1 y - Translate

သင်သိပါသလား Lexus NX 2022 ရဲ့တံခါး လက်ကိုင်က ပုံမှန်ကားတွေနဲ့မတူဘူးဆိုတာ?
Lexus NX 2022 ကိုစပြီးမိတ်ဆက်တဲ့အချိန်မှာ e-Latch ဆိုတဲ့ Electronic Door Latch Feature ပါလာပါတယ်။ Electronic Door Latch ဆိုတာကျွန်တော်တို့စီးနေတဲ့ကားတွေရဲ့ အတွင်းတံခါးလက်ကိုင်တွေလို ဆွဲဖွင့်ရတာမဟုတ်ဘဲ ခလုတ်လေးနှိပ်လိုက်တာနဲ့ တံခါးပွင့်သွားတာမျိူးပါ။ Electronic system နဲ့တံခါးဖွင့်ဖို့ကိုလုပ်ထားတယ်ပြောရင်မှန်ပါမယ်။
e-Latch ကိုမှ Safe Exit Assist ဆိုတဲ့ Safety Feature ပါလာပါတယ်။ Audi နဲ့ တခြားGerman ကားတွေ မှာပါသိလို ကားနောက်ကနေ ကား/ဆိုင်ကယ်/စက်ဘီး/လူ လာနေရင် Digital Cluster/ Side Mirror က BSM sign/ Infotainment System ကနေ Alert ပေးပြီးတံခါးကိုပေးမဖွင့်တော့ပါဘူး။
ကျွန်တော် NX ရဲ့Digital Latch ကိုစတွေ့တော့ ကားအတွင်းခန်းထဲကနေတံခါးဖွင့်ဖို့အတွက်ပဲပါတယ်ထင်တာပါ။ ဒါပေမယ့်် Youtube က Video တွေကြည့်ပြီးမှ NX ရဲ့ အပြင်ကကားတံခါးလက်ကိုင် ကလဲ တကယ့််တံခါးလက်ကိုင်မဟုတ်ပါဘူး။ ပုံက ကြည့်ရင်သာ ကားတံခါးလက်ကိုင်နဲ့တူပင်မယ့်် လက်ကိုင်ကိုသွားဆွဲလို့မရပါဘူး။ လက်ကိုင်က အသေပါ။ လက်ကိုင်အနောက်မှာ Physical Button လေးတစ်ခုရှိပါတယ်။ အဲ့Physical Button ကိုနှိပ်မှ တံခါးပွင့်ပါတယ်။
ကား Battery down နေလို​့ဘယ်လိုဖွင့်မလဲဆိုရင်တံခါးလက်ကိုင်အောက်က Cover ကိုဖွင့်ပြီး Smart Key ထဲကသော့နဲ့တံခါးဖွင့်လို့ရပါတယ်။
ဒါပထမဆုံး E-Latch ကိုစသုံးတဲ့ Production ကားတော့မဟုတ်ပါဘူး။ အရင်က Lincoln Continental မှာစပြီးတော့ E-Latch ကိုသုံးတာမြင်ဖူးပါတယ်။

image
image
image

ပါးစပ် ပိတ်ထား

ယောက်ျားလေးဖြစ်ရတာမကောင်းပါဘူး

ဒီဟူးမန်းမနဲ့တော့

ဝု အတွင်းအားကျင့်စဥ် အောင်မြင်ပါပြီ

#funny

#cute

1 y - Translate

လူသိနည်းတဲ့ ကမ္ဘာ့အဖိုးတန်ဆုံး တွင်းထွက်ကျောက်မျက် - Alexandrite
ကမ္ဘာပေါ်မှာ အရှားပါးဆုံး တွင်းထွက်ကျောက်မျက်ရတနာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရတာကတော့ Alexandrite (အလက်ဇန်းဒရိုက်) ဖြစ်ပါတယ်။
ဒီကျောက်ကို ၁၈၃၀ ခုနှစ်ဝန်းကျင်မှာ ရုရှားနိုင်ငံ၊ ယူရယ်တောင်တန်းဒေသရှိ Emerald တွင်းများမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားဘုရင် ဒုတိယ အလက်ဇန္ဒား (Alexander II) ရဲ့ မွေးနေ့မှာ တွေ့ရှိခဲ့တာဖြစ်လို့ သူ့နာမည်နဲ့ Alexandrite လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
Alexandrite ဟာ Chrysoberyl ကျောက်မျက်အမျိုးအစားတစ်ခုဖြစ်ပြီး၊ ဓာတုဖွဲ့စည်းပုံအရ BeAl₂O₄ ဖြစ်ပါတယ်။ ဘယ်ရီလီယမ်နဲ့ အလူမီနီယမ်ဓာတ်တွေ အဓိကပါဝင်ပြီး၊ ခရိုမီယမ်ဓာတ်လည်း အနည်းငယ်ပါဝင်ပါတယ်။
Alexandrite ရဲ့ အထူးခြားဆုံး လက္ခဏာကတော့ အလင်းရောင်ပေါ်မူတည်ပြီး အရောင်ပြောင်းလဲနိုင်တဲ့ "color-change effect" ဖြစ်ပါတယ်။ နေ့အလင်းရောင် သို့မဟုတ် ဖလူရိုဆန့်မီးအောက်မှာ အစိမ်းရောင် သို့မဟုတ် အပြာစိမ်းရောင်ဖြစ်နေပြီး၊ မီးအိမ်အလင်းရောင် သို့မဟုတ် ဖယောင်းတိုင်မီးအောက်မှာ ခရမ်းနီရောင် သို့မဟုတ် ရှေးရိုးနီရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် "နေ့အချိန်မှာ စိမ်း၊ ညအချိန်မှာ နီ" လို့ လူသိများပါတယ်။
Alexandrite ရဲ့ မာကြောမှုညွှန်းကိန်းက ၈.၅ ရှိလို့ စိန်ပြီးရင် ဒုတိယမာကျောဆုံး ကျောက်မျက်တစ်မျိုးလည်း ဖြစ်ပါတယ်။
Alexandrite ဟာ ကမ္ဘာပေါ်မှာ ရုရှား၊ ဘရာဇီး၊ သီရိလင်္ကာ၊ တန်ဇေးနီးယား၊ မဒဂတ်စကာနဲ့ အိန္ဒိယနိုင်ငံတို့မှာ တွေ့ရှိရပါတယ်။ ဒါပေမယ့် အရည်အသွေးအကောင်းဆုံး Alexandrite ကို ရုရှားနိုင်ငံမှာ တွေ့ရှိခဲ့ပြီး၊ ယခုအခါ ရုရှားမှ Alexandrite တွင်းများ ပိတ်သိမ်းသွားပြီဖြစ်လို့ ပိုမိုရှားပါးလာပါတယ်။
Alexandrite ဖြစ်ထွန်းဖို့ အထူးအခြေအနေတွေ လိုအပ်ပါတယ်။ ဘယ်ရီလီယမ်နဲ့ ခရိုမီယမ်ဓာတ်တွေ တစ်ပြိုင်နက် ပါဝင်ဖို့ လိုအပ်ပြီး၊ သဘာဝမှာ ဒီဓာတ်နှစ်မျိုး အတူတကွတွေ့ရတာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ ကျောက်မျက်တစ်မျိုး ဖြစ်ပါတယ်။
အကောင်းဆုံးအရည်အသွေးရှိတဲ့ Alexandrite ရဲ့ တန်ဖိုးဟာ ၁ ကာရက်ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်ပါတယ်။
စိန်၊ ပတ္တမြားတို့လောက် လူသိများမှု မရှိသော်လည်း၊ Alexandrite ဟာ သူ့ရဲ့ ထူးခြားတဲ့ အရောင်ပြောင်းလဲမှုနဲ့ ရှားပါးမှုကြောင့် ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
#thutacity
#crd

image
1 y - Translate

"သန်မာဖို့လိုတယ်"
------------------------------

ဘဝမှာ ရှင်သန်ရတာပင်ပန်းနေပြီလား ??
အသက်ရှင်နေထိုင် နိူင်ဖို့အတွက်တော့
သန်မာနေဖို့ လိုပါတယ် ။

ဘဝက ထင်သလို ဖြစ်မလာတဲ့အခါ
အဆိုးတွေကိုပဲ အမြဲတမ်းတွေးပြီး
ဝမ်းနည်းနေဖို့ မလိုပါဘူး...။တစ်ခါတလေ
တစ်ချို့အရာတွေက ပိုကောင်းဖို့အတွက် ဖြစ်လာတာတွေရှိပါတယ်။

မေ့သင့်တာမေ့ပြီး ပြင်သင့်တာပြင်ရင်
အနည်းဆုံးတော့ အရင်ကထက် ပိုကောင်းအောင် သင် ပြောင်းလဲနိူင်ပါတယ်။

နေသလို ဖြစ်တဲ့ ဘဝဆိုပေမယ့် ဖြစ်သလို နေလိုက်တဲ့အခါ သူတစ်ပါးဘဝတွေလို
ရှင်သန်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။
ဒီလိုပါပဲ ကိုယ်တိုင် မပြောင်းလဲ သရွေ့
ဘယ်လိုအပြုအမူမျိုးကမှ ပြုပြင်သွားမှာမဟုတ်ပါဘူး။ဒါကြောင့် မလိုတာတွေ မေ့ပြီး မကောင်းတဲ့အရာတွေကို ကိုယ့်ဘဝထဲကနေထုတ်ပြစ်လိုက်ပါ။

ဘဝတစ်လျှောက်မှာ
အကြိမ်ကြိမ် လဲကျတဲ့အခါရှိသလို...
အကြိမ်ကြိမ် နာကျင်ခဲ့တာတွေလဲရှိမယ်...
ဝမ်းနည်းရတာတွေ ကြုံခဲ့ရသလို...
စိုးရိမ်ပူပန်ခြင်းတွေနဲ့ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ရတာလဲရှိတယ်...
ဒါက ဘဝပဲ ဘယ်လိုမှ ရှောင်လွဲလို့ မရတဲ့
လောကဓံမှာ အနည်းဆုံးတော့ ကိုယ်တိုင်သန်မာနေမှဖြစ်မှာပါ။

လောကဓံရဲ့ဒဏ်ကို မခံရတဲ့သူမရှိပါဘူး
ဒါပေမယ့်...အခက်အခဲအကြပ်တည်း ဒုက္ခတွေကြားက ဘယ်လိုမြန်မြန်ရုန်းထနိူင်မလည်းဆိုတာက ပိုအရေးကြီးပါတယ်။

image

စုံ/စွမ်/စိ မယုံရင်ချစ်ကြ၊ည့် ငါ့မှာရည်srr တကယ်မရှိ

image