တာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုး ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စျေးကွက်ထဲမှာတော့ ကိုက်လန်ကို အရွက်စားကိုက်လန်၊ အဖူးစားကိုက်လန်စသဖြင့် ရောင်းချကြပါတယ်။ ကိုက်လန်ပင်ဟာ အအေးကြိုက်တဲ့ သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့် တစ်ပေကနေ တစ်ပေခွဲ လောက်အထိရှိပြီး အကိုင်းအခက်တွေဟာ (၃)ပေလောက်အထိ ပြန့်ကားပါတယ်။ အပင်သက်တမ်းကတော့ (၂)နှစ်လောက် အထိခံပေမယ့် နှစ်ချင်းစားသုံးလို့ရပါတယ်။ ကိုက်လန်ကိုတော့ အရွက်တွန့်လိမ်နေတဲ့ ပုံစံတွေအပြင် ချောမောညီညာတဲ့ အရွက်ပုံစံကိုတွေ့ရမှာဖြစ်သလို. ခရမ်းရောင်ရှိတဲ့ အရွက်မျိုးကိုလည်း တွေ့နိုင်ပါတယ်။ ကိုက်လန်ပင်ရဲ့ အနံ့အရောင် တွေဟာ ရာသီဥတုအေးမြလေ ကောင်းလေဖြစ်ပါတယ်။ ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ နှောင်းပိုင်းနဲ့ မိုးရာသီနှောင်းပိုင်းတွေမှာ စိုက်ပျိုးကြတာများပါတယ်။ ပြင်ဦးလွင်ဒေသမှာစိုက်ပျိုးတဲ့ ကိုက်လန်တွေထဲမှာ မိုးမျိုးဟာအရွက်ရှည်ပြီး ဆောင်းမျိုးဟာ အရွက်ဝိုင်းပါတယ်။ ဆောင်းမျိုးက အပင်နိမ့်လို့ရပြီး မိုးမျိုးဟာ အပင်မြင့်မှ ရတာဖြစ်ပါတယ်။ အပင်နိမ့်ရင် အရွက်တွေဟာရေနဲ့ထိပြီး ပုပ်သွားတတ်ပါတယ်။ မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်း မှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့မရတဲ့အချက်ဟာ စျေးပိုရစေတာဖြစ်ပါတယ်။

ကိုက်လန် စပြီးစိုက်ပျိုး တော့မယ်ဆိုရင် ပျိုးခင်းလုပ်ဖို့အတွက် ဦးဆုံးပြင်ရမှာဖြစ်ပါတယ်။ ပျိုးခင်းကို (၁-၂)လက်မလောက် မြေဆွေးဖုံးပြီး မျိုးစေ့တွေကို လက်မဝက်အနက်နဲ့ တစ်စေ့နဲ့တစ်စေ့ကို တစ်လက်မခြား စိုက်ပျိုးရပါ တယ်။ ပျိုးပင်ပေါက်တွေကို တစ်ပင်နဲ့ တစ်ပင် (၆)လက်မခြားပြီး၊ စိုက်တန်း တစ်ခုနဲ့တစ်ခုကြား (၂ - ၃)ပေ ခွာထားရပါ တယ်။ ပျိုးပင်တွေအမြစ်စွဲတဲ့အခါ (၁၅-၂၀)ရက်အကြာ အတန်းတွင်းမှာ တစ်ပင်နဲ့တစ်ပင် (၆)လက်မမခြားပဲ တစ်ပေကွာ အောင် မလိုအပ်တဲ့အပင်တွေကို နုတ်ပစ် ရမှာဖြစ်ပါတယ်။ အပင်တွေ (၄)လက်မအမြင့်ရှိလာတဲ့အခါ နိုက်ထရိုဂျင်များတဲ့ ဓာတ်မြေသြဇာအရည် ပက်ဖျန်းပေးရပါတယ်။ မြေကြီးကို ကောက်ရိုး၊သစ်ဆွေး စတာတွေနဲ့ ဖုံးအုပ်ပေးခြင်းအားဖြင့် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် ပေါင်းမြက်တွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် မြေကြီးကိုလည်း အေးမြ စေပါတယ်။

အရွက်နုတွေကို စိုက်ပြီး(၁)လလောက်ကြာတဲ့အခါ စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပါတယ်။ အရွက်ရင့်ကို စားချင်ရင် တော့ (၁)လခွဲ (၂)လလောက်ထိ ထားပေးရမှာဖြစ်ပါတယ်။ ရာသီဥတုအေးပြီးတော့ အရွက်ရင့်လာလေလေ အချိုဓာတ်များ လာလေလေဖြစ်ပါတယ်။ ကိုက်လန်ပင်ဟာ တစ်ပင်စိုက်ထားမယ်ဆိုရင် (၄ - ၅)ခါလောက် အရွက်ကို ခူးယူနိုင်ပါတယ်။ ရေရှည်ထားချင်ရင်တော့ အပင်ရဲ့အရွက်ရင့် တွေကိုပဲခူးယူပြီး အလယ်မှာရှိတဲ့အရွက်နုတွေကို ချန်ထားရပါတယ်။ ဒါကြောင့် ကိုက်လန်ပင်ဟာ ရာသီပေါ်သီးနှံပင်ဆိုပေမယ့်လည်း စိုက်ပျိုးတောင်သူတွေအတွက် တွက်ချေကိုက်တဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုက်လန်ပင်ကို အကြမ်းအားဖြင့် စစိုက်တဲ့အချိန်ကနေ (၂)လခွဲလောက်ဆိုရင် ရောင်းတန်းဝင်တဲ့ အရွက်တွေ ရနိုင်မှာ ဖြစ်ပါတယ်။ အရွက်ခူးနိုင်တဲ့ ကာလကတော့ မိမိရဲ့ပြုစုမှုပေါ်မူတည်ပြီး (၃)လလောက်ထိရှိပါတယ်။ ဒါကြောင့် ကိုက်လန်သက်တမ်းဟာ (၅)လခွဲလောက်အထိရှိနိုင်ပါတယ်။ ကိုက်လန်ပင်ကို မျိုးအဖြစ်ထားဖို့ ရည်ရွယ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အပင်ကိုမှတ်သားထားပါ။ အပင်ရင့်အောင်ထားပြီး ရလာတဲ့မျိုးစေ့ကို ရယူပြီးရင် နေ(၂)ရက်လောက် လှမ်းထားပေးပါ။ ပြီးရင်အအေးခံပြီး လေလုံအောင် ပုလင်းထဲမှာ ထည့်ထားရပါတယ်။

Source - စိုက်ပျိုးရေးဦးစီးဌာန
#crd

image