51 ပတ် - ဘာသာပြန်ပါ။

စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းစပေး
မော်လမြိုင် ၊ မတ် ၁၈
နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းဖို့အတွက် ပြည်သူ့ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်း ဖွင့်လှစ်လိုက်တယ်လို့ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။
စစ်မှုထမ်းအပတ်စဉ် ၁၁ ကို မတ် ၁၇ ရက်နေ့က သက်ဆိုင်ရာတိုင်းစစ်ဌာချုပ်တွေမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းတက်ရောက်သူတွေဟာ စစ်မှုထမ်းဥပဒေအရ အရည်အချင်းပြည့်မီသူတွေ ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာ၊ ငွေကြေးနဲ့ လူစားထိုးအငှားခေါ်ယူတာ၊ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ် ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ စစ်မှုထမ်းအတွက် လူငယ် ၂၄၀၀၀ နီးပါး အတင်းအဓမ္မဖမ်းဆီးခံထားရပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - MOI

image
image
image
image
51 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
51 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
51 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
51 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
51 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
51 ပတ် - ဘာသာပြန်ပါ။

နေရာမှား ဒေသမှားပြီး
ပေါက်ဖွားခဲ့ပေမဲ့
ဒီလောက်အထိ ပြီးပြည့်စုံအောင်
ရှင်သန်ရဖို့အတွက် ဘယ်လောက်အထိ
ရုန်းကန်ခဲ့ရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်
အရွက်မှ အဖူး
အဖူးမှ အပွင့်
အပွင့်မှ အသီး
အဆင့်ဆင့်ဆိုပါတော့
ဒါကြောင့်မို့
ပြောကြတယ်ထင်ပါရဲ့
မွေးဖွားမှု့နဲ့ ပေါက်ရောက်မှု့အတွက်
နေရာဒေသ ရွေးခြယ်ခွင့်မရှိပေမဲ့
"ရှင်သန်ပြီး ကြီးထွားဖို့နဲ့
ပြီးပြည့်စုံမှု့အတွက်တော့
ကိုယ့်ကိုကိုယ် ကြိုးစားခွင့်" ဆိုတယ်ဆိုတာ
crd

image
51 ပတ် - ဘာသာပြန်ပါ။

if healing is a color, it must be blue.💙🌊💧

#glamday

image
51 ပတ် - ဘာသာပြန်ပါ။

CMP လုပ်ငန်းသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ ဒေါ်လာ ၂.၂ သန်းခန့် ဗဟိုဘဏ် နေ့စဉ် ထုတ်ရောင်းပေးနေ
- စက်သုံးဆီလုပ်ငန်းရှင်များထံ ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်
ရန်ကုန်၊ မတ် ၁၈
ပြည်တွင်းမှာ ကုန်ကြမ်းယူ ကုန်ချောပေး (Cutting, Making, Packaging - CMP) လက်ခစားစနစ်နဲ့ ချုပ်လုပ်တဲ့ အထည်တွေကို ပြည်ပတင်ပို့မှုမှ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို နေ့စဉ်ထုတ်ရောင်းပေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ CMP လုပ်ငန်းတွေကို ဝင်ရောက်တဲ့ နိုင်ငံခြားငွေမှ တစ်ရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂.၂ သန်းခန့် နေ့စဉ်ရောင်းချပေးနေတာလို့ ဆိုပါတယ်။
အဆိုပါ နိုင်ငံခြားငွေတွေကို စက်သုံးဆီနဲ့ အခြားကုန်စည်တွေ တင်သွင်းတဲ့ လုပ်ငန်းရှင်များအတွက် ရည်ရွယ်ရောင်းချတာလို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ FX Trading Platform ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးမယ်လို့ မတ်လ ၁၇ ရက်နေ့က ကြေညာထားပါတယ်။
ရောင်းချပေးမယ့် နိုင်ငံခြားငွေအတွက် သတ်မှတ်ငွေလဲနှုန်းကို သီးခြားဖော်ပြထားခြင်း မရှိတာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၁၇ ရက်နေ့မှာ FX Trading Platform အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းအဖြစ် ၃၅၉၆ ကျပ်၊ တရုတ်ယွမ်ငွေလဲနှုန်းအဖြစ် ၅၄၂ ကျပ်၊ ထိုင်းဘတ်ငွေလဲနှုန်းအဖြစ် ၁၃၀.၃ ကျပ်နဲ့ အိန္ဒိယရူပီးငွေလဲနှုန်းအဖြစ် ၄၃.၆၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။
ပြည်တွင်းဘဏ်တွေရဲ့ နိုင်ငံခြားငွေအရောင်းအဝယ်ကိုကြည့်ရင် ငွေလဲနှုန်း ၂၁၀၀ - ၄၄၇၀ ကျပ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၃၀.၂၈၃ သန်းကျော် ဘဏ်တွေနဲ့ ဝယ်ယူသူတွေကြား ရောင်း/ဝယ် ဖြစ်ခဲ့ပါတယ်။
ဘဏ်တွေ အချင်းချင်းကြားမှာတော့ ဒေါ်လာငွေလဲနှုန်း ၂၁၀၃ - ၄၅၀၀ ကျပ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၄.၆၁၉ သန်းကျော် ရောင်း/ဝယ် ဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။

image

ဟာ ဟူးမန်းအကျင့်ပုတ်