Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အချစ်တစ်ခုဆိုတာ မထင်မှတ်တဲ့ အချိန်မှာဘဲ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ ရောက်လာတတ်ကြတယ်မလား။ဒီနေ့အတွက်ကဝောာ့ IMDb မှာ 7.6 တောင်ရရှိထားတဲ့ Musical/Drama ရုပ်ရှင်ကားကောင်းတစ်ခုကို ပြောပြချင်ပါတယ်။မင်းသား အဖြစ် Bradley Cooper နှင့် မင်းသမီးအဖြစ် Lady Ga Ga ကသရုပ်ဆောင်ထားပြီး Lady Ga Ga Oscar ရရှိခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဂျက်ဆန်မိန်း ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။သူအတွက် အောင်မြင်မှုတွေ ဥစ္စာပစ္စည်းတွေ အများအပြား ရှိပေမယ့်လည်း သူ့မှာ အိမ်မက်မရှိ၊ ရေရောရာရာ စဉ်းစားထားတဲ့ ရည်မှန်းချက်ဆိုတာမျိုးလည်း မရှိနေခဲ့ပါဘူး။ သူ့အတွက် ဂစ်တာလေးတစ်လုံးနဲ့ သီချင်းလေးကွန့်မြူးရင်းနဲ့ပဲ သူ့ဘ၀ရဲ့ အချိန်တွေကို မြှုပ်နှံထားခဲ့ပါတယ်။ တစ်နေ့ ဂျက်ဆန်မိန်း တစ်ယောက် ဘားဆိုင်တစ်ခုမှာ သူ့ကို ပါးစပ်အဟောင်းစားဖြစ်သွားစေမယ့် သီချင်းသံ သဲ့သဲ့လေး ကြားလိုက်ရတယ်။ အဲဒီအသံ သဲ့သဲ့လေးကတော့ အယ်လီ ဆီကပေါ့။ အသံကောင်းရဲ့သားနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိလို့ ဘားဆိုင်မှာဆိုနေတဲ့ အယ်လီကို မြင်လိုက်ရတဲ့ ဂျက်ဆန်မိန်းကတော့ သူနဲ့အတူ အယ်လီကို ဆွဲခေါ်ချင်စိတ်တွေ ပေါ်လာပါတယ်။ အယ်လီ ရဲ့ကောင်းမွန်လွန်းတဲ့ အသံနှင့် ဂျက်စမိန်းရဲ့ လက်တွဲခေါ်မှုတွေကြောင့် အယ်လီဟာ လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့ပါတယ်။ ဂျက်ဆန်မိန်း လည်း သူမွေးဖွားပေးလိုက်တဲ့ ကြယ်တစ်လုံးဖြစ်တဲ့ အယ်လီကို အဖော်လိုက်ပြုပေးရင်း သူအတွက် လှပပြည့်စုံတဲ့ ရပ်၀န်းလေးတစ်ခု ရှိလာခဲ့ပါပြီ။ ဒီလို တသားတည်းကျနေတဲ့ သူတှိ့နှစ်ယောက်မှာ အချစ်တစ်ခု မွေးဖွားလာတာ အဆန်းတော့ဟုတ်မယ်မထင်ပါဘူး။ ဒါပေမဲ့ ဂျက်ဆန်မိန်းဟာ ပွဲမစခင် ဆေးချတာနှင့် အရက်သောက်တာတွေများလာတော့ သူ တဖြည်းဖြည်း နာမည် ကျလာခဲ့ပါတယ်။ အတက်ဖက်သွားနေတဲ့ အယ်လီနဲ့ အကျဘက်ရောက်နေတဲ့ ဂျက်ဆန်မိန်း သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လိုဖြစ်လာတော့လဲ... အဲဒီအဖြေကိုလည်း ဇာတ်လမ်း အဆုံးမှာ သီချင်းတစ်ပုဒ်နဲ့ အဆုံးသတ်ပေးထားပါတယ်။
ရုပ်ရှင်တစ်ကားလုံးမှာ အဓိကကျတာကတော့ သီချင်းတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား နှင့် သူတို့ရဲ့ အချစ်ရေးကို သီချင်းတွေနဲ့ ဖော်ကြူးထားပါတယ်။ ခံစားချက်ပါတဲ့ သီချင်းလေးတွေ နားထောင်ရင်း ရုပ်ရှင်ကြည့်ရတဲ့ နှစ်သက်နဲ့ Musical Drama ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီ 2018 ခုနှစ်က ထွက်ရှိထးခဲ့တဲ့ "A Star Is Born "ရုပ်ရှင်လေးက ကြည့်ဖို့ အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့အတွက် ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
**********************************************
ခြေလက်တွေ မှာ ထုံကျဉ် တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့) အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။
ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။
ခြေလက် ထုံကျဉ် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလေးတွေကတော့
၁။ ဆီးချိုရောဂါ
ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာတွေကို မကြာခဏ ခံစားနေရပြီး သင့်မိသားစုမှာ ဆီးချိုမျိုးရိုးရှိတယ် (သို့) အချိုတွေ ကြိုက်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆီးချိုရောဂါကို စစ်ဆေးကြည့်သင့်ပါတယ်။
၂။ ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။
၃။ ဗီတာမင် လုံလုံလောက်လောက်မရရှိခြင်း။
အဓိကအားဖြင့် ဗီတာမင် B နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရတဲ့အခါ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေ သောက်နိုင်ပြီး နေ့စဉ် အစားအစာတွေထဲမှာ ဗီတာမင် B နဲ့ E ပါဝင်တဲ့ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေကိုလည်း စားပေးဖို့ မမေ့ကြပါနဲ့နော်။
၄။ အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။
အချို့သော ကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။
၅။ အရက် အလွန်အကျွံသောက်သုံးခြင်း။
အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။
၆။ Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)
အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့ carpal tunnel syndrome လို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။
၇။ အခြားရောဂါများ။
HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာကြပါစေ။
Dr. Htet Htet Zaw Win
((((((www.hellosayarwon.com မှ ကူးယူဖေါ်ပြပါသည်))))))

ခံတွင်းလေးပျက်လို့အာရုံနောက်ရင် အားလုံးကောင်းသွားမယ် မောပန်းနေရင် ချက်ချင်းလန်းသွားမယ်
အူးအီး အိုအားအား တွဲကြည့်လိုက် အရမ်းချဉ်တယ်”)
#lunatarot
#crd
မယ်တော်ဖြစ်သူ ဆရာလေးရဲ့မွေးနေ့ကို ဦးဇင်းဘဝနဲ့ ဖြတ်သန်းခွင့်ရခဲ့တဲ့ ဥက္ကာမင်းမောင် 🙏🙏🙏
သားအမိနှစ်ဦးလုံးရဲ့ ကုသိုလ်ထူးတဲ့ နှစ်လေးပဲဖြစ်ပါတယ်။ ဒီနေ့ဟာ မယ်တော်ဖြစ်သူရဲ့ သက်တော် ၆၈ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာပဲ အမှတ်တရအဖြစ် မိခင်ရော ၊ သားရောပါ သီလရှင်အဖြစ်၊ ဦးဇင်းအဖြစ် ကုသိုလ်ယူဖြတ်သန်းခွင့်ရခဲ့တဲ့နှစ်လေးပါ။ ဥက္ကာမင်းမောင်ဟာ မိခင်ရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်ကာ ဦးဇင်းဝတ်ခဲ့တာပါ။
#crd
#celenews
အကြောင်းအရာ တိုက်ဆိုင်လာတိုင်း
ငါတို့စိတ်ကို ဆစ်ကနဲနေအောင်
ကိုက်သွားတတ်တဲ့ အင်းဆက်တွေကို
အမှတ်တရလို့ ခေါ်တယ်။
#ဆပ်ရိပ်
"ခတ္တာပွင့်ချိန်”
(လူထုဒေါ်အမာ)
ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့ မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့ သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။
သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့ အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့ တာ၀န်ပေးလိုက်သတဲ့။
သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။
ရန်ကုန်မှာ နေကြတော့ နံနက်တိုင်ရင် မုန့်ဟင်းခါးစားရအောင် ပန်းချီဆရာ ဦးအုန်းလွင်နဲ့ ဆရာဇ၀န ကိုသိန်းတို့က ကြီးပွားရေးတိုက် ကိုလှဆီလာကြရောတဲ့။ လာရင် ကိုလှက ဘုရားရှိခိုးလို့ မပြီးသေးဘူး။ အဲ့ဒီတော့ သူပြီးတဲ့အထိ အောင့်အည်းစောင့်ပြီးမှ မုန့်ဟင်းခါး စားကြရသတဲ့။
ကျွန်မတို့ မန္တလေးမှာ နေကြတော့လည်း ရတနာ သုံးပါးကို ကိုင်းရှိုင်းတာက ကျွန်မထက် လေးနက်လေတော့ သူစိတ်ချမ်းသာအောင် ဘုရားစင်မှာ ပန်းလှလှပပ လန်းလန်းဆန်းဆန်းရှိအောင် ကျွန်မက ဂရုစိုက်ပါတယ်။ ဘုရားပန်းတွေ သိပ်လှနေတဲ့ အခါဆိုရင် “ကောင်းတယ်ကွာ ၊ စိတ်ချမ်းသာတယ်” လို့ သူက ပြောတတ်တယ်။ ဒါပေမယ့် ဘာပန်းတင်ပါ ၊ ဘာပန်းမတင်ပါနဲ့ လို့ ပြောလေ့မရှိပါဘူး။
အဲ ခတ္တာပွင့်ကို ပန်းသည်ခေါင်းပေါ်မှာဖြစ်ဖြစ် မြင်လိုက်ရင်တော့ “ခတ္တာပွင့် ဘုရားတင်ကွာ” တဲ့လေ။
သူက “ခတ္တာပွင့်” လို့ပဲ ခေါ်တယ်။ ခတ္တာပန်း လို့ မခေါ်ဘူး။ ကျွန်မကိုလည်း အဲ့ဒီလိုပဲ အခေါ်ခိုင်းတယ်။
ခတ္တာပွင့်က ကျွန်မတို့ဆီမှာ မတ်လကုန် ဧပြီလဆန်းရင် ပေါ်ပါပြီ။ ကျွန်မသမီးက ခတ္တာဥတွေ ရှာလာပြီး အိမ်က ပန်းအိုး တွေထဲမှာ စိုက်ထားတော့လည်း ရေလောင်းပေးပြီး နေပူတဲ့နေရာမှာ ရှိတဲ့ ပန်းအိုးထဲက ဥဟာ မတ်လဆန်းတယ် ဆိုရင် အဖူးကြီးတွေ ဘွားခနဲ ဥထဲက ထွက်လာပြီး ရက်ပိုင်းအတွင်းမှာ ပွင့်တော့တာပဲ။
မေမြို့ (ပြင်ဦးလွင်) ကတော့ ပန်းရောင် ခတ္တာပွင့်တွေ အများကြီး လာတာပဲ။ အဲ့ဒီခတ္တာတွေက တစ်ခိုင်မှာ အပွင့်လေးပွင့် ပွင့်လို့ သူ့ကို တချို့က “လေးကျွန်းစကြာ” တဲ့။ တချို့က “လေးပွင့် တစ်ခိုင်” တဲ့။ အဲ့ဒီခတ္တာပွင့်တွေက စိုက်ရတာ မဟုတ်ဘဲ အလေ့ကျပေါက်တာတွေကို ခူးပြီး ရောင်းတာမို့ ဈေးလည်းပေါပါတယ်။
ခတ္တာပွင့် အနီရဲရဲကြီးတွေ၊ အဖြူကြီးတွေ အကျားကြီးတွေ ကတော့ လူစိုက်တဲ့ ခတ္တာပန်းတွေမို့ ဈေးလည်းကြီးတယ်၊ ဘုရား ပန်းအိုးမှာလည်း ပန်းရောင်မျိုးထက် ပိုပြီးရက်ထားခံတယ်။ သူက အပွင့်ကြီးတွေလည်း ကြီးတယ်လေ။
ပြီးခဲ့တဲ့ ၄ ၊ ၅၊ ၁၀ နှစ်ကတော့ Easter Lily လို့ အင်္ဂလိပ်လိုခေါ်တဲ့ အဖြူပွင့်ကြီးတွေ ပေါ်လာပြန်တယ်။ ကျွန်မတို့ဆီကို မိုးကုတ်ကလာတာ ဖြစ်လို့ ကျွန်မတို့ပန်းသည်တွေက “မိုးကုတ်ခတ္တာ” လို့ ခေါ်ကြတယ်။ သူက အပွင့်ကတော့ ခတ္တာပွင့်ပုံစံပါပဲ။ ဒါပေမယ့် အရိုးတွေ အရွက်တွေကရှည်ပြီး ခတ္တာတွေနဲ့ မတူလှဘူး။ သူက ပန်းထိုးထားရင် အပွင့်ရော အဖူးရော အငုံရော တဖြည်းဖြည်း ချင်း ပန်းအိုးထဲမှာပဲ ပွင့်လိုက်လာတာမို့ ပူပြင်းတဲ့ မန္တလေးမှာ တောင် ဆယ့်လေးငါးရက် အထိုးခံတယ်။
ဒါကြောင့် ဒီခတ္တာပွင့်ကြီးတွေ ဘုရားအိုးမှာ ထိုးရတာ လန်းနေတာ ကြာကြာတွေ့ရတော့ ဘုရားရှိခိုးရင်းလည်း ဦးလှကို သတိရ ရတယ်။
ဦးလှက “ခတ္တာပန်းလို့ မခေါ်ပါနဲ့ကွ ၊ “ခတ္တာပွင့်” လို့ ခေါ် “ လို့ ကျွန်မကို ပြောတာ ဘာလို့လဲလို့ မေးတော့ ဒီအပွင့် ဘုရားတင်တော့ ခတ်ထားတာတွေ ပွင့်လာပါစေလို့ ဆုတောင်းလို့ ကောင်းသတဲ့လေ။
သြော် -ဦးလှ၊ ဦးလှ။
ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်ရယ်…
ခုနေများ သူနဲ့ ကျွန်မ ဆက်သွယ်လို့ ရသေးတယ် ၊ ဆက်သွယ်နိုင်တယ် ဆိုရင်ဖြင့်-
“အဖေကြီးရေ - အဖေကြီး မရှိတော့ပေမယ့် ခတ္တာပွင့်တွေကို ကျွန်မ မပြတ်ဘုရားတင်ပါတယ်။ ခုလည်း ဘုရားတင်တုန်း ဆုတောင်းတုန်းပါပဲ” လို့ ပြောချင်လှပါတယ်။
-လူထုဒေါ်အမာ-