Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❛ ကြည့်စမ်းပါဦး၊ သူ့ရင်ကြီးတွေ
ဘယ်လောက်ထွားပြီး သူ့တင်ကြီးတွေ
ဘယ်လောက်ကားသလဲဆိုတာ၊
ပြီးတော့
ပေါင်တံကြီးတွေကိုလည်း
ကြည့်လိုက်စမ်းပါဦး၊
ဒီပေါင်တံမျိုး၊ ဒီတင်မျိုး၊ ဒီရင်မျိုးကို
ရှင် ဘယ်မှာများ ရှာလို့ ရနိုင်မလဲ ❜
အမေက
ယင်းသို့ပြောရင်း ကျွန်မ၏ ကိုယ်ခန္ဓာ
အစိတ်အပိုင်းများကို လက်ညှိုးနှင့်ထိုးပြ၊
ပုတ်ပြ၊ ထိပြပါသည်။
ဈေးထဲတွင် တိရစ္ဆာန်များကို
ရောင်းချသည့်အခါတွင်
လူတွေဝယ်ချင်အောင်
ပြသပုံမျိုးဖြစ်ပါသည်
▫️နတ်နွယ် (ရောမကမိန်းမပျက်/မှ)
GTA V လို PC game မျိုးကို
Android မှာ ဆော့လို့ရပြီ
ဟုတ်ပါတယ်၊ Android only ပါ။
ဒါပေမယ့် ကိုယ့်ရဲ့ဖုန်းက latest flagship
ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။
နာမည်က Gamehub emulator လို့ ခေါ်တယ်။
သူ့မှာ PC အပြင် တခြား PS, Xbox နဲ့
တခြား game တွေပါ stream လို့ရတယ်
ပြထားတယ်။
Video ထဲ ကြည့်ရသလောက်တော့
လုပ်ရတဲ့အဆင့်တွေ ရှုပ်ရှုပ်ယှက်ယှက်မတွေ့ဘူး။
Online ရော offline ပါ ဆော့လို့ရတယ်ပြောတယ်။
ဒါပေမယ့် ဘယ်ဖုန်းနဲ့ရမလား၊ ဘယ်လိုလုပ်ရမလဲတော့ မမေးကြပါနဲ့။ စမ်းချင်ရင် comment မှာ link ထည့်ပေးထားပါ့မယ်။ အဲဒီကနေ app ကို download လုပ်ကြပါ။ စမ်းထားတဲ့ YouTube link လည်း
ထည့်ပေးထားပါတယ်။
ဘာပဲဖြစ်ဖြစ် Android မှာ PC game emulation က တစ်ဆင့်ထပ်နီးစပ်လာပြီ ပြောရမှာပေါ့။
"ကိုယ်ကတော့ တစ်လျှောက်လုံးမှာ မင်းအတွက် ဟန်ဆောင်မျက်ရည်မျိုးမကျခဲ့ဖူးပါဘူး ၊ ရင်ထဲ နှလုံးသားထဲက ချစ်မြတ်နိုးပါတယ်"
ဆရာမ အယ်လီယာရဲ့ စာအုပ်ကိုဖတ်လိုက်ရတာကလေ
အလုံပိတ်အခန်းငယ်တစ်ခုတည်းမှာ သူမ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ့ ပျော်မွေ့ခိုင်းနေသလိုဘဲ🥲
မွန်းကြပ်ရသလို ပြီးတော့ အဆုံးအစမရှိတဲ့လမ်းကို စမ်းသဝါးဝါးနဲ့ လျှောက်နေရသလိုပါဘဲ
ဆရာမရဲ့ မူပိုင်ရေးဟန်လို့ပြောလို့ရမဲ့ ဘာသာပြန် ဝတ္ထုပုံစံမျိုး ရေးထားတယ်
စိတ်ကူးယဉ် ဆန်တယ်လို့ပြောလို့ရသလို အပြင်လောကနဲ့လဲ သွေဖီ မနေပြန်ပါဘူး
အခုစာအုပ်လေးရဲ့ အဓိကဇာတ်ဆောင် လို့ပြောလို့ရမဲ့
ဂျွန်နဲ့လောရမ်အကြောင်းလေးဘဲ
အကျဉ်းချုပ်ပြောကြစို့✌️
ဂျွန်ဆိုတဲ့ကောင်လေးဟာ ထင်ရာကိုစိုင်း မိခင်ရဲ့အလိုလိုက်ခြင်းကို ခံထားရပြီး ဖခင်ဖြစ်သူကို သေလောက်အောင်မုန်းနေတဲ့ သူဌေးသားလေးတစ်ယောက်
လောရမ်ဆိုတဲ့ ဆံပင်နီကြောင်ကြောင်နဲ့ ကမ်းရိုးတန်းရွာလေးက မွေးစားအဖွား ငါးစိမ်းသည်မကြီးရဲ့ မြေးမလေး
ငယ်ငယ်ကတည်းက လူတကာရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ ပေတေတေ ကောင်မလေးတစ်ယောက်
မွေးစားအဖွားဆုံးလို့ မြို့ပေါ်တက် အလုပ်လုပ်ရင်းကျောင်းတက်တဲ့ လောရမ်နဲ့ သူဌေးသားလေး ဂျွန်နဲ့ တွေ့ဆုံရင်း ဒီစာအုပ်လေး ဖြစ်လာခဲ့တယ်
အရာရာကို ပိုက်ဆံနဲ့ဝယ်လို့ရနေတဲ့ ဂျွန်တစ်ယောက်ဟာ ကျောင်းမှာ နွမ်းလျလျဆင်းရဲသူလေး လောရမ်ကိုပါ ဝယ်ဖို့ကြိုးစားပါတော့တယ်
ဖခင်ဖြစ်သူပေးထားတဲ့ စိတ်ဒဏ်ရာကြောင့် လူတစ်ယောက်ယောက် နာကျင်တိုင်း ပျော်ရွှင်တတ်တဲ့ စိတ်ရောဂါခံစားနေရတဲ့ဂျွန် ဟာ လောရမ် ဆိုတဲ့ကောင်မလေးနဲ့တွေ့မှ သူ့စိတ်တွေပြောင်းလဲလာနိုင်ပါ့မလား
ဖတ်နေရင်း အသက်ရှူဖို့အချိန်တောင်မပေးခဲ့တဲ့
ဆရာမ အယ်လီယာရဲ့ ထုံးစံအတိုင်းပေါ့🫠
ဒီ "မျက်ရည်တို့ဖြင့်ချည်နှောင်သော" စာအုပ်လေးက ပေါ့ပေါ့ပါးပါးလဲမဆန်သလို ဖတ်ရတာ အရမ်းလဲမခက်တာမလို့ ဝတ္ထုတစ်ပုဒ်ကို အခုမှ စ Try ပြီးဖတ်ကြည့်ချင်တဲ့ လူတွေကို ဖတ်ကြည့်စေချင်ပါတယ်
မိုဒရစ်ကတော့ ရှင်းပါတယ်။ အသက်ကအတော်ကြီးနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အတွက် ကစားနိုင်တဲ့ အင်အားရှိနေသေးတာမို့ တစ်နှစ်ဆက်နေချင်တဲ့ စိတ်ဟာသေချာသလောက် ဖြစ်သွားပြီ။
ဒီရာသီမှာတောင် ဒီကစားသမားက လူငယ်လေးတွေဆို ဆော့ပြထားတာကို မြင်ရတည်းက ရီးရဲလ်တို့ က မိုဒရစ်ကို ဆက်ထိန်းထားရလည်း ဝန်မလေးတဲ့ အနေအထားဖြစ်နေခဲ့တာပါ။
မကြာခင်တော့ ဆွေးနွေးရေးတွေစတင်ခဲ့အခါ တော်ဝင်မက်ဒရစ်ပရိတ်သတ်တွေအဖိုတော့ မိုဒရစ် နဲ့ ပတ်သက်လို့ သတင်းကောင်းတွေ ဆက်တိုက်ကိုကြားရနိုင်ပါတယ်။
Angry Miao ကနေ Keyboard တွေတင်မဟုတ်ပဲ Gaming Mouse ဘက်ကိုပါ လှည့်လာပြီ။ ပထမဆုံး Kickstarter ကနေ AM Infinity Mouse ဆိုတဲ့ နာမည်နဲ့ ထုတ်ပြလိုက်တဲ့ Gaming Mouse က စျေးအရလည်း $125 လောက်ပဲရှိမယ်၊ ဒီဇိုင်းကလည်း AM ထုံးစံအတိုင်း အဆန်းဖြစ်နေပြီး Performance ပိုင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း Gaming Mouse တွေက Valorant လို FPS ဂိမ်းတွေအတွက် ဦးစားပေးပြီး ပို Lightweight ဖြစ်၊ ပိုပြီး Latency - Response Time မြန်တာတွေထုတ်လာတယ်။ ဟိုးအရင် Logitech | Razer | SteelSeries တွေထက် ဒီအပိုင်းတွေကို ပိုဦးစားပေးလာတဲ့ Brand တွေလည်း တကယ်သေချာထွက်လာကြတယ်။
အဲ့ထဲမှာ ကိုယ်တိုင် စိတ်ဝင်စားပြီး လိုက်ကြည့်ဖြစ်နေတာက Finalmouse | Ninjutso Sora | WL BeastX | Lamzu စတဲ့ အများကြီးဖြစ်လာတယ်၊ ဒီလိုမျိုး Mouse ကို 50g အောက်ထုတ်လာကြတော့ လက်ထဲမှာ အရမ်းပေါ့နေတယ်၊ အဲ့ဒါကိုမှ Mouse ကိုယ်ထည်ကို Plastic မဟုတ်ပဲ ပိုပေါ့အောင် Magnesium Chassis နဲ့လုပ်တာတွေ၊ အပိတ်မဟုတ်ပဲ အပေါက်ပါအောင် ထုတ်လာတာတွေဖြစ်လာတယ်။
အခု AM Infinity Mouse ကလည်း အလေးချိန်က 49g ပဲရှိမယ်Magnesium-Aluminum Alloy Exoskeleton Chassis သုံးထားပြီး လုပ်ထားတဲ့ အပေါက်တွေ ဒီဇိုင်းက Lotus ပြိုင်ကားကုမ္ပဏီရဲ့ Evanora Concept နဲ့ Type 79 F1 ကားတွေကို Inspired ယူထားတယ်ဆိုပဲ။ ကျန်တဲ့ Specs တွေအနေနဲ့ Switch တွေကို TTC 100 Million Click Optical Micro-Switch V2 | PAW3950 Sensor ကိုမှ Dual 8K Polling Rate ရမယ်။ Connectivity ပိုင်းမှာလည်း 2.4G Wireless | Bluetooth | Wired အကုန်ရမယ်။
ဒီမှာထူးခြားသွားတာက Infinity Battery Life ဆိုတာပဲ - တခြား Mouse တွေနဲ့ မတူတာက ဒီ AM Infinity Mouse ရဲ့ Battery က Hot-swappable Magnetic Battery ကို သုံးထားတယ်။ အဓိပ္ပါယ်က Mouse အားကုန်ရင် ပြန်အားသွင်းစရာမလိုပဲ Battery လဲပြီး သုံးလိုက်ရုံပဲ။ ဒါက SteelSeries Artics Pro လို Gaming Headset တွေမှာ သုံးနေတဲ့ Concept ပဲ - ဂိမ်းဆော့နေတုန်း အားကုန်သွားရင် Battery လဲပြီး ချက်ချင်း တန်းသုံးလို့ရမယ်။
Battery Life အနေနဲ့လည်း 8K Polling Rate နဲ့သုံးရင် ၁၇ နာရီ၊ ပုံမှန် 1K Polling Rate နဲ့ဆိုရင် ၄၃ နာရီအထိ ရမယ်ဆိုတော့ နည်းတာမျိုးတော့မဟုတ်ဘူး။ 8K Polling Rate Receiver က တစ်ဖက်မှာ အခုနက ပြောတဲ့ Battery ကိုပါ ဖြုတ်ပြီး အားသွင်းနိုင်တဲ့ Charging Station အဖြစ်ပါ သုံးလို့ရဦးမယ်။ Dual 8K Polling Rate ဖြစ်တော့ Battery မပါပဲ ကြိုးနဲ့သုံးလည်း 8K Polling Rate ရမယ့်အပြင် အလေးချိန်ပါ 10g ပိုပေါ့ပြီး 39g ပဲရှိမယ်။
ဘာပဲဖြစ်ဖြစ် Angry Miao Infinity Mouse အကြောင်း The Verge မှာ တက်လာတော့မှ တွေ့မိပြီး သဘောကျတာနဲ့ ပြန်ရေးဖြစ်တာပါ။ စိတ်ဝင်စားတဲ့သူရှိမရှိထက် ကိုယ်ကြိုက်လို့ ရေးဖြစ်တာလို့ ဆိုရမှာပေါ့